What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ကျလှပချင်တဲ့ အမျိုးသမီးတိုင်းရောက်သင့်တဲ့နေရာတစ်ခု (သို့) RENE Mattias Fashion ဆိုင်လေး

သွားခါနီးလာခါနီးဆို ဘာဝတ်ရမှန်းမသိတဲ့ ဒုက္ခ၊ ဝတ်စုံတစ်စုံကို စက်ဆိုင်မှာ

တစ်လကျော်ကြာအောင်စောင့်မျှော်ရတဲ့ ဒုက္ခ၊ အပ်ချုပ်ဆိုင်တွေမှာ အချိန်တွေကြာလို့ ကိုယ်ဝတ်တဲ့အချိန်မှာ ဒီဇိုင်းတွေအောက်သွားတဲ့ ဒုက္ခ ၊ အလုပ်သွားခါနီးမှ ဘာဝတ်ရမှန်းမသိ မနက်ခင်းတိုင်းခေါင်းကိုက်ရတဲ့ ပြဿနာ ဒါတွေအားလုံးကို ဖြေရှင်းပေးမယ့် RENE Mattias Fashion ဆိုင်လေးမြန်မာနိုင်ငံကိုရောက်ရှိလာပါပီ။

RENE Mattias ဆိုတာက ဟောင်ကောင်အသိအမှတ်ပြုအမှတ်တံဆိပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ရာသီဥတုနဲ့ မြန်မာနိုင်ငံရဲ့ ဖက်ရှင် Trend နဲ့လည်း ကွက်တိကျတဲ့အမှတ်တံဆိပ်တစ်ခုပါ။ RENE Mattias Fashion ဆိုင်တွေမှာ အသက် ၁၈ နှစ် ကနေ ၄၀ အရွယ် အမျိုးသမီးတွေအတွက် ဖက်ရှင်ကျကျလှပတဲ့ အဆင့်အတန်းမြင့် အရည်အသွေးကောင်း ဒီဇိုင်းမျိုးစုံကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်သလို ဈေးနှုန်းအားဖြင့်လည်းသင့်တင့်ပါတယ်။ နေ့စဉ်အတွက် Casual Wear တွေရော ရုံးသမားတွေအတွက် Office Wear တွေအပြင် ဘယ်လိုပွဲမျိုးအတွက်ပဲဖြစ်ဖြစ် ရွေးချယ်စရာဝတ်စုံတွေက အများကြီးရှိပြီး ကိုယ့်အဝတ်အစားနဲ့လိုက်ဖက်တဲ့ ဖိနပ်တို့ အိတ်တို့ကိုပါ ရွေးချယ်နိုင်မှာဆိုတော့ အမျိုးသမီးတိုင်းအတွက်တော့ ဖက်ရှင်နိဗ္ဗာန်ဘုံလေးဖြစ်လာတာအသေအချာပါဘဲနော်။

28276443 902520599928980 774887325089818052 n28277172 902520613262312 2802567364011913541 n

RENE Mattias Fashion ဆိုင်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်(စနေနေ့)မှာ ကျင်းပခဲ့ပြီး အမျိုးသမီးတို့အတွက် လက်မလွတ်သင့်တဲ့အခွင့်အရေးကောင်းတွေရှိတဲ့ RENE Mattias Fashion ဆိုင်ကို အရောက်လာဖို့ဖိတ်ခေါ်လိုပါတယ်။ ဆိုင်ဖွင့်ပွဲကို အမှတ် ၂၀၀၂/၂၀၀၃၊ ပထမထပ်၊ Junction Square Shopping Center မှာကျင်းပမှာဖြစ်ပြီးညနေ ၅ နာရီခွဲအချိန်မှာ RENE Mattias မှတာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဆိုင်ဖွင့်ပွဲ Promotion အနေနဲ့ ဝယ်ယူတဲ့ Customer တွေကို ၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ဗလာမပါကံစမ်းမဲတွေလည်းပေးခဲ့ပါတယ်။
ဒီလိုဈေးလျှော့ပေးတဲ့အစီအစဉ်တွေအပြင် Junction Square Outdoor Promotion Area မှာ ညနေ ၆ နာရီမှစပြီး Fashion Show နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ အဆိုတော် Ar T နဲ့  ဖြူဖြူကျော်သိန်းတို့က Performance အပြည့်နဲ့ အားပါးတရ သီဆိုဖျော်ဖြေခဲ့ပြီး မော်ဒယ်လ် ရွှေအိမ်စည်၊ အမ်ဆိုင်းလု၊ နန်းခေးမားနဲ့ သန္တာဗိုလ် အစရှိတဲ့ နာမည်ကြီး မော်ဒယ်လ်တွေပါဝင်ပြီး Fashion Show ကိုလည်း ကျင်းပခဲ့ပါတယ်။ သရုပ်ဆောင် ရွှေမှုန်ရတီလည်း ဒီပွဲလေးကို တက်ရောက်ပြီး Live လွှင့်ပေးခဲ့ပါတယ်။ နောက်ပြီးထူးခြားတဲ့အစီအစဉ်တစ်ခုအနေနဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ လာရောက်ဝယ်ယူအားပေးသူများကို “Like, share, check-in and get 5% discount” တွေပေးသွားဦးမှာမို့ သူငယ်ချင်းတွေ မိသားစုတွေနဲ့လည်း နောက်တစ်ခေါက်လာနိုင်ပါသေးတယ်။

20526135 902519106595796 718223757786557421 n28276924 902519139929126 1659107665201124102 n

RENE Mattias Fashion ဆိုင်တွေကို Junction Square ပထမထပ်မှာသာမက စံရိပ်ငြိမ်ဂမုန်းပွင့် ပထမထပ်၊ အမှတ် ၁၅၇၊ ၇၃ လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့ နဲ့ တောင်ကြီးမြို့မှာရှိတဲ့ City Square Shopping Center ဒုတိယထပ်မှာလည်းဖွင့်လှစ်သွားဦးမှာပါ။ Online ကနေ ဝယ်ယူလိုသူတွေအနေနဲ့www.fb.com/renefashioncollection တို့မှာလည်း စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်နော်။ ၂၀၁၉ နှစ်စပိုင်းမှာ Franchise ပေးနိုင်အောင်လည်း လိုအပ်တဲ့ ဈေးကွက်လေ့လာစုံစမ်းမှုတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို စတင်လုပ်ဆောင်နေပြီမို့ RENE Mattias Fashion ကို Franchise လိုချင်သူတွေအနေနဲ့လည်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ဖက်ရှင်အတွက်စိတ်ညစ်စရာမလိုအောင် RENE Mattias Fashion ဆိုင်က ခမ်းနားပြည့်စုံ စုံလင်လွန်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေ၊ အထူးအစီအစဉ်တွေနဲ့ကြိုဆိုနေမှာမိုမတ် ၃ရက်နေ့အထိ RENE Mattias Fashionကိုသွားလိုက်ကြပါစို့။

Read 1598 times
Rate this item
(0 votes)