What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဦးထုပ္ ငါးသိန္း တစ္လနဲ႔ေရာင္း ကန္ေဒၚလာ တစ္ဆယ္သန္းရ

Zaw+Uni အီလြန္မတ္စ္က ကုမၸဏီအတြက္ ရင္းႏွီးျမႇုဳပ္ႏွံဖုိ႔ ေငြရွာတာမွာ အထည္ခ်ဳပ္က႑ရဲ႕ ထုတ္ကုန္တစ္မ်ဳိးျဖစ္တဲ့ ဦးထုပ္ အလုံး ငါးသိန္းကုိ

တစ္လနဲ႔အျပတ္ေရာင္းၿပီး ကန္ေဒၚလာ တစ္ဆယ္သန္း သဲ့ယူခဲ့ပါတယ္။
အနာဂတ္အတြက္ လွ်ပ္စစ္ကား Tesla လုပ္ငန္း၊ အာကာသထဲသုိ႔ ေဈးအသက္သာဆုံးျဖင့္ ၿဂိဳလ္တုမ်ားကုိ ဒုံးပ်ံျဖင့္ လႊတ္တင္ေပးေသာ SpaceX လုပ္ငန္း၊ ကမၻာ့အႀကီးဆုံး ေနစြမ္းအင္သုံး ဘက္ထရီအားသြင္းစက္႐ုံတုိ႔ကုိ လုပ္ကုိင္တဲ့ အီလြန္မတ္စ္က အေမရိကန္ႏုိင္ငံ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕မွာ ယာဥ္ေၾကာက်ပ္ၿပီး လမ္းပိတ္တာကုိ သည္းမခံႏုိင္လုိ႔ သူ႔အလုပ္နဲ႔ အိမ္အၾကား အလုပ္တက္ဆင္းမွာ ေမာင္းႏွင္ရတဲ့ ဟုိင္းေ၀းလမ္း I-405နဲ႔ အၿပိဳင္ျပဳတဲ့လမ္းေၾကာင္းျဖင့္ ေျမေအာက္ရထားလမ္းေဖာက္မယ္လုိ႔ အတိအလင္း ေၾကညာခဲ့တယ္။
အဲဒီရထားလမ္းေဖာက္ဖုိ႔ Boring Company ဆုိတဲ့အမည္ျဖင့္ ကုမၸဏီတစ္ခု ထူေထာင္တယ္။ အဲဒီကုမၸဏီအတြက္ အရင္းအႏွီးရွာတာမွာ အခုလုိ ဦးထုပ္ငါးသိန္းကုိ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။
ဦးထုပ္က ႐ုိးရွင္းတယ္။ အမည္းေရာင္ အထည္သားထူထူျဖင့္ ခ်ဳပ္လုပ္ထားတဲ့ ေဘာ့စ္ေဘာကစားသမားေဆာင္း ဦးထုပ္။ ေရွ႕ဘက္မွာ The Boring Company ဆုိတဲ့ ကုမၸဏီအမည္ လုိဂုိကုိ ပန္းထုိးထားတယ္။ ဦးထုပ္တစ္လုံးကုိ ကန္ေဒၚလာ ၂၀ တိတိျဖင့္ ေဈးဖြင့္ၿပီး ေရာင္းခ်ခဲ့တာ တစ္လအတြင္းမွာ ေရာင္းလုိ႔ ကုန္သြားတယ္။
ဦးထုပ္ခုေရ ငါးသိန္းကုိသာ ထုတ္လုပ္မယ္။ ထပ္မထုတ္ဘူး။ limited edition အျဖစ္ ခ်ဳပ္လုပ္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ခုေရက ငါးသိန္းဆုိေတာ့ အရမ္းေတာ့ အကန္႔အသတ္မျဖစ္ဘူး။ not-very-limited edition hat အရမ္း အကန္႔အသတ္ေတာ့ မျဖစ္တဲ့ ဦးထုပ္ဆုိၿပီး ေၾကာ္ျငာခဲ့ပါတယ္။

သူက ဦးထုပ္ေရာင္းလုိ႔ ကုန္တဲ့အခါ မီးတန္းပစ္ကိရိယာ flamethrower ေတြ ထုတ္လုပ္ ေရာင္းခ်ဖုိ႔ စီစဥ္ထားေၾကာင္းလည္း ေၾကညာထားတာ စိတ္၀င္တစား ျဖစ္ၾကရတယ္။ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ ၁၀ ရက္မွာ After 50k hats, we will start selling The Boring Company flamethrower လုိ႔ တြစ္တာမွာ သူက ေၾကညာခဲ့တယ္။
ခရစ္စမတ္ေန႔မွာေတာ့ ဦးထုပ္ေတြ ေရာင္းလုိ႔ ကုန္ၿပီ။ မီးတန္းပစ္ကိရိယာ မၾကာခင္လာမည္လုိ႔ တြစ္တာမွာ သူက ေၾကညာအသိေပးခဲ့ပါတယ္။
သူတည္ေဆာက္မယ့္ ေျမေအာက္လုိဏ္ဂူ အရြယ္အစားဟာ လက္ရွိသုံးေနတဲ့ ေျမေအာက္ရထားလမ္းလုိဏ္ဂူေတြထက္ ပုိက်ဥ္းေအာင္ လုပ္ၿပီး ကုန္က်စရိတ္ကုိ လက္ရွိပုံမွန္ကုန္က်စရိတ္ရဲ႕ တစ္ဆယ္ပုံတစ္ပုံသာ ရွိေအာင္ လုပ္မယ္လုိ႔ သူက ေျပာပါတယ္။ ဥမင္လုိဏ္ေခါင္းထဲမွာ ယာဥ္ေတြကုိ လွ်ပ္စစ္စကိတ္ေပၚတင္ၿပီး ေျပးဆြဲေပးမွာ ျဖစ္ပါတယ္။

Boring Company ဦးထုပ္ကုိ မရလုိက္သူေတြအဖုိ႔ ေျဖသိမ့္စရာအျဖစ္ သူ႔ရဲ႕ ကုမၸဏီတစ္ခုျဖစ္တဲ့ ဒုံးပ်ံလုပ္ငန္း SpaceX မွ ေရာင္းခ်တဲ့ ဦးထုပ္ေတြကုိ ၀ယ္လုိ႔ရပါတယ္။ ဦးထုပ္ ကုိးမ်ဳိးကုိ ထုတ္လုပ္ေရာင္းခ်ေပးေနပါတယ္။ အေရာင္အမ်ဳိးမ်ဳိးျဖင့္ ထုတ္လုပ္ထားတာျဖစ္ၿပီး ဦးထုပ္မွာ ေဖာ္ျပထားတာေတြကလည္း ကြဲျပားျခားနားပါတယ္။ X logo ၊ အဂၤါၿဂိဳလ္ မားစ္ကုိ သြားမယ့္ ခရီးစဥ္ကုိ လႈံ႕ေဆာ္တဲ့ Occupy Mars ေၾကြးေၾကာ္သံ စသျဖင့္ အသီးသီး ေဖာ္ျပေပးထားတယ္။ ေဈးႏႈန္းက ၁၈ ကန္ေဒၚလာ ျဖစ္ပါတယ္။
လွ်ပ္စစ္ကား Tesla Motors ကလည္း ဦးထုပ္ ေျခာက္မ်ဳိး ေရာင္းပါတယ္။ ေနကာ လွ်ာထုိးဦးထုပ္ေတြလည္း ေရာင္းပါတယ္။ ေဈးႏႈန္းက ကန္ေဒၚလာ ၃၀ ျဖစ္ပါတယ္။

 

tesla visor

UNI

ဦးထုပ် ငါးသိန်း တစ်လနဲ့ရောင်း ကန်ဒေါ်လာ ၁၀ သန်းရ
==============================
အီလွန်မတ်စ်က ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံဖို့ ငွေရှာတာမှာ အထည်ချုပ်ကဏ္ဍရဲ့ ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ဦးထုပ် အလုံး ငါးသိန်းကို တစ်လနဲ့အပြတ်ရောင်းပြီး ကန်ဒေါ်လာ ၁၀ သန်း သဲ့ယူခဲ့ပါတယ်။
အနာဂတ်အတွက် လျှပ်စစ်ကား Tesla လုပ်ငန်း၊

အာကာသထဲသို့ အသက်သာဆုံးဖြင့် ဂြိုလ်တုများကို ဒုံးပျံဖြင့် လွှတ်တင်ပေးသော SpaceX လုပ်ငန်း၊

ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ဘက်ထရီအားသွင်းစက်ရုံတို့ကို လုပ်ကိုင်တဲ့ အီလွန်မတ်စ်က

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ယာဉ်ကြောကျပ်ပြီး

လမ်းပိတ်တာကို သည်းမခံနိုင်လို့ သူ့အလုပ်နဲ့ အိမ်အကြား အလုပ်တက်ဆင်းမှာ

မောင်းနှင်ရတဲ့လမ်းမ I-405နဲ့ အပြိုင်ပြုတဲ့လမ်းကြောင်းဖြင့်

မြေအောက်ရထားလမ်းဖောက်မယ်လို့ အတိအလင်း ကြေညာခဲ့တယ်။
အဲဒီရထားလမ်းဖောက်ဖို့ Boring Company ဆိုတဲ့အမည်ဖြင့် ကုမ္ပဏီတစ်ခု ထူထောင်တယ်။ အဲဒီကုမ္ပဏီအတွက် အရင်းအနှီးရှာတာမှာ အခုလို ဦးထုပ်ငါးသိန်းကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဦးထုပ်က ရိုးရှင်းတယ်။ အမည်းရောင် အထည်သားထူထူဖြင့် ချုပ်လုပ်ထားတဲ့ ဘော့စ်ဘောကစားသမားဆောင်း ဦးထုပ်။ ရှေ့ဘက်မှာ The Boring Company ဆိုတဲ့ ကုမ္ပဏီအမည် လိုဂိုကို ပန်းထိုးထားတယ်။ ဦးထုပ်တစ်လုံးကို ကန်ဒေါ်လာ ၂၀ တိတိဖြင့် ဈေးဖွင့်ပြီး ရောင်းချခဲ့တာ တစ်လအတွင်းမှာ ရောင်းလို့ ကုန်သွားတယ်။
ဦးထုပ်ခုရေ ငါးသိန်းကိုသာ ထုတ်လုပ်မယ်။ ထပ်မထုတ်ဘူး။ limited edition အဖြစ် ချုပ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခုရေက ငါးသိန်းဆိုတော့ အရမ်းတော့ အကန့်အသတ်မဖြစ်ဘူး။ not-very-limited edition hat အရမ်း အကန့်အသတ်တော့ မဖြစ်တဲ့ ဦးထုပ်ဆိုပြီး ကြော်ငြာခဲ့ပါတယ်။

သူက ဦးထုပ်ရောင်းလို့ ကုန်တဲ့အခါ မီးတန်းပစ်ကိရိယာ flamethrower တွေ ထုတ်လုပ် ရောင်းချဖို့ စီစဉ်ထားကြောင်းလည်း ကြေညာထားတာ စိတ်ဝင်တစား ဖြစ်ကြရတယ်။ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ After 50k hats, we will start selling The Boring Company flamethrower လို့ တွစ်တာမှာ သူက ကြေညာခဲ့တယ်။
ခရစ်စမတ်နေ့မှာတော့ ဦးထုပ်တွေ ရောင်းလို့ ကုန်ပြီ။ မီးတန်းပစ်ကိရိယာ မကြာခင်လာမည်လို့ တွစ်တာမှာ သူက ကြေညာအသိပေးခဲ့ပါတယ်။
သူတည်ဆောက်မယ့် မြေအောက်လိုဏ်ဂူ အရွယ်အစားဟာ လက်ရှိသုံးနေတဲ့ မြေအောက်ရထားလမ်းလိုဏ်ဂူတွေထက် ပိုကျဉ်းအောင် လုပ်ပြီး ကုန်ကျစရိတ်ကို လက်ရှိပုံမှန်ကုန်ကျစရိတ်ရဲ့ တစ်ဆယ်ပုံတစ်ပုံသာ ရှိအောင် လုပ်မယ်လို့ သူက ပြောပါတယ်။ ဥမင်လိုဏ်ခေါင်းထဲမှာ ယာဉ်တွေကို လျှပ်စစ်စကိတ်ပေါ်တင်ပြီး ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။

Boring Company ဦးထုပ်ကို မရလိုက်သူတွေအဖို့ ဖြေသိမ့်စရာအဖြစ် သူ့ရဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဒုံးပျံလုပ်ငန်း SpaceX မှ ရောင်းချတဲ့ ဦးထုပ်တွေကို ဝယ်လို့ရပါတယ်။ ဦးထုပ် ကိုးမျိုးကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အရောင်အမျိုးမျိုးဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး ဦးထုပ်မှာ ဖော်ပြထားတာတွေကလည်း ကွဲပြားခြားနားပါတယ်။ X logo၊ အင်္ဂါဂြိုလ် မားစ်ကို သွားမယ့် ခရီးစဉ်ကို လှုံ့ဆော်တဲ့ Occupy Mars ကြွေးကြော်သံ စသဖြင့် အသီးသီး ဖော်ပြပေးထားတယ်။ ဈေးနှုန်းက ၁၈ ကန်ဒေါ်လာ ဖြစ်ပါတယ်။
လျှပ်စစ်ကား Tesla Motors ကလည်း ဦးထုပ် ခြောက်မျိုး ရောင်းပါတယ်။ နေကာ လျှာထိုးဦးထုပ်တွေလည်း ရောင်းပါတယ်။ ဈေးနှုန်းက ကန်ဒေါ်လာ ၃၀ ဖြစ်ပါတယ်။

Read 1135 times
Rate this item
(0 votes)