What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆောင်းတွင်းဖက်ရှင်

ဆောင်းတွင်းဖက်ရှင်အကြောင်းလေး ရေးပေးမယ် ရေးပေးမယ်။ ဆောင်းတွင်း ဖက်ရှင်ဆိုပေမယ့် အနွေးထည်အထူကြီးတွေ heavy ၀တ်ရတာမျိုး မဟုတ်ပဲ နေ့လည်နေ့ခင်း ထသွားထလာအတွက် အဓိက ရည်ရွယ်ပါတယ်နော်။ အထူးသဖြင့် နေ့လည်ပိုင်းမှာပိုင်းမှာ တအားမအေးပဲ အပေါ်တစ်ထပ်လောက် ၀တ်သွားရုံနဲ့ အဆင်ပြေတဲ့ နေရာဒေသက ပျိုမေတွေအတွက် ပိုသင့်တော်ပါလိမ့်မယ်။ ကဲ ဆောင်းတွင်းဖက်ရှင်အတွက် ဘာလေးတွေက အဓိကကျမလဲ ကြည့်ကြရအောင်။

၁။ ဂျင်းဂျက်ကတ်၊ ဂျင်းရှပ်၊ ဂျင်းဝေ့စကုတ်
ရာသီတိုင်းအတွက် အမြဲတမ်းရွေးချယ်သင့်တဲ့ ဂျင်းကို ဒီတစ်ခါတော့ ဘောင်းဘီတင်မကတော့ပဲ ဂျင်းရှပ်အပါးလေးတွေ၊ ဂျင်းဂျတ်ကတ်တွေအထိပါ အပေါ်၊အောက် Jean on Jean တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဟိုးအရင် Old School အထာပေါက်အောင် jean jacket ပွပွကြီးတွေ သဘောကျနေပါတယ်။ အဲ့ဒါကိုမှ အောက်က ဂျင်းဘောင်းဘီ အကျပ်ဖြစ်ဖြစ်၊ အပွ ကြိုက်တာနဲ့ တွဲဝတ်နိုင်ပါတယ်။ဂျင်းနဲ့ပတ်သက်ပြီးေ ခုနပြောသလို ရှပ်၊ တီရှပ် တစ်ထည်ထည်ပေါ် jean jacket အပွကို ကောက်စွပ်မယ်။ အောက်ကနေ မပွတပွ ဂျင်းဘောင်းဘီကို ၀တ်မယ်။ ခါးပတ်ခပ်ကြီးကြီးပတ်ပြီး ခါးပတ်ကို ပေါ်အောင် ၀တ်ပါမယ်။ နောက် အောက်က boot ဒါမှမဟုတ် sneaker စီးပါမယ်။ အိတ်ကိုတော့ ချည်လွယ်အိတ် လွယ်ချင်လွယ်မယ်။ မဟုတ်ရင်တော့ ကျောပိုးအိတ်လွယ်တဲ့ ဖက်ရှင်မျိုးကို ဆင်မြန်းဖြစ်မယ် ထင်ပါတယ်။

၂။ Pullover၊ Hoodie
ဒီရာသီအတွက် ပျိုမေတွေ ကြိုစုထားခဲ့တဲ့ အနွေးထည်ပုံစံမျိုးလေးတွေထဲမှာ Pullover လို ၊ Hoodie ခေါင်းစွပ် ဒီဇိုင်းလေးတွေ ပါရင်လည်း အောက်က ဘောင်းဘီရှည်နဲ့ တွဲဝတ်လို့ရတာပါပဲ။ ပိုအေးတဲ့နေရာတွေဆိုရင်တော့ အဲ့ဒီလို Pullover နဲ့ Hoodie ပေါ်မှာ Jacket လေးတစ်ထည်ကို ထပ်ဝတ်လို့ရပါသေးတယ်နော်။Pullover၊ Hoodie နဲ့ပတ်သက်ပြီးအပေါ်က Hoodie ကို အောက်ကနေ Ripped Jeans ဂျင်းဒူးပြဲ လို ဟာမျိုးနဲ့ Vans ဒါမှမဟုတ် All Star လို sneaker နဲ့စီးပါမယ်။

၃။ Jumpsuit
လူတွေ မထင်ထားမိအောင် ဆောင်းရာသီအတွက် အရေးပါတဲ့ နောက်ထပ်ဖက်ရှင်တစ်မျိုးကတော့ Jumpsuit ဖက်ရှင်ပါပဲ။ သူ့ကို အောက်က ဆွယ်တာအပါး၊ ဒါမှမဟုတ် အကျီလက်ရှည်၊ အတိုကြိုက်တာနဲ့ တွဲဝတ်နိုင်ပါတယ်။ အောက်ကလည်း ကြိုးသိုင်းဖိနပ်အပါး၊ flat လိုလွယ်လွယ်ကူကူကောက်စွပ်လို့ရတဲ့ ရှုးဖိနပ်အပါးလေးတွေနဲ့ ဆင်မြန်းနိုင်ပါတယ်။Jumpsuit နဲ့ပတ်သက်ပြီး မေသော့် taste ကတော့ အောက်က ဆွယ်တာ လက်ရှည်ပေါ်မှာ ဒူးလောက်ရှိတဲ့ Jumpsuitကို ကောက်စွပ်သွားပါမယ်။ ပိုက်ဆံအိတ်ကို လွယ်မယ်။ ဖိနပ်ကို Adidas Superstar လေးစီးပါမယ်။

၎။ ရှပ်အကွက်
ထသွားထလာအတွက် ဆောင်းရာသီမှာ မရှိမဖြစ်လိုအပ်တာက ရှပ်အကျီအကွက်လေးတွေပေါ။ ဖလန်နယ်အကွက်လေးတွေကလည်း ဒီရာသီအတွက် အံကိုက်ပါပဲ။ သူကို့ စကတ်နဲ့ဖြစ်ဖြစ်၊ ဘောင်းဘီရှည်နဲ့ဖြစ်ဖြစ် တွဲဝတ်နိုင်သလို အပေါ်ကပဲထပ်ထပ်၊ တစ်ထပ်တည်းပဲ ၀တ်ဝတ် အဆင်ပြေပါတယ်နော်။ နောက်ထပ်တစ်မျိုးက ဗြောင်ကာလာ ဒူးလောက်ရှိတဲ့ dressမျိုးပေါ်ထပ်ပြီးတော့လည်း ဖလန်နယ်အကွက်လေးတွေ ဆင်မြန်းနိုင်ပါတယ်။ဖလန်နယ်အကွက်နဲ့ပတ်သက်ပြီး တီရှပ်အဖြူ ဒါမှမဟုတ် အနက်ပေါ်မှာ ဖလန်နက်အကွက်လေး ၀တ်မယ်။ ပြီးရင် အောက်က ဘောင်းဘီထဲ ဖလန်နယ်အောက်ကခံဝတ်ထားတဲ့ တီရှပ်ကို ထည့်ပြီး ခါးပတ်ခေါင်းလေး ဖော်ဝတ်မယ်။ ankle boot အနက်နဲ့ တွဲဝတ်ချင်ပါတယ်။ ခရီးသွားတဲ့အခါဆိုရင်တော့ ခေါင်းစွပ်လေးပါ စွပ်ဦးမှာပါ။

၅။ ဆွယ်တာ
 ဆွယ်တာကတော့ ဆောင်းတွင်းနဲ့ အလိုက်ဖက်ဆုံးပါပဲ။ သူ့ကို အောက်က တစ်ထပ်ခံပြီးတော့ ၀တ်နိုင်သလို တစ်ထပ်တည်းလည်း ၀တ်နိုင်ပါတယ်။ ဆွယ်တာက ခပ်ပွပွဆို၇င် ကပိုကရိုနဲ့ပိုကြည့်ကောင်းပါလိမ့်မယ်။ သူ့ကိုတော့ ဘောင်းဘီဆို skinny jean နဲ့တွဲဝတ်ပါ။ စကတ်အတိုနဲ့ ၀တ်မယ်ဆိုရင်တော့ ရာသီဥတုကို ကြည့်ပြီး အတိုအရှည်ကို ရွေးစေချင်ပါတယ်။ သူ့ကို ဂါဝန်၊ dress တွေ အပေါ်ကလည်း ထပ်ဝတ်နိုင်ပါသေးတယ်နော်။

၆။လည်သာဖက်ရှင်
လည်သာဂျက်ကတ်တွေ ၀ယ်ထားပြီး ခုချိန်မှထုတ်မ၀တ်ရင် ဘယ်အချိန်ထုတ်ဝတ်တော့မှာလဲနော်။ လည်သာဘောင်းဘီအကျပ်တွေ၊ ဂျက်ကတ်တွေကို ခုပဲ dress အပေါ်က ထပ်ဝတ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တီရှပ်၊ ရှပ်အကျီတွေအပေါ်က ထပ်ဝတ်ပြီးတော့ပဲဖြစ်ဖြစ် ဖက်ရှင်ကျအောင် ဆင်မြန်းလိုက်ပါတော့လို့။

၇။sporty ဖက်ရှင်
မကြာသေးခင်က ခေတ်စားခဲ့ပြီးဖြစ်တဲ့ sweat pant လေးတွေက ဒီရာသီနဲ့အဆင်ပြေစေပါလိမ့်မယ်။ သူ့ကိုလည်း အပေါ်က တီရှပ်၊ ပြီးတော့ Leather jacket တွေနဲ့ အဆင်ပြေအောင် တွဲဝတ်နိုင်ပါတယ်။ Hoodie တို့ဘာတို့နဲ့လည်း ၀တ်နိုင်ပါတယ်နော်။ ဖိနပ်ကိုတော့ sneaker တွေသာ ရွေးချယ်ဖို့အကြံပေးချင်ပါတယ်ရှင်။

၈။ စစ်စိမ်းရောင် Jacket အမိုက်စားများ
လွန်ခဲ့တဲ့ လေးနှစ်လောက်က ဖက်ရှင်ရေစီးကြောင်းထဲ ပြန်လည်ဝင်ရောက်လာတဲ့ စစ်စိမ်းရောင် Jacket တွေဟာ ပျိုမေတွေအတွက် ရှိကိုရှိသင့်တဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ သူ့ကို အနွေးထည်အဖြစ်ပဲ ရှပ်၊ တီရှပ်ပေါ်က ၀တ်ဝတ်၊ ဂါဝန်၊ dress တွေပေါ်က ဆင်မြန်းဆင်မြန်း အထာကျလွန်းသလို တအားကြီး ကြိုးစားအားထုတ်ပြင်ဆင်ထားရပုံ လုံးဝမပေါက်တာကြောင့် ပျိုမေတွေအကြိုက် ဖြစ်ပါလိမ့်မယ်။

 ဒီဆောင်းတွင်းဖက်ရှင်လေးက သဘောကျတာတွေရော၊ ပျိုမေတွေအတွက် အဆင်ပြေမယ်ထင်တဲ့အရာလေးတွေကိုစိတ်ထဲရှိသလို စုစည်းရေးပေးထားတာပါ။ ဆယ်ယောက်မှာ တစ်ယောက်အတွက်တော့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါကိုသည်းခံဖတ်ပေးကြပါလို့။

source:i am fashion

Read 963 times
Rate this item
(1 Vote)