What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရောင်လွှမ်းမိုးမှုနှင့် ဖက်ရှင်

အရောင်တွေက အဓိပ္ပာယ်အမျိုးမျိုး ဖော်ဆောင်တတ်သလို လွှမ်းမိုးမှုတွေလည်း ရှိပါတယ်။

လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာကို သူကြိုက်တဲ့ အရောင်ပေါ်မူတည်ပြီး သိရှိလေ့လာနိုင်သလို စိတ်ခံစားချက်ပေါ် မူတည်ပြီး လည်း အရောင်တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် အရောင်တွေရဲ့ လွှမ်းမိုးမှုနှင့် ဖက်ရှင် အမြင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အဖြူရောင်

သန့်ရှင်းစင်ကြယ်မှု၊ စနစ်ကျမှု၊ ရိုးရှင်းမှု အဓိပ္ပာယ်ကို ဖြစ်စေသလို အဖြူရောင်ကြိုက်သူတွေက အခြားသူတွေကို လွှမ်းမိုးနိုင်ပြီး ကိုယ်တိုင်ရပ်တည်နိုင်တဲ့သူ၊ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ စရိုက်လက္ခဏာ တွေကို မြင်တွေ့ရပြီး ခမ်းနားမှု၊ တည်ငြိမ်စွာ လှပမှုတွေက ဖက်ရှင်အပေါ် လွှမ်းမိုးစေတဲ့ အကြောင်းတစ်ရပ်ပါ။

အနက်ရောင်

ထိန်းချုပ်မှု၊ ဆုံးရှုံးမှု၊ တုံ့ပြန်မှု၊ စိတ်ဓာတ်ကျမှုစတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်သလို၊ အင်အားအပြည့်နဲ့ မောင်းနှင်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တဲ့ အနုပညာဆန်တဲ့ အတ္တကြီးမှုစတဲ့ စရိုက်လက္ခဏာတွေကို ဖော်ဆောင်ပေးပါတယ်။ ဖက်ရှင်အနေနဲ့ကတော့ ဆွဲဆောင်မှုရှိစေပြီး သိပ်သည်းစွာ စွဲမက်စေတဲ့ အလှကို ဖော်ဆောင်ပေးတဲ့အရောင်ပါ။

မီးခိုးရောင်

အေးချမ်းမှု၊ ငြိမ်းအေးမှုနဲ့ သက်သောင့်သက်သာ ရှိစေတဲ့ အရောင်ပါ။ မီးခိုးရောင်ကို ကြိုက်နှစ်သက်သူ တွေကတော့ ငြိမ်းချမ်းတဲ့ အလှတရားနဲ့ နေထိုင်လိုပြီး ပူလောင်မှုတွေကို ကြောက်ရွံ့တဲ့စရိုက် ရှိသူတွေပါ။ မီးခိုး ရောင်ကို အဖြူရောင်နဲ့ တွဲဖက်ပြီး ခမ်းနားကြီးကျယ် ကျက်သရေရှိစေတဲ့ အရောင်အဖြစ် အသုံးပြုကြပါတယ်။

အနီရောင်

စိတ်ခံစားမှု ပြင်းထန်တဲ့ ၊ ဒေါသကြီးတဲ့၊ စိတ်တိုလွယ်တဲ့ စရိုက်လက္ခဏာတွေကို ဖော်ဆောင်ပေးပါ တယ်။ အနီရောင် ကြိုက်နှစ်သက်သူတွေကတော့ မောင်းနှင်အားကောင်းပြီး ဆုံးဖြတ်ချက်မြန်တဲ့ စရိုက်အပြင် လျင်မြန်စွာပြုမူလှုပ်ရှားတတ်ပြီး လောဘကြီးတဲ့ လက္ခဏာတွေ သစ္စာရှိမှုကိုလည်း ဖော်ဆောင်ပါတယ်။ အနီ ရောင်ဝတ်စုံတွေက အမြဲတက်ကြွတဲ့ ပုံရိပ်ကို ရရှိစေပြီး စွဲမက်ဖွယ် ဖက်ရှင်အဖြစ် မြင်တွေ့ခံစားရမှာပါ။

ခရမ်းရောင်

တည်ငြိမ်မှု ၊ စိတ်ငြိမ်မှု အသွင်ကို ဆောင်ပါတယ်။ ခရမ်းရောင်ကြိုက်နှစ်သက်သူတွေကတော့ စေ့စပ်သေချာသူ၊ ဇီဇာကြောင်သူ ၊ စိတ်လုံခြုံမှုကို လိုအပ်သူ စတဲ့ စရိုက်လက္ခဏာတွေ ရှိတတ်ပါတယ်။ ဖက်ရှင်အနေနဲ့ကတော့ ခရမ်းရောင်က တည်ငြိမ်လေးနက်တဲ့ အသွင်ကို ဆောင်ပါတယ်။

ပန်းရောင်

ပန်းရောင်ရဲ့ သင်္ကေတကတော့ ချစ်ခြင်း၊ စိတ်ကူးယဉ်ဆန်ခြင်းနဲ့ စိတ်လှုပ်ရှားလွယ်ခြင်း စတဲ့ သင်္ကေတတွေပါ။ ပန်းရောင်ကြိုက်နှစ်သက်သူတွေကတော့ အခြေအနေ မမှန်တဲ့ ချစ်ခြင်းတွေကို လိုချင် တဲ့သူတွေပါ။ အရည်အချင်း ၊ အဆင့်အတန်းမြင့်မားမှုကို လိုလားကြသူတွေပါ။ ဖက်ရှင်အနေနဲ့ကတော့ ချစ်စရာကောင်းပြီး စိတ်ကူးယဉ်ဆန်တဲ့ အသွင်အပြင်ကို ပုံပေါ်စေပါတယ်။

လိမ္မော်ရောင်

ကောင်းမွန်တဲ့ ဆက်ဆံရေး ၊ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ သက်သောင့်သက်သာမရှိမှု၊ စည်းမျဉ်းမရှိ ၊ ချိုးဖောက်မှုစတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ လိမ္မော်ရောင်ကြိုက်နှစ်သက်သူတွေကတော့ ရင်းနှီး နွေးထွေးမှု၊ အသိုင်းအ၀ိုင်း ၀င်ဆန့်မှု၊ လက်ခံနိုင်မှုစွမ်းရည် မြင့်မားမှုနဲ့ အချင်းချင်းလေးစားမှုစတဲ့ စရိုက်လက္ခဏာတွေရှိပါတယ်။ လိမ္မော်ရောင်ဟာ ၀တ်စုံတွေနဲ့ ဖက်ရှင်အပြင်အဆင်တွေတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိနိုင်ပါတယ်။

အပြာရောင်

တုံ့ပြန်မှုတွေကို ထိန်းချုပ်နိုင်ခြင်း၊ ၀မ်းနည်းခြင်း၊ သည်းခံခြင်း၊ မိမိကိုယ်ကိုယ် ထိန်းထားနိုင်ခြင်း စတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းခြင်း၊ အေးမြခြင်း၊ ပေါင်းစည်းခြင်း၊ အမှန်တရား သစ္စာရှိခြင်း စတဲ့ သင်္ကေတတွေလည်း သတ်မှတ်ထားပါတယ်။ အပြာရောင်နှစ်သက်သူတွေကတော့ စိတ်ငြိမ်းချမ်းမှုကို လိုလိုချင်ချင်ရှာဖွေနေကြတဲ့  အကြွင်းမဲ့အမှန်တရားကို ရှာဖွေနေကြတဲ့ စရိုက်ရှိသူတွေပါ။ ထိုသူတွေက အကျိုးအပြစ်နဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကြောင့်လည်း အမြဲတွေးတောနေတတ်ကြသူတွေပါ။ တည်ငြိမ်တဲ့အလှ ၊ တော်ဝင်ဆန်မှု စတဲ့ အရာတွေနဲ့ ဖက်ရှင်အပေါ် လွှမ်းမိုးစေတဲ့ အပြာရောင်ပါ။

 source:fashion

Read 1077 times
Rate this item
(0 votes)