Textile ကနေ ပြောပြနေကျဖြစ်တဲ့ top list တွေထဲကမှ ဒီနေ့မှာတော့ ကမ္ဘာ့ပေါ်မှာ ဈေးအကြီးဆုံး wedding dress(၅)စုံကို မျှဝေပေးချင်ပါတယ်။
(၁) The Diamond Wedding Gown- $12 million
ဒီ Wedding dress လေးကိုတော့ မလေးရှားဒီဇိုင်နာ Faisol Abdullah က ဖန်တီးထားတာပါ။ ဒီဝတ်စုံလေးမှာတော့ စိန်ပွင့်ပေါင်း 751ပွင့်ပါရှိပါတယ်။
(၂) Yumi Katsura White Gold Dress- $8.5 million
ဒီဝတ်စုံလေးကိုတော့ ဂျပန်ဒီဇိုင်နာ Yumi Katsura က ဖန်တီးထားတာပါ။
သူမဟာ Parisမှာ ဖက်ရှင်ကို လေ့လာခဲ့ပါတယ်။ သူမဟာ ဂျပန်မှာ ပထမဆုံး သူမရဲ့လက်ရာတွေကို ပြသခဲ့ပြီး အင်္ဂလန်၊ပြင်သစ်နှင့် အမေရိကန်တို့မှာ ဖက်ရှင်စီးပွားရေးကို ချဲ့ထွင်ပြီးလုပ်ကိုင်ခဲ့ပါတယ်။
(၃) Peacock Wedding Dress - 1.5 million
ဒီ dressဟာဆိုရင် လူတကာကြားမှာ ထူးခြားနေမှာ အမှန်ပါ။ ဒီလိုဝတ်စုံဖန်တီးဖို့ဆိုရင် မလွယ်ကူလှပါဘူး။ ဒီဝတ်စုံမှာ ဒေါင်းမွေး ၂၀၀ကျော်လောက်နဲ့ အသေးစိတ်ဖန်တီးထားတာပါ။
(၄) Danasha Luxury Gown - $1.5 million
ဒီဝတ်စုံကိုတော့ 2010 ခုနှစ်မှာ Miami International Fashion Week မှာ ထုတ်ဖော်ပြသခဲ့တာပါ။
ဒီဝတ်စုံကိုတော့ အပြင်ပွဲတွေမှာပါ ဝတ်ဆင်လို့ရပါတယ်။ jewellery တွေနဲ့ တွဲလို့ဝတ်ဆင်ခြင်းအားဖြင့် ဒီဝတ်စုံဟာ လူအများကြားမှာ ထင်ရှားပေါ်လွင်နေမှာပါ။ ခေတ်သစ်စင်ဒရဲလား ပုံစံ ဒီဇိုင်းဆွဲထားတာလို့လည်း ဖော်ပြထားတာပါ။
(၅) Kate Middleton's Wedding Dress
ဒီဝတ်စုံလေးကိုတော့ ဗြိတိသျှ တော်ဝင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Kate Middleton ရဲ့ wedding dress လေးပဲဖြစ်ပါတယ်။ ဒီဝတ်စုံတစ်ခုလုံးမှာ ပန်းပွင့်တွေဖြင့် သေချာဒီဇိုင်းဆွဲထားတာပါ။
အဲ့ဝတ်စုံလေးတွေမှာ စိန်ပွင့်တွေလည်း ထည့်ပြီး ဖန်တီးချုပ်လုပ်ထားတာပါ။
Myanmar Textile and Garment Directory
စက်ချုပ်သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါလေးနှိပ်ကြည့်ပါ