What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာတော်ဝင်ဖက်ရှင်များကိုIndonesia Fashion Weekတွင်ဒုတိယအကြိမ်မြောက်ပြသခဲ့သောဒီဇိုင်နာမေမြတ်ဝါဆို

Indonesia Fashion Week ရဲ့President ဖြစ်သူPoppy Darsono နှင့်အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးမင်းလွင်နှင့်ဇနီးဒေါ်စံပယ်ဝင်းတို့၏ဖိတ်ကြားမှုဖြင့်Indonesia Fashion Week တွင် ဒုတိယအကြိမ်အဖြစ် မြန်မာတော်ဝင်ဖက်ရှင်များကို ဒီဇိုင်နာမေမြတ်ဝါဆိုမှထပ်မံသွားရောက်ပြသခဲ့ပါတယ်။

Traditional Modernized Myanmar ခေါင်းစဉ်ဖြင့် မြန်မာတော်ဝင်ဝတ်စုံ စုစုပေါင်း၁၂စုံကို ပြသခဲ့ပါတယ်။

ဝတ်စုံများအားလုံးအတွက် ဒီဇိုင်နာမေမြတ်ဝါဆို၏ အစ်မဖြစ်သူ မနေခြည်ဝင်းလဲ့ရီက ပန်းချီများဆွဲပေးခဲ့ပြီး၊ မေမြတ်ဝါဆိုကတော့ ကနုတ်ထွင်းထားသည့် သစ်သားစိုက်ဘီး၊ ဝတ်စုံနှင့်လိုက်ဖက်အောင်ပန်းချီဆွဲထားတဲ့ တော်ဝင်ပုံစံဆန်သည့် ဖိနပ်များ၊ ပန်းချီဆွဲထားသည့် hand made ယပ်တောင်များနှင့် အလှဆင်ပြသခဲ့ပါတယ်။

ဝတ်စုံများအားလုံးကို ရွှေရည်ထိုးပန်းချီ တန်ဖိုးသင့် တွင်းထွက်ကျောက်မြတ်ရတနာများနှင့်ဖန်တီးချုပ်လုပ်ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

345

ဒုတိယအကြိမ် သွားရောက်ပြသခြင်းဖြစ်သည့်အတွက် ပထမအကြိမ်ပြသခဲ့တုန်းကလောက် ရင်တုန်ပြီးမစိုးရိမ်ခဲ့ရပေမဲ့လည်း ကိုယ့်မော်ဒယ်တွေ စင်ပေါ်မှာ လျောက်လမ်းမှာ လျောက်ရတာအဆင်မပြေဖြစ်မှာတွေကိုတော့ စိုးရိမ်မိပါတယ်။

ပထမအကြိမ်နဲ့သိပ်မကွာခြားပေမဲ့လည်း ဒီတစ်ခါတော့ကိုယ့်အတွက် ပြင်ဆင်ချိန်ပိုရထားတော့ ပထမတုန်းကထက်တော့ပိုစိတ်တိုင်းကျမိပါတယ်။

678

နေက်ထပ်လည်းအဲ့လိုပြသခွင့်ရမယ်ဆိုရင် ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ် ဝါဆိုတို့ရဲ့မြန်မာမှုတွေကို ဖန်တီးမှုအသစ်တွေနဲ့ထပ်မံပြသနိုင်အောင် ကြိုးစားသွားမှာပါဟုဒီဇိုင်နာမေမြတ်ဝါဆိုက ဖြေကြားပေးခဲ့ပါတယ်။

 

Source:Moda

 

                                           

Read 1343 times
Rate this item
(3 votes)