What's new

×

Warning

JUser: :_load: Unable to load user with ID: 845


LBD

zaw+uni 

Coco Chanel ရဲ႕ ခရီးရွည္ဟာ ေမာ္ကြန္းတင္ထုိက္တယ္။ ဖက္ရွင္ေလာကမွာ သမုိင္းတြင္တယ္။ Chanel ဆုိတဲ့ Brand ဟာ ဘာလဲဆုိတာကုိ

ေဖာ္ျပေပးေနတယ္။ Chanel ရဲ႕ brand တန္ဖုိးဟာ အခုအခါမွာ အေမရိကန္ေဒၚလာ ၇ ဘီလ်ံေက်ာ္ ရွိတယ္။ ကမၻာမွာ ဘယ္လုိဖက္ရွင္ လုိအပ္ေနသလဲဆုိတာကုိ သိတယ္။ အဲဒီ လုိေနတာေတြကုိ ဖက္ရွင္ထည္ေတြ ထုတ္လုပ္ၿပီး ျဖည့္ဆည္းေပးတယ္။ ‘Chanel No. 5’ ေရေမႊးဟာလည္း ျဖည့္ဆည္းမႈ တစ္ခုပဲ။
Chanel ရဲ႕ ဖက္ရွင္ထည္ေတြဟာ ေဈးအႀကီးဆုံးဖက္ရွင္ထည္ေတြထဲမွာ ပါေနေပမဲ့ အခုလုိ ေဈးႀကီးေပးထုိက္တယ္ဆုိတာကုိလည္း ေထာက္ခံခ်က္ေတြ ေပးေနတဲ့ ခရီးရွည္ ျဖစ္ပါတယ္။ အခုလုိ ေဈးအႀကီးဆုံး ဖက္ရွင္ထည္ေတြကုိ ထုတ္လုပ္ေနတဲ့ Chanel ရဲ႕ ခရီးရွည္ဟာ အမ်ဳိးသမီးတုိ႔အတြက္ လူတန္းစားမေရြး ၀တ္ဆင္ႏုိင္မယ့္ ေဈးႏႈန္းျဖင့္ ဖက္ရွင္ထည္တစ္မ်ဳိးကုိ ထုတ္လုပ္ေရာင္းခ်ျခင္းျဖင့္ တာစထြက္ခဲ့တာ ျဖစ္ပါတယ္။

litlle black dress

Coco Chanel ရဲ႕ ဖက္ရွင္ဒီဇုိင္းေတြထဲမွာ little black dress ဆုိတ့ဲ ေခါင္းစြပ္လွ်ဳိၿပီး ၀တ္လုိက္႐ုံပဲဆုိတဲ့ ဂ်ာစီပုံစံ ဖက္ရွင္ဟာ ဖက္ရွင္ေလာကအစဥ္အလာေတြကုိ ဖီဆန္ေျပာင္းလဲခဲ့တဲ့ ဖက္ရွင္အျဖစ္ သမုိင္းတြင္တယ္။ အဲဒီဂ်ာစီဖက္ရွင္ဟာ LBD လုိ႔ အတုိေကာက္အားျဖင့္ အမည္တြင္တယ္။
တစ္ထည္လုံး အမည္း။ တျခားဘာအေရာင္မွ မပါဘူး။ ဒီဇုိင္းကလည္း ႐ုိး႐ုိးရွင္းရွင္း၊ သာမန္ဂါ၀န္ေတြလုိ ေခါင္းကေန စြပ္ခ်ၿပီး ၀တ္လုိက္႐ုံပဲ။ LBD လုိ႔ အမည္တြင္မယ့္ ဖက္ရွင္ဒီဇုိင္းကုိ Coco Chanel က ၁၉၂၆ ခုႏွစ္္မွာ ဒီဇုိင္းထုတ္ခဲ့တယ္။ တျခားဖက္ရွင္ ဒီဇုိင္းသမားေတြက အေရာင္အေသြးေတြကုိ အားျပဳၿပီး ဖက္ရွင္ဒီဇုိင္းေတြ လုပ္ကုိင္ေနၾကခ်ိန္မွာ Coco Chanel က အမည္းတစ္ေရာင္တည္းျဖင့္ ဖက္ရွင္ဒီဇုိင္း ထုတ္လုိက္တယ္။ အဲဒီအခ်ိန္က လူအမ်ားရဲ႕ စိတ္မွာ ရွိေနတဲ့ အစြဲကုိ သူက ေျပာင္းျပန္လွန္ၿပီး ယူသုံးခဲ့တယ္။ သူက အခုလုိ ေျပာျပခဲ့ဖူးတယ္။
‘‘သူတုိ႔ရဲ႕ ေခါင္းထဲမွာ ရွိေနၾကတဲ့ အစဥ္အလာေတြအရ လက္မခံႏုိင္စရာ စိတ္ကူးေတြကုိ အခ်က္က်က် ဆြဲလွည့္ပစ္လုိက္တယ္။ အမည္းေရာင္က အဲဒီတုန္းက အသုဘအေရာင္၊ ျပင္သစ္မွာ ပထမကမၻာစစ္အတြင္း ေသဆုံးခဲ့ၾကတဲ့သူေတြ၊ စပိန္တုပ္ေကြးေၾကာင့္ ေသဆုံးခဲ့ၾကရသူေတြရဲ႕ က်န္ရစ္တဲ့ ဇနီးသည္ မုဆုိးမေတြ အမ်ားအျပားတုိ႔က ေန႔ဘက္မွာ အမည္းေရာင္၀တ္ၾကတယ္။ ၀မ္းနည္းေၾကကြဲရိပ္ကုိ အမည္းေရာင္ အ၀တ္အစားေတြနဲ႔ ျပသၾကတယ္’’
အဲဒီေခတ္က ခင္ပြန္းကြယ္လြန္ၿပီးတဲ့ေနာက္မွာ က်န္ရစ္သူ မုဆုိးမက ေန႔ခင္းဘက္ အျပင္ထြက္ရင္ အမည္းေရာင္ကုိပဲ ေလးႏွစ္တုိင္တုိင္ ၀တ္ၾကရတဲ့ ဓေလ့က ဥေရာပမွာ အခုိင္အမာ ရွိေနတယ္။
အဲဒီအမည္းေရာင္ကုိ သူက ဖက္ရွင္လုပ္ပစ္လုိက္တယ္။ ပုံစံခ်တာမွာလည္း သမား႐ုိးက်ပုံစံကုိ မယူဘူး။ အမ်ဳိးအသား အ၀တ္အစားမွ အခ်ဳိးခ်ပုံေတြကုိ ယူၿပီး ပုံစံေဖာ္ခဲ့တယ္။ ကုိယ္က်ပ္အ၀တ္အစားျဖစ္ေနေစမယ့္ အထည္သားကုိ ေရြးၿပီး သုံးစြဲတယ္။

coco channel BLD ad
အဲဒီေခတ္က ဖုိ႔ဒ္ကားေတြကုိ ေဈးသက္သက္သာသာျဖင့္ ထုတ္လုပ္ေရာင္းခ်ေပးလုိ႔ လူတန္းစားမေရြး ၀ယ္စီးႏုိင္ၾကတာကုိ တင္စားၿပီး ဖက္ရွင္မဂၢဇင္း Vogue က LBD ကုိ ေဖာ္ျပေပးခဲ့တာမွာ Chanel’s Ford လုိ႔ ေရးသားခဲ့တယ္။ လူတန္းစားမေရြး အမ်ဳိးသမီးတုိင္း ၀ယ္၀တ္ႏုိင္ေအာင္ ေဈးသက္သက္သာသာျဖင့္ ထုတ္လုပ္ေရာင္းခ်တဲ့ ဖက္ရွင္ျဖစ္ေၾကာင္းလည္း ေရးသားေဖာ္ျပခဲ့တယ္။ အမ်ဳိးသမီး အေတာ္မ်ားမ်ား ၀တ္ဆင္ၾကလုိ႔ ယူနီေဖာင္းတစ္ခုလုိေတာင္ ျဖစ္ေနၿပီလုိ႔လည္း ေရးသားခဲ့ပါတယ္။
အေမရိကန္ႏုိင္ငံမွာလည္း လူႀကိဳက္မ်ားခဲ့တယ္။ အေမရိကမွာ စီးပြားပ်က္ကပ္ ဆုိက္ေနခ်ိန္မွာ အေပအေတခံၿပီး တာရွည္ခံတဲ့အျပင္ ေဈးခ်ဳိသာတဲ့ LBD ဟာ အမ်ဳိးသမီး ရွိတဲ့ အိမ္တုိင္းလုိလုိမွာ တစ္ထည္ေတာ့ အနည္းဆုံး ရွိၾကတယ္။
အဲဒီလုိ ဆန္းသစ္တီထြင္ခဲ့တာမွာ ေအာင္ျမင္ခဲ့ၿပီး Coco Chanel ဟာ ကုိယ္ပုိင္စီးပြားေရးလုပ္ငန္းရွင္အျဖစ္သုိ႔ ေရာက္ရွိခဲ့တယ္။ ပါရီၿမိဳ႕မွာ showroom တစ္ခု ဖြင့္လွစ္ႏုိင္ခဲ့ပါတယ္။
LBD ဟာ သမုိင္းေၾကာင္း ခုိင္မာၿပီး အဓြန္႔ရွည္ တည္တံ့တဲ့ ဖက္ရွင္ထည္ ျဖစ္လာခဲ့ပါတယ္။

အထည္အလိပ္ အထည္ခ်ဳပ္ ဖက္ရွင္ . . . . .

Myanmar Textile & Garment Guide Facebook

 

UNI

LBD

Coco Chanel ရဲ့ ခရီးရှည်ဟာ မော်ကွန်းတင်ထိုက်တယ်။ ဖက်ရှင်လောကမှာ သမိုင်းတွင်တယ်။ Chanel ဆိုတဲ့ Brand ဟာ ဘာလဲဆိုတာကို ဖော်ပြပေးနေတယ်။ Chanel ရဲ့ brand တန်ဖိုးဟာ အခုအခါမှာ အမေရိကန်ဒေါ်လာ ၇ ဘီလျံကျော် ရှိတယ်။ ကမ္ဘာမှာ ဘယ်လိုဖက်ရှင် လိုအပ်နေသလဲဆိုတာကို သိတယ်။ အဲဒီ လိုနေတာတွေကို ဖက်ရှင်ထည်တွေ ထုတ်လုပ်ပြီး ဖြည့်ဆည်းပေးတယ်။ ‘Chanel No. 5’ ရေမွှေးဟာလည်း ဖြည့်ဆည်းမှု တစ်ခုပဲ။
Chanel ရဲ့ ဖက်ရှင်ထည်တွေဟာ ဈေးအကြီးဆုံးဖက်ရှင်ထည်တွေထဲမှာ ပါနေပေမဲ့ အခုလို ဈေးကြီးပေးထိုက်တယ်ဆိုတာကိုလည်း ထောက်ခံချက်တွေ ပေးနေတဲ့ ခရီးရှည် ဖြစ်ပါတယ်။ အခုလို ဈေးအကြီးဆုံး ဖက်ရှင်ထည်တွေကို ထုတ်လုပ်နေတဲ့ Chanel ရဲ့ ခရီးရှည်ဟာ အမျိုးသမီးတို့အတွက် လူတန်းစားမရွေး ဝတ်ဆင်နိုင်မယ့် ဈေးနှုန်းဖြင့် ဖက်ရှင်ထည်တစ်မျိုးကို ထုတ်လုပ်ရောင်းချခြင်းဖြင့် တာစထွက်ခဲ့တာ ဖြစ်ပါတယ်။

Coco Chanel ရဲ့ ဖက်ရှင်ဒီဇိုင်းတွေထဲမှာ little black dress ဆိုတဲ့ ခေါင်းစွပ်လျှိုပြီး ဝတ်လိုက်ရုံပဲဆိုတဲ့ ဂျာစီပုံစံ ဖက်ရှင်ဟာ ဖက်ရှင်လောကအစဉ်အလာတွေကို ဖီဆန်ပြောင်းလဲခဲ့တဲ့ ဖက်ရှင်အဖြစ် သမိုင်းတွင်တယ်။ အဲဒီဂျာစီဖက်ရှင်ဟာ LBD လို့ အတိုကောက်အားဖြင့် အမည်တွင်တယ်။
တစ်ထည်လုံး အမည်း။ တခြားဘာအရောင်မှ မပါဘူး။ ဒီဇိုင်းကလည်း ရိုးရိုးရှင်းရှင်း၊ သာမန်ဂါဝန်တွေလို ခေါင်းကနေ စွပ်ချပြီး ဝတ်လိုက်ရုံပဲ။ LBD လို့ အမည်တွင်မယ့် ဖက်ရှင်ဒီဇိုင်းကို Coco Chanel က ၁၉၂၆ ခုနှစ်မှာ ဒီဇိုင်းထုတ်ခဲ့တယ်။ တခြားဖက်ရှင် ဒီဇိုင်းသမားတွေက အရောင်အသွေးတွေကို အားပြုပြီး ဖက်ရှင်ဒီဇိုင်းတွေ လုပ်ကိုင်နကြေချိန်မှာ Coco Chanel က အမည်းတစ်ရောင်တည်းဖြင့် ဖက်ရှင်ဒီဇိုင်း ထုတ်လိုက်တယ်။ အဲဒီအချိန်က လူအများရဲ့ စိတ်မှာ ရှိနေတဲ့ အစွဲကို သူက ပြောင်းပြန်လှန်ပြီး ယူသုံးခဲ့တယ်။ သူက အခုလို ပြောပြခဲ့ဖူးတယ်။
‘‘သူတို့ရဲ့ ခေါင်းထဲမှာ ရှိနကြေတဲ့ အစဉ်အလာတွေအရ လက်မခံနိုင်စရာ စိတ်ကူးတွေကို အချက်ကျကျ ဆွဲလှည့်ပစ်လိုက်တယ်။ အမည်းရောင်က အဲဒီတုန်းက အသုဘအရောင်၊ ပြင်သစ်မှာ ပထမကမ္ဘာစစ်အတွင်း သေဆုံးခဲ့ကြတဲ့သူတွေ၊ စပိန်တုပ်ကွေးကြောင့် သေဆုံးခဲ့ကြရသူတွေရဲ့ ကျန်ရစ်တဲ့ ဇနီးသည် မုဆိုးမတွေ အများအပြားတို့က နေ့ဘက်မှာ အမည်းရောင်ဝတ်ကြတယ်။ ဝမ်းနည်းကြေကွဲရိပ်ကို အမည်းရောင် အဝတ်အစားတွေနဲ့ ပြသကြတယ်’’
အဲဒီခေတ်က ခင်ပွန်းကွယ်လွန်ပြီးတဲ့နောက်မှာ ကျန်ရစ်သူ မုဆိုးမက နေ့ခင်းဘက် အပြင်ထွက်ရင် အမည်းရောင်ကိုပဲ လေးနှစ်တိုင်တိုင် ဝတ်ကြရတဲ့ ဓလေ့က ဥရောပမှာ အခိုင်အမာ ရှိနေတယ်။
အဲဒီအမည်းရောင်ကို သူက ဖက်ရှင်လုပ်ပစ်လိုက်တယ်။ ပုံစံချတာမှာလည်း သမားရိုးကျပုံစံကို မယူဘူး။ အမျိုးအသား အဝတ်အစားမှ အချိုးချပုံတွေကို ယူပြီး ပုံစံဖော်ခဲ့တယ်။ ကိုယ်ကျပ်အဝတ်အစားဖြစ်နေစေမယ့် အထည်သားကို ရွေးပြီး သုံးစွဲတယ်။
အဲဒီခေတ်က ဖို့ဒ်ကားတွေကို ဈေးသက်သက်သာသာဖြင့် ထုတ်လုပ်ရောင်းချပေးလို့ လူတန်းစားမရွေး ဝယ်စီးနိုင်ကြတာကို တင်စားပြီး ဖက်ရှင်မဂ္ဂဇင်း Vogue က LBD ကို ဖော်ပြပေးခဲ့တာမှာ Chanel’s Ford လို့ ရေးသားခဲ့တယ်။ လူတန်းစားမရွေး အမျိုးသမီးတိုင်း ဝယ်ဝတ်နိုင်အောင် ဈေးသက်သက်သာသာဖြင့် ထုတ်လုပ်ရောင်းချတဲ့ ဖက်ရှင်ဖြစ်ကြောင်းလည်း ရေးသားဖော်ပြခဲ့တယ်။ အမျိုးသမီး အတော်များများ ဝတ်ဆင်ကြလို့ ယူနီဖောင်းတစ်ခုလိုတောင် ဖြစ်နပြေီလို့လည်း ရေးသားခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာလည်း လူကြိုက်များခဲ့တယ်။ အမေရိကမှာ စီးပွားပျက်ကပ် ဆိုက်နေချိန်မှာ အပေအတေခံပြီး တာရှည်ခံတဲ့အပြင် ဈေးချိုသာတဲ့ LBD ဟာ အမျိုးသမီး ရှိတဲ့ အိမ်တိုင်းလိုလိုမှာ တစ်ထည်တော့ အနည်းဆုံး ရှိကြတယ်။
အဲဒီလို ဆန်းသစ်တီထွင်ခဲ့တာမှာ အောင်မြင်ခဲ့ပြီး Coco Chanel ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်အဖြစ်သို့ ရောက်ရှိခဲ့တယ်။ ပါရီမြို့မှာ showroom တစ်ခု ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
LBD ဟာ သမိုင်းကြောင်း ခိုင်မာပြီး အဓွန့်ရှည် တည်တံ့တဲ့ ဖက်ရှင်ထည် ဖြစ်လာခဲ့ပါတယ်။

Read 1056 times
Rate this item
(0 votes)