What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်သစ်တစ်ခု ဖြစ်လာတဲ့ Pajama Robe Dressing

Gigi Hadid ရဲ့ ပိုးသားစင်း Sweatsuit နဲ့ Copenhagen Fashion Week ရဲ့အဆုံးမရှိတဲ့ ရေစီးကြောင်းက အရှိန်ရလာပြီးနောက်မှာတော့ အိပ်ယာဝင် ဝတ်စုံဆန်ဆန် ဖန်တီးထားတဲ့ Pajamaတွေက သက်တောင့်သက်သာရှိမှုနဲ့ စတိုင်လ်ကျမှုကို ပေးစွမ်းနိုင်တယ်ဆိုတာ သိလာကြပါတယ်။

ဒါ့အပြင် နောက်ထပ် ဖန်တီးမှုတစ်ခုကိုစိန်ခေါ်ဖို့ ဖြစ်လာသလို ရေကူးကန်ဘေးမှာသာမက Runway မှာရော ကြီးစိုးလာတာ Robeတွေပါ။ ညအိပ်ဝတ်ရုံလို Robeတွေက ပေါ့ပါးတဲ့ အသွင်အပြင်တွေကို ပေးစွမ်းနိုင်သလိုနေ့စဉ်သွားလာတဲ့အခါ ဝတ်တဲ့ဝတ်စုံတွေအဖြစ် တစ်ဖန်ပြောင်းလဲ စွမ်းဆောင်နိုင်တာ အသေအချာပါပဲ။

gigi hadid pajama min

 

Borgo De Nor ရဲ့ အမိုက်စား ချယ်ရီသီးရောင် ပွင့်ရိုက် Robe ဒါမှမဟုတ် Andrea Degreas ရဲ့ လည်ပင်းဟိုက် အစိမ်းရင့်ရောင် ပိုးသား ဝတ်ရုံတွေဟာ ကမ်းခြေကနေ ညဘက်ဒင်နာတွေထိကိုပါ ဝတ်ဆင်နိုင်ပြီး Balenciagaရဲ့ အပြာဖျော့ရောင် ချည်သားစင်း ဝတ်ရုံကတော့ ရေကူးသွားမယ်ဆိုရင် တော်တော်လေးကို ရှိုးထုတ်လို့ ကောင်းမှာပါ။

Borgo De Nor min
Borgo De Nor

 

Balenciaga min
Balenciaga

အဝတ်အစားဖက်ရှင်တွေနဲ့ လိုက်ဖက်တဲ့ ဖိနပ်လေးတွေ

 

Rhode Resort min
Rhode Resort

ရိုးရာအငွေ့သက်သက် ခပ်ပါးပါးလေး ပါဝင်နေတဲ့ ဝတ်ရုံတွေကို ပြောရမယ်ဆိုရင်တော့ စိတ်ဝင်စားဖွယ်ကောင်းပြီး အမွှေးအမျှင်ပါးပါးလေးတွေကို ထည့်သွင်းထားတဲ့ Rhode Resort ရဲ့ ပွင့်ရိုက်ဆင် ခါးစည်းဝတ်စုံ၊လက်မှာ အတွန့်အဖတ်တွေ ထည့်ထားတဲ့ နှစ်လိုဖွယ်စတိုင်လ်ကနေCasual lookကို ပြောင်းလဲလိုက်တဲ့ Athena Procopiou ရဲ့ ပိုးသားကီမိုနိုဝတ်စုံတွေကို ညွှန်းဆိုရမှာဖြစ်ပါတယ်။

 

Source:mingalarbar

Read 1383 times
Rate this item
(1 Vote)