What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာတစ်လွှားမှ ရိုးရာမင်္ဂလာဝတ်စုံများ

ယခုခေတ် ဂန္ထ၀င်ဆန်တယ်လို့ သတ်မှတ်ထားကြတဲ့ အဖြူရောင် သတို့သမီးဂါဝန်ဟာ

၁၉ရာစုလောက်က စတင်ပေါ် ပေါက်ခဲ့တာဖြစ်ပြီး ၀ိတိုရိယဘုရင်မကြီးက စတင်ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ထိုခေတ်အခါက မင်္ဂလာဝတ်စုံရယ်လို့ သီးသန့်မရှိဘဲ မိမိမျိုးနွယ်စုရဲ့ ၀တ်စုံတွေကိုပဲ ခေတ်အခြေအနေနဲ့ လိုက်ဖက်မယ့် ဖက်ရှင်မျိုးနဲ့ ၀တ်ဆင်ခဲ့ကြပါတယ်။ ယခုခေတ်မှာတော့ မင်္ဂလာဆောင်ကြတဲ့အခါ အဖြူရောင်ဂါဝန် မဟုတ်တာကို တမင်လိုက်ရွေးကြည့်ရမလို ရှားပါးကုန်ပါ တယ်။ သို့ပေမယ့်လည်း အာရှတိုက်နဲ့ အာဖရိကတိုက်က အမျိုးသမီးလေးတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်ရိုးရာဝတ်စုံလေး တွေနဲ့ မင်္ဂလာပွဲဆင်နွှဲနေကြဆဲ ဖြစ်တာကို တွေ့ရပါသေးတယ်။ ဒါကြောင့်သိမှတ်သားစရာအဖြစ် ကမ္ဘာ့ နေရာအနှံ့က မင်္ဂလာမောင်နှံတွေရဲ့ ရိုးရာမင်္ဂလာဝတ်စုံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဂျပန်

8 traditional wedding outfits japan

ဂျပန်မင်္ဂလာဆောင်များမှာ အများအားဖြင့် သတို့သမီးဟာ မင်္ဂလာအခမ်းအနား တစ်ခုလုံးအတွက် ၀တ်စုံ နှစ်စုံမှသုံးစုံအထိ ၀တ်ဆင်တတ်ကြပါတယ်။ သုံးစွဲတဲ့ အရောင်များကတော့ အဖြူနဲ့ အနီပဲ ဖြစ်ပါတယ်။

ဂါနာ

Weddings in Ghana e1498131664417

ဂါနာနိုင်ငံက မင်္ဂလာမောင်နှံတွေရဲ့ မင်္ဂလာဝတ်စုံဟာ အလွန်ကို အရောင်အသွေး စုံလင်ပြီး လှပပါတယ်။ သူတို့ရဲ့ အမျိုးသားအထိမ်းအမှတ် ၀တ်စုံဟာ အရောင်အသွေးတွေ၊ အဆင်ဒီဇိုင်းတွေ အမျိုးမျိုး ကွဲပြားအောင် ပြုလုပ်ထားပြီး မိသားစုတစ်စုစီတိုင်းမှာ ကိုယ်ပိုင် အရောင်အသွေး၊ ကိုယ်ပိုင်ဒီဇိုင်းနဲ့ အမျိုးသားဝတ်စုံတွေ ပိုင်ဆိုင်ထားကြပါတယ်။

ရိုမေးနီးယား

romanian traditional wedding dress 1

ယနေ့အချိန်မှာတော့ ရိုမေးနီးယားနိုင်ငံက မင်္ဂလာစုံတွဲအများစုဟာ ခေတ်သစ်ပုံစံနဲ့ပဲ မင်္ဂလာဆောင်နှင်းလိုကြပါတယ်။ သို့ပေမယ့်လည်း ကျေးလက်တောရွာပိုင်းတွေက အချို့သောစုံတွဲတွေမှာတော့ ရိုးရာပုံစံအတိုင်း ဆောင်နှင်းကြတာကို တွေ့မြင်နိုင်ပါသေးတယ်။ ရိုမေးနီးယားဟာ နိုင်ငံအကြီးကြီး မဟုတ်ပေမယ့်လည်း နေရာဒေသ တစ်ခုစီတိုင်းမှာ ကိုယ်ပိုင် မင်္ဂလာဝတ်စုံတစ်ခုစီ ရှိကြပါတယ်။

သီရိလင်္ကာ

62131547034fc966d80185a68dec8509 e1498131946682

သီရိလင်္ကာနိုင်ငံက မင်္ဂလာပွဲများရဲ့ အဓိက အာရုံစူးစိုက်မှုဟာ များသောအားဖြင့် အမျိုးသမီးဆီမှာ ရှိတတ်ကြပါတယ်။ သို့သော်လည်း ရိုးရာမင်္ဂလာပွဲနဲ့ ကြုံရတဲ့အခါ နိုင်ငံခြားသား ခရီးသည်များရဲ့ အာရုံစိုက်မှုကတော့ သတို့သားဆီမှာ ရှိတတ်ကြတယ်လို့လည်း ဆိုကြပါတယ်။

အိန္ဒိယ

732

အိန္ဒိယ ယဉ်ကျေးမှုအရ မင်္ဂလာပွဲပြုလုပ်တဲ့အခါ သတို့သမီးအများစု ရွေးချယ်လေ့ရှိတဲ့ အရောင်ကတော့ အနီရောင်နဲ့ ပန်းရောင်ပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းက အစဉ်အလာ ယဉ်ကျေးမှုအရမှာတော့ လက်ထပ်ပြီးတဲ့ အမျိုးသမီး တွေဟာ သူတို့နှာဖူးရဲ့ အလယ်တည့်တည့်မှာ အနီစက်ကလေး တို့ထားတတ်ကြပါတယ်။

စကော့တလန်

traditional weddings around the world 38 578e112e48a12 605

စကော့တလန်နိုင်ငံမှာတော့ ရိုးရာအစဉ်အလာအရ သတို့သားများဟာ အနီရောင်အကွက်ကျား ရိုးရာဒူးဖုံး စကတ်မျိုးကို သူတို့ရဲ့မျိုးနွယ်စုအလိုက် ၀တ်ဆင်ကြပြီး မင်္ဂလာအခမ်းအနား ပြီးချိန်မှာတော့ ၄င်းဝတ်ဆင်ထားတဲ့ အဆင်အကွက် အတိုင်း တူညီတဲ့ ခြုံစောင်ကို သတို့သမီးကို ရစ်ပတ်သိုင်းခြုံစေခြင်းဖြင့် မိသားစုဝင်အသစ်အဖြစ် သတ်မှတ်လိုက်တဲ့ အလေ့အထ ရှိပါတယ်။

မြန်မာ

maxresdefault 1

 မြန်မာလူမျိုးတွေမင်္ဂလာပွဲဆင်နွဲရင်အမျိုးသားက တိုက်ပုံ၊တောင်ရှည်နဲ့ မောင့်ကျက်သရေ ခေါင်းပေါင်းကို ၀တ်ဆင်ကြပြီး အမျိုးသမီးက ထဘီသိမ်းကို ၀တ်ဆင်ကြတယ်။ အရောင်ကို တော့ အများအားဖြင့် အဖြူ၊ပန်းရောင်နဲ့ အ၀ါရောင်ကို အသုံးများကြပါတယ်။

 

အီသီယိုးပီးယား

Glenview Mansion Maryland Ethiopian Wedding Ceremony Recessional e1498188002607

အံ့သြစရာကောင်းပေမယ့် အီသီယိုးပီးယားဟာ ခရစ်ယာန်ဘာသာကို တရားဝင် ဘာသာအဖြစ် သတ်မှတ်ထားတဲ့ တစ်ခုတည်းသော အာဖရိကတိုင်းပြည် ဖြစ်ပါတယ်။ အီသီယိုးပီးယားနိုင်ငံသား အများစုဟာ အော်သိုဒေါက်စ် ခရစ်ယာန် ကျောင်းနဲ့ ပတ်သက်ကြတဲ့အတွက် မင်္ဂလာအခမ်းအနား ကျင်းပပုံဟာလည်း ဂရိတို့ ရုရှားတို့နဲ့ ဆင်တူပါတယ်။

အင်ဒိုနီးရှား

414167 1000xauto indonesia traditional wedding attire e1498188120333

အင်ဒိုနီးရှားရဲ့ မင်္ဂလာလက်ထပ်ပွဲ ကျင်းပပုံများကတော့ ကျွန်းတစ်ကျွန်းနဲ့ တစ်ကျွန်း ကွဲပြားမှုများစွာ ရှိကြပါတယ်။ လူမျိုးပေါင်း သုံးရာကျော်နဲ့ အဓိက ကိုးကွယ်တဲ့ ဘာသာကြီးခြောက်ခုရှိတဲ့ အင်ဒိုနီးရှားဟာ ယဉ်ကျေးမှုနဲ့ ဓလေ့မျိုးစုံ ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

တရုတ်

21edca754feceb50226d78fead03b79c e1498188282230

ရိုးရာမင်္ဂလာဝတ်စုံဟာ အနီရောင်ပဲ ဖြစ်ရပါတယ်။ အဖြူရောင်ဟာ တရုတ်လူမျိုးတွေအတွက် ကြေကွဲဝမ်းနည်းမှုရဲ့ သင်္ကေတဖြစ်ပြီး အသုဘအခမ်းအနားများမှာသာ အသုံးပြုတတ်ကြပါတယ်။ မင်္ဂလာပွဲ ကျင်းပပြီးစီးတဲ့အခါ သတို့သမီးက မျက်နှာကိုအုပ်ထားတဲ့ ပ၀ါကို ဖယ်လိုက်ခြင်းအားဖြင့် အကြင်လင်မယားမြောက်ကြောင်း ပြသတတ်ကြပါတယ်။

ဟာဝိုင်ယီ

Stunning Traditional Hawaiian Wedding Maui Maka Photography Bridal Musings Wedding Blog 62 630x420

ဟာဝိုင်ယီရဲ့ ရိုးရာမင်္ဂလာဆောင်တွေမှာ သတို့သမီးဟာ အဖြူဆွတ်ဆွတ်ကိုသာ တစ်ကိုယ်လုံး ၀တ်ဆင်တတ်ကြပါ တယ်။ မင်္ဂလာပွဲရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပန်းကုံးစွပ်လေ့ ရှိကြပြီး အချို့သော သတို့သမီးများဟာ လတ်ဆတ်လှပတဲ့ ပန်းလေးများကို ဆံနွယ်မှာ ရစ်သီပန်ဆင်တတ်ကြပါတယ်။

မလေးရှား

traditional weddings around the world 12

မလေးရှားနိုင်ငံမှာတော့ မင်္ဂလာပွဲအများစုဟာ အစ္စလာမ်ထုံးတမ်းစဉ်လာအတိုင်း ကျင်းပလေ့ ရှိကြပါတယ်။ အများအားဖြင့် သတို့သမီးဟာ ခရမ်းရောင်၊ ပန်းခရမ်းရောင်နဲ့ ခရင်မ်ရောင်တွေကို မင်္ဂလာဝတ်စုံအဖြစ် ရွေးချယ်လေ့ရှိကြပါတယ်။

ယီမင်နိုက်ဂျူး

jewish weddingw large

ဂျူးလူမျိုးအများစုမှာတော့ သတ်မှတ်ထားတဲ့ မင်္ဂလာဝတ်စုံရယ်လို့ မရှိကြပါဘူး။ သို့ပေမယ့် ယီမင်နိုက်ဂျူးတွေကတော့ ခြွင်းချက်အနေနဲ့ အထူးချုပ်လုပ်ထားတဲ့ မင်္ဂလာဝတ်စုံကို ၀တ်ဆင်လေ့ရှိကြပြီး ထိုဝတ်စုံများဟာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ မင်္ဂလာဝတ်စုံပဲ ဖြစ်ပါတယ်။

တောင်ကိုရီးယား

couple korean wedding

ရိုးရာအစဉ်အလာအတိုင်း မင်္ဂလာပွဲကျင်းပခြင်းဟာ တောင်ကိုရီးယားမှာ ပိုလို့ခေတ်စားလာပါတယ်။ ရှေးထုံးတမ်းများအရ သတို့သားဟာ သူ့ရဲ့ကျောပေါ်မှာ သတို့သမီးကို ချီတင်ပြီး အခမ်းအနားပြုရာ စားပွဲနားအထိ ခေါ်လာရပါတယ်။ ဒါဟာ သတို့သမီးဟာ သတို့သားကို အားကိုးမှီခိုနိုင်မယ်ဆိုတဲ့ အမှတ်အသားအနေနဲ့ ထည့်သွင်းပြုလုပ်ခြင်း ဖြစ်ပါတယ်။

နော်ဝေ

traditional wedding dresses around the world001

နော်ဝေနိုင်ငံမှာတော့ ရိုးရာဝတ်စုံကို ၀တ်ဆင်လေ့ရှိကြပြီး အများအားဖြင့် မင်္ဂလာပွဲနဲ့ ခရစ်ယာန် ထုံးတမ်းစဉ်လာပွဲများမှာ သာ ထိုရိုးရာဝတ်စုံကို ၀တ်ဆင်လေ့ ရှိကြပါတယ်။

ဘာလီ၊ အင်ဒိုနီးရှား

Bali traditional wedding e1498189369903

ဘာလီကျွန်းက မင်္ဂလာပွဲများရဲ့ ထူးခြားလှပမှုနဲ့ ချမ်းသာပြည့်စုံမှုကတော့ သင့်ကို အံ့သြသွားစေပါလိမ့်မယ်။ ရိုးရာမင်္ဂလာ ၀တ်စုံမှာ အနုစိတ် ကနုတ်လက်ရာတွေ ပါဝင်ချုပ်လုပ်လေ့ရှိပြီး မင်္ဂလာပွဲ ကျင်းပချိန်အတွင်းမှာ သတို့သားရော သတို့သမီး နှစ်ယောက်လုံးဟာ ရွှေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ သရဖူကို ဦးခေါင်းထက်မှာ ဆောင်းထားလေ့ရှိကြပါတယ်။

 

ပါကစ္စတန်

paki e1498132651747

ပါကစ္စတန်ဟာ အစ္စလာမ်နိုင်ငံ ဖြစ်ပေမယ့်လည်း ၄င်းရဲ့ ရိုးရာအစဉ်အလာ အများစုဟာ အိန္ဒိယရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ များစွာဆင်တူပါတယ်။ သတို့သမီးအများစု ရွေးချယ်ကြတဲ့ မင်္ဂလာဝတ်စုံကတော့ အနီရောင်ဖြစ်ပြီး လက်မှာ ဒန်းဆိုးတဲ့ အလေ့အထလည်း အလွန်ခေတ်စားပါတယ်။

source:anty may

Read 1784 times
Rate this item
(0 votes)