What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Ralph & Russo သတို့သမီး ၀တ်စုံ SS16

တော်ဝင်နန်းထိုက် သတို့သမီးဝတ်စုံကို ဗြိတိန် ရွှေနန်းတော်မှ နှစ်ပတ်အကြာ မေလ ၁၉ ရက်မှာ Prince Harry နဲ့ လက်ထပ်ထိမ်းမြားတော့မယ့် သတို့သမီး Meghan Markle အတွက် ချုပ်လုပ်ပေးတဲ့ ရာဖ်အင်ရူစို Ralph & Russo ဖက်ရှင်တိုက်ရဲ့

ဂန္ထ၀င်မြောက် သတို့သမီးဝတ်စုံတွေရဲ့ ဖန်တီးရှင် ဒီဇိုင်နာနှစ်ဦးက Tamara Ralph နဲ့ Michael Russo တို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်တွဲပြီး ထူထောင်ထားတာမို့ ဖက်ရှင်တိုက်အမည် Ralph & Russo ဟာ တစ်ဦးစီရဲ့ နာမည်တစ်လုံးစီ ထည့်ထားတာလို့ သိရပါတယ်။

သူတို့ဟာ သြစတြေးလျတိုက်မှ ဒီဇိုင်နာတွေ ဖြစ်ကြပါတယ်။
ရာဖ်အင်ရူစို ဖက်ရှင်တိုက်ကို ၂၀၀၇ ခုနှစ်မှာ ထူထောင်ခဲ့တာဆိုတော့ သက်တမ်း ဆယ်စုနှစ်တစ်ခုပဲ ရှိသေးတာမို့ အခြားဖက်ရှင်တိုက်ကြီးတွေနဲ့ နှိုင်းစာရင် သက်တမ်းနုနယ်တယ်လို့ ဆိုရပါမယ်။

သူတို့ရဲ့ ဂုဏ်ဆောင် ဖက်ရှင်ဆိုင်ကို လန်ဒန်မြို့ မေဖဲမှာ ဖွင့်လှစ်ခဲ့ပြီး ပါရီမှာလည်း တစ်ဆိုင် ထပ်မံဖွင့်လှစ်ခဲ့တယ်။

ဟယ်ရီနဲ့ မဂ္ဂံမာခ်ကယ်တို့ စေ့စပ်ကြောင်းလမ်းတုန်းက ပေါင် ၅၆,၀၀၀ တန် ညနေခင်းဝတ်စုံကို ၀တ်ဆင်ခဲ့တာမှာ Ralph & Russo ဖက်ရှင်တိုက်ရဲ့ လက်ရာမွန် ဖြစ်ပါတယ်။

nintchdbpict0003743144714

 

nintchdbpict000374330022

 

 

အဲဒီဝတ်စုံကို သဘောကျတာကြောင့် သတို့သမီးဝတ်စုံကို ချုပ်ပေးဖို့ Ralph & Russo ဖက်ရှင်တိုက်မှာ အပ်နှံခဲ့ပုံရတယ်လို့ ယူဆကြပါတယ်။

ရာဖ်အင်ရူစို ဖက်ရှင်တိုက်မှာ အ၀တ်အစား ချုပ်ဖို့ အလုပ်အပ်နှံသူတွေထဲမှာ Angelia Jolie, Bella Hadrid, Beyonce, Celine Dion, Gwyneth Paltrow, Priyanka Chopra, ဆော်ဒီအာရေဗျမှ တော်ဝင်မင်းသမီး Ameera al-Taweel တို့် ပါဝင်ပါတယ်။

၂၀၁၆ ခုနှစ် Paris Fashion Week မှာ ရာဖ် အင် ရူစို ဖက်ရှင်တိုက်မှ သတို့သမီးဝတ်စုံ SS16 ကို ပြသခဲ့တာမှ တအံ့တသြဖြင့် သဘောကျကြကုန်ကြတယ်။

ဝတ်စုံရဲ့ ရေသီနားက ရှည်ရှည်လျားလျား ရှိလွန်းတာကြောင့် ပြန်ကွေ့လှည့်တဲ့အခါ လူ ၆ ယောက်က ကူညီဖေးမပေးရပါတယ်။

506738278


မျက်နှာလွှာဇာအတွက် ၈၂၆ မီတာ သုံးထားပြီး ၀တ်စုံမှာ ပုတီးလုံးအသေးအမွှားကလေးတွေ အမြောက်အမြား ချုပ်တွဲပေးထားတယ်။

Michael Russo က ပြောပြတာမှာ “SS16 သတို့သမီးဝတ်စုံ ပန်းအလှထိုးတာ နိုင်ငံပေါင်း ၅၀ မှာ လှည့်လည်ပြီး ထိုးထားတယ်။ စုစုပေါင်း အလုပ်ချိန် နာရီပေါင်း ခြောက်ထောင်ကျော်တယ်”

အလုပ်အပ်ချင်တယ်ဆိုရင်တော့ အနည်းဆုံး ခြောက်လ ကြိုတင်မှာတာ အကောင်းဆုံးပဲလို့ သူက အကြံပေးပါတယ်။

ကြီးကြီးမားမားဝတ်စုံရဲ့ အလေးချိန်ကတော့ အလုပ်အပ်နှံသူရွေးချယ်သတ်မှတ်ပေးတဲ့ အထည်သားအပေါ်မှာ မူတည်တယ်။ အလေးချိန်ကို တတ်နိုင်သရွေ့ နည်းအောင် လုပ်ပေးတယ်လို့လည်း သူက ရှင်းပြပါတယ်။

 

ကန်ဒေါ်လာ တစ်သိန်းသုံးသောင်းခွဲ တော်ဝင်နန်းထိုက် သတို့သမီးဝတ်စုံ

http://www.textiledirectory.com.mm/articles/item/981-meghan-markle-wedding-dress.html

 

Ralph & Russo သတို့သမီးဝတ်စုံတချို့ကို တင်ပြပေးထားပါတယ်။

 

wedress

wedress1

tumblr o5vv73OwPZ1uscofmo3 1280

Ralph and Russo wedding dress 1332078

 

 

 

Read 1908 times
Rate this item
(0 votes)