What's new

×

Warning

JUser: :_load: Unable to load user with ID: 845


တစ်ပေမြင့်တဲ့ လေဒီရှူး သုံးရံ

ကမ္ဘာကြီးမှာ စိတ်ကူးထွေလာတွေ လိုအပ်နေတယ်။ ကျွန်တော်တို့ ဒီကနေ့မှာ လက်တွေ့ဘ၀တွေ ရှိနေတာ လုံလောက်နေပြီ’’

လို့ အင်္ဂလိပ် ဖက်ရှင်ဒီဇိုင်နာ အဲလက်ဇန်းဒြား မက်ကွင်းက ကြွေးကြော်လိုက်တယ်။ သူက ဖက်ရှင်တိုက် Givenchy မှာ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ဒီဇိုင်နာချုပ်အဖြစ် လုပ်ကိုင်ခဲ့တယ်။ နောက်တော့ ကိုယ်ပိုင်တံဆိပ် Alexander McQueen ကို ထူထောင်လုပ်ကိုင်ခဲ့တယ်။

 

Alexander McQueen

Alexander McQueen

အလက်ဇန်းဒြား မက်ကွင်းက စိတ်ကူးယဉ်ဆန်ဆန် ဖက်ရှင်ဒီဇိုင်းတွေ ထုတ်လုပ်ခဲ့တယ်။ အဲဒီအထဲမှာ သူ့သမိုင်းကြောင်း အကွေ့အချိုး ဖြစ်ခဲ့တာ ‘Armadillo’ အမာဒီလို ဆိုတဲ့ အမည်ဖြင့် ထုတ်လုပ်ခဲ့တဲ့ လေဒီရှူး သုံးရံ ဖြစ်ပါတယ်။ အမာဒီလို ဆိုတာက အကြေးခွံမာတွေ ဖုံးကာထားတဲ့ သင်းခွေချပ်မျိုးစိတ်တစ်ခုကို ခေါ်ဝေါ်တာ ဖြစ်ပါတယ်။
အဲဒီ လေဒီရှူးကို McQueen’s Spring/Summer 2010 ရှိုးပွဲမှာ ပြသခဲ့တယ်။
၂၀၁၀ ဖေဖော်ဝါရီလမှာ သူ ကွယ်လွန်ခဲ့တာမို့ သူ့ရဲ့ အဆန်းအပြားတွေထဲမှာ နောက်ဆုံးလက်ရာ ဖက်ရှင်ဒီဇိုင်းတွေထဲမှ တစ်ခု ဖြစ်ပါတယ်။

အမာဒီလို လေဒီရှူး စုစုပေါင်း ၂၁ ရံပဲ ထုတ်လုပ်ခဲ့တယ်။
သမားရိုးကျ မဟုတ်တဲ့ အဆန်းအပြား လေဒီရှူးမျိုးမှ စီးချင်သူတွေအတွက်တော့ ဟန်ကျတယ်။ ဒေါက်အမြင့်က ၃၀ စင်တီမီတာ ရှိတယ်။ လက်မနဲ့ပြောရင် ၁၁ လက်မကျော် တစ်ပေနီးပါး ရှိတယ်။

bally


ခြေဖနောင့်ကို မြောက်တင်ပေးထားလိုက်တာ ဘဲလေးကချေသည် ခြေဖျားထောက်ထားသလိုမျိုး ဖြစ်နေစေတယ်။

မက်ကွင်းက ရှူးဖိနပ်ဒီဇိုင်းကို အခုလို ပုံကြမ်းထုတ်ပေးခဲ့တယ်။

sketch for the armadillo boot

အမာဒီလို လေဒီရှူး ထုတ်လုပ်ပုံကို အခုလို ရှင်းပြခဲ့တယ်။
‘‘အမာဒီလို အရံတိုင်းကို အီတလီမှာ လက်နဲ့ ချုပ်လုပ်ထားတယ်။ လူ ၃၀ ဦး ပူးပေါင်းချိတ်ဆက် လုပ်ကိုင်ကြရတာ အလုပ်လုပ်ရက် ၅ ရက် ကြာတယ်။ ပစ္စည်းပေးသွင်းသူ သုံးဦးထံမှ ရယူပြီး စက်ရုံ ၃ ရုံမှာ အဆင့်ဆင့် လုပ်ကိုင်ရတယ်’’

Lady Gagaရဲ့ ဂီတဗီဒီယို Bad Romance မှာ အကြိမ်ကြိမ် စီးပြထားလို့ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့တယ်။

ယခုအခါ တစ်ကိုယ်ရေ တန်ဖိုး ကန်ဒေါ်လာ သန်း ၁၀၀ ရှိတဲ့ ဖက်ရှင်နတ်မိမယ် Daphne Guinnes က ညဘက် ပါတီတက်တာမှာ စီးခဲ့လို့ သတင်းဖြစ်သွားတယ်။ တစ်ပေမြင့်တဲ့ ဒေါက်ဖိနပ်ဆိုပြီး သတင်းတွေ ရေးကြတယ်။

၂၀၁၅ ခုနှစ် ဇူလိုင် ၁၄ မှ ၁၅ အထိ ကျင်းပတဲ့ Christie’s Handbags & Accessories လေလံပွဲမှာ အမာဒီလို သုံးရံ ထပ်မံထုတ်လုပ်ပြီး လေလံတင်ခဲ့တယ်။ ရောင်းရငွေ အားလုံးကို အဲဒီတုန်းက နီပေါနိုင်ငံမှ ငလျင်ဘေးဒဏ်အတွက် ယူနီဆက်ရဲ့ ထောက်ပံ့ကူညီမှုတွေမှာ လှူဒါန်းခဲ့တယ်။ သုံးရံ စုစုပေါင်း ရောင်းရငွေ ကန်ဒေါ်လာ ၂၉၅,၀၀၀ ရရှိခဲ့တယ်။ သုံးရံစလုံးကို ၀ယ်ယူသူ တစ်ဦးတည်းက ၀ယ်ခဲ့တာ ဖြစ်ပါတယ်။

alexander mcqueen armadillo boots


အဲဒီ ၁ ပေမြင့်တဲ့ လေဒီရှူး ၃ ရံဟာ မက်ကွင်းရဲ့ ၂၀၁၀ ဖက်ရှင်စုစည်းမှုအပြီး ပထမဆုံးအကြိမ် ပြန်လည်ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အီတလီမှာ လက်မှုပညာရှင်တွေက သစ်သားဖြင့် ထုတ်လုပ်ပေးခဲ့ကြတယ်။ အပေါ်မှ စပါးအုံးမြွေရေခွံ အစစ်တွေနဲ့ အုပ်ပြီး ချုပ်လုပ်ပေးထားပါတယ်။

အဲဒီ ၁ ပေမြင့်တဲ့ လေဒီရှူး ၃ ရံ ကို ကန်ဒေါ်လာ ၂၉၅,၀၀၀ ပေးပြီး ဘယ်သူက ၀ယ်ခဲ့သလဲ။ သရုပ်ဆောင် Taylor Kinney က ၀ယ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ချစ်သူ Lady Gaga ကို လက်ဆောင်ပေးခဲ့ပါတယ်။ လေဒီဂါဂါက အမာဒီလိုလေဒီရှူး စီးနေတဲ့ပုံကို အင်စတာဂရမ်မှာ ခပ်ကြွားကြွားလေးတင်ခဲ့ပါတယ်။

 

amardelo lady gaga

Read 1005 times
Rate this item
(0 votes)