ဒီဇိုင်နာ မင်းသက်စံကတော့ Royal Wedding လို့ တင်စားထားတဲ့ မင်္ဂလာပွဲလေး အတွက် ဝတ်စုံနှစ်စုံကို ဖန်တီး ချုပ်လုပ်ပေးခဲ့ပါတယ်။
ပထမတစ်စုံကိုတော့ Crystal အလုံးပေါင်း တသိန်းကျော်နဲ့ အဖြူရောင် Royal Wedding Gown အဖြစ်ဖန်တီးပုံဖော်ပေးထားပါတယ်။
ရထားလုံးနဲ့ ပွဲထွက်ရမှာမို့ ဂါဝန်ကို ပုံစံနှစ်မျိုး ဖန်တီး ပေးထားပါတယ်။
Read: ရုပ်ပျက်ဆင်းပျက် ဖက်ရှင်တွေ ထိန်းသိမ်းဖို့ လိုနေပြီလို့ မိုးကုတ်ပေါက်ပေါက်ပြော
ဒုတိယဝတ်စုံကို အဝါရောင်ရွေးချယ်ပေးထားပြီး ကားနဲ့ထွက်ရမှာရယ် လွတ်လွတ်လပ်လပ်က ကြရမှာမို့ အရမ်းမရှည်ပဲ လက်နေရာလေးကို ငှက်မွေးတွေနဲ့အလှဆင်ဖန်တီးပေးထားပါတယ်။
ဒီဇိုင်နာ မင်းသက်စံရဲ့ Sweet & Smart Fashion Collection က မင်္ဂလာဝတ်စုံလေးတွေကို ကြည့်ပြီးတော့ မင်္ဂလာဆောင်တော့မယ့် သတို့သမီးလေးတွေ မင်္ဂလာဝတ်စုံကို ဘယ်လိုဝတ်ရမလဲဆိုတဲ့ Idea လေးတွေ ရရင်ကိုပဲ ကျေနပ်ပါပြီရှင်။
Reference: Sweet & Smart Fashion Collection
Myanmar Textile and Garment Directory