Tokyo မြို့မှာတော့ 2018 နွေဦး ရာသီစာတွေအဖြစ် ဒီဇိုင်နာတွေက သူတို့ရဲ့ Collection တွေကိုခင်းကျင်းလို့ နေကြတာပါ။ လျှောက်လမ်းထက်က ၀တ်စုံတွေထက် လမ်းမထက်က ၀တ်စုံတွေကို ပိုလို့ မျက်စိကျမိတာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ တိုကျိုသား တိုကျိုသူတွေရဲ့ Street Styles တွေက လုံးဝကို ဂေါ်နေကြလို့လေ။
အကွက်ဆင် ဒီဇိုင်း ကုတ်အဟောင်းတွေ ကစလို့ ကြမ်းခက်းထိ ရှည်တဲ့ Trench Coats တွေ၊ အာရှဒေသမှာ အမြဲ တွေ့မြင်နေကျ Punk-Rock ဟန်ပန် ဖက်ရှင်တွေ၊ အရောင်စုံ သုံးလို့ ထင်းနေအောင် ပြုလုပ်ထားတဲ့ ဖက်ရှင်တွေနဲ့ Sporty ဘက်သွားတဲ့ ဒီဇိုင်းတွေကို အတိုင်းသား ခံစားတွေ့မြင်ရမှာပါ။ ကဲ..Tokyo Fashion Week အတွင်းက ဖက်ရှင် ခေတ်စားမှု လှိုင်းလုံးကြီးပေါ် စီးမျောလိုက်ပါအုံး.........
source:posh