What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခုစွဲမက်စွာဝတ်ဆင်နေကြတဲ့ဖက်ရှင်တွေ ဘယ်ကအစပြုခဲ့သလဲ??

ခုစွဲမက်စွာဝတ်ဆင်နေကြတဲ့ဖက်ရှင်တွေ ဘယ်ကအစပြုခဲ့သလဲ ဆိုတာကို သိပါသလား။

ဘယ်ကအစပြုလဲဆို...........

1.Jeans

17ရာစုမှာ အီတလီမှာရှိတဲ့ ဂျီနိုအာမြို့က Papyrusလို့ခေါ်တဲ့ အထည်စတွေကို နိုင်ငံတကာကို တင်ပို့ခဲ့ကြပါတယ်။အဲကနေပြီးတော့ Genesထည်စတွေလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။1873မှာတော့ Levi Straussက နာမည်ကျော်တဲ့ အပြာရောင်ဂျင်းပန်တွေကို ဖန်တီးဖို့အစပြုခဲ့ပါတယ်။အဲဒီအချိန်တုန်းကတော့ ဂျင်းဘောင်းဘီတွေကို အလုပ်သမားတွေဝတ်ဖို့ အကြမ်းထည်အနေနဲ့ ဓားတွေ၊ဒဂါင်္းပြားတွေထည့်ဖို့ အိတ်ထောင်တွေအပါ ကျကျနနချုပ်လုပ်ခဲ့တာပါ။ဒီဘက်ခေတ်နောက်ပိုင်းမှာတော့ ဂျင်းဆိုတာ ဖက်ရှင်လောကအတွက် တွင်ကျယ်စွာဝတ်ဆင်လာကြတဲ့ Brandတစ်ခုဖြစ်ခဲ့ပါတယ်။Straussအစပြုခဲ့တဲ့ ကုမ္မဏီကလည်း Levi’sဆိုတဲ့ ကမ္ဘာကျော်Brandတစ်ခုအနေနဲ့ ဆက်လက်ပုံဖော်နေဆဲပါပဲ။

2.Heels

17ရာစုမတိုင်ခင်လောက်ထိ ဒေါက်ဖိနပ်တွေကို အမျိုးသားတွေ သီးသန့်ဝတ်ဆင်ခဲ့တယ်ဆိုတာတော့ ယုံရခက်ခက်ပါပဲ။ဥရောပမှာဆို သစ်သားခုံဖိနပ်တွေဟာ ညစ်ပတ်မှုကိုထိန်းပေးနိုင်လို့ အစီးများခဲ့ကြပါတယ်။16ရာစုလောက်မှာတော့ မြင်းစီးသူတွေသက်တောင့်သက်သာရှိစေဖို့ ရည်ရွယ်ပြီး ဒေါက်ပါတဲ့bootsတွေ ထပ်ပြီးဆန်းသစ်လာပြန်ရော။ကျဉ်းမြောင်းပြီး ချွန်ထက်တဲ့ပုံစံရှိတဲ့ ဒေါက်ဖိနပ်တွေကတော့ 20ရာစုလောက်မှသာ ပေါ်လာတာဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုအနေနဲ့ ရှိနေဆဲ။

3.Bikini

1946ခုနှစ်က ပဲရစ်မှာ ကျင်းပပြုလုပ်တဲ့ Fashion Showတစ်ခုမှာ မော်ဒယ်တစ်ယောက်ဟာ ဒီဇိုင်နာLouis Reardဖန်တီးထားတဲ့ ရေကူးဝတ်စုံကို ဝတ်ဆင်ပြီး စင်မြင့်ထက်လျှောက်လှမ်းလာတဲ့အခိုက် လူပေါင်းများစွာရဲ့အငြင်းပွားစရာတစ်ခုအနေနဲ့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။Bikiniဆိုတဲ့နာမည်ကိုတော့ Bikiniလို့ခေါ်တဲ့ ကျွန်းတစ်ခုကနေအမည်ရရှိတာဖြစ်ပြီး နောက်ပိုင်းBrigitte Bardotနဲ့Marilyn Monroeတို့ပါ Bikiniကို လက်ခံဝတ်ဆင်လာတဲ့အခါမှာတော့ အားလုံးရဲ့ဝေဖန်သံတွေဟာ ရပ်ဆိုင်းသွားပါတော့တယ်။

4.Leather Jackets

Bomber Jacketတွေကိုတော့ USAမှာ ပထမကမ္ဘာစစ်အတွင်းက အအေးဒဏ်ကိုကာကွယ်နိုင်ဖို့ရန် လေယာဉ်မှူးးတွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဝတ်ရတာလည်း သက်တောင့်သက်သာရှိလှပါတယ်။1928မှာတော့ Schottကုမ္မဏီကနေပြီးတော့ လက်ရှိအချိန်မှာBiker Jacketလို့ခေါ်ကြတဲ့ ဇစ်ပါတဲ့သားရေဂျက်ကက်တွေကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း သားရေဂျက်ကက်ကို အနုပညာရှင်တော်တော်များများက ဝတ်ဆင်လာတဲ့နောက်မှာတော့ လူအများရဲ့အာရုံစိုက်ခြင်းခံလာရပြီး သားရေဂျက်ကက်တွေ ခေတ်ထလာလိုက်တာ ယနေ့အထိပါပဲ။

5.Bras

ဘရာစီယာကတော့ ကြိမ်ပေါင်းများစွာ တီထွက်ထုတ်လုပ်လာခဲ့တာ ပုံစံအမျိုးမျိုးနဲ့ပါပဲ။အရင်ချိန်တွေတုန်းကတော့ အမျိုးသမီးတွေဟာ ခါးစည်းနဲ့တစ်ဆက်တည်းအပါ ရင်ကိုအဝတ်စနဲ့စည်းထားတဲ့ ရင်စည်းအနေနဲ့ပဲဝတ်ဆင်ခဲ့ကြပြီး 20ရာစုအစောပိုင်းကမှ ခုမြင်နေရတဲ့ပုံစံခွက်အမျိုးးမျိုးးနဲ့ ဘရာစီယာတွေ ပေါ်လာတာဖြစ်ပါတယ်။ပထမဆုံးဘရာစီယာBrandနာမည်ကတော့ Caresse Crosbyဖြစ်ပြီး အမျိုးသမီးတွေဟာ ရင်စည်းခါးစည်းဝတ်လေ့ဝတ်ထသာရှိခဲ့တော့ အစောပိုင်းမှာ ထင်ထားသလောက်အောင်မြင်မှုမရခဲ့ပါဘူး။ဒါပေမယ့် တဖြေးဖြေးရေပန်းစားလာပြီးနောက် ကုမ္မဏီအမျိုးမျိုးကလည်း brandပေါင်းအစုံကို အလှအပနဲ့ကျန်းမာရေးအတွက်ရည်ရွယ်ပြီး ပုံစံအမျိုးမျိုးနဲ့ထုတ်လုပ်ခဲ့ပါတယ်။

Read 820 times
Rate this item
(0 votes)