What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ဝန်ဆောင်ဖက်ရှင်နဲ့ ကိုယ်ဝန်ဆောင်အ၀တ်အစားတွေကို DIYလုပ်ပုံ

ကိုယ်ဝန်ဆောင်ဖက်ရှင်နဲ့ ကိုယ်ဝန်ဆောင်အ၀တ်အစားတွေကို DIYလုပ်ပုံ facebook
ကိုယ်ဝန်ဆောင်ဖက်ရှင်လေး အကြောင်းလေး နည်းနည်းဝေမျှ ပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင် အဝတ်အစားတွေနဲ့ ပတ်သက်ပြီး DIY လုပ်နိုင်တယ်ဆိုတဲ့ အကြောင်းလေးပါ ပုံလေးတွေနဲ့တကွ ရေးပေးထားပါတယ်နော်။

 ကိုယ်ဝန်စဆောင်ပြီဆိုကတည်းက အမျိုးသမီးတွေအနေနဲ့ စသတိထားရမှာက ဘောင်းဘီဆို ခါးနေရာ ဗိုက်နေရာက သိပ်ကျပ်တာတွေ ရှောင်ဖို့ပါ။ ဗိုက်မထွက်မချင်း ဝတ်လို့ရတယ်ဆိုပေမယ့် လနုကတည်းက ဂရုစိုက်တာ ကောင်းပါတယ်။ ခါးက သရေရှုံ့ကြိုးမျိုးနဲ့ ဝတ်ရတာ အဆင်ပြေတယ်။ ကိုယ်ချွတ်လိုက်တဲ့အခါ ဗိုက်ကအရာကြီး ကျန်ခဲ့တာ မရှိဘူးဆိုရင်တော့ အဲ့လိုဘောင်းဘီမျိုး ဝတ်နိုင်ပါတယ်။ ကိုယ်က ဂျင်းဘောင်းဘီပဲ ဝတ်လေ့ဝတ်ထရှိတာမို့ ဂျင်းပဲဝတ်ချင်ရင်တော့ ကိုယ်ဝန်ဆောင်ဝတ်ဂျင်းတွေ ထွက်ပါတယ်။ အဲ့ဒါမျိုး ဒီဇိုင်းတွေက သိပ်မဆန်းဘူး။ ကိုယ်ကအသားလည်း မကြိုက်ဘူးဆိုရင် အောက်ကပုံတွေထဲမှာ DIY လုပ်နိုင်တဲ့ နည်းကို ပုံနဲ့ပြပေးထားပါတယ်။ ခါးဘေးနှစ်ဖက်နေရာမှာ သရေကြိုးထည့်မလား။ ဒါမှမဟုတ် ဗိုက်နေရာကို ဖြတ်ပြီး ဆွဲသားပိတ်စပြန်ကပ်ချုပ်မလား ဆိုတာ မျိုးပေါ့။

ကိုယ်ဝန်နည်းနည်းရင့်လာပြီဆိုရင် ရွေးချယ်မှုက ကိုယ်ဝန်ဆောင်တွေ အတွက် ပိုနည်းသွားပြီလို့ ထင်ချင်စရာရှိပါတယ်။ အဲ့ဒီပိုနည်းသွားပါတယ်ဆိုတဲ့အထဲက ခေတ်နဲ့လည်းညီ အထာလည်းကျမယ့် ဒီဇိုင်းလေးတွေ ပြောချင်တာပါ။
20708492 1365270106926392 7794310500337450375 n
ကိုယ်ဝန်ဆောင်တွေအတွက် သက်သောင့်သက်သာ ရှိတဲ့ ဒီဇိုင်းတွေကတော့ -
- Slip Dress တွေဝတ်ရတာအဆင်ပြေပါတယ်။ မြင်သာအောင် ပြောရရင် အောက်ကအကျီကို အပေါ်က ကြိုးတစ်ချောင်း dressွှရှည်လေး ထပ်စွပ်သလို ခုခေတ်စားတဲ့ ဒီဇိုင်းမျိုးပါပဲ။ သူ့ကို နောက်တစ်မျိုးအနေနဲ့ အောက်ခံ dress လိုဝတ်နိုင်ပြီး အပေါ်က တစ်ခုခု jacket/ bomber jacket ထပ်ဝတ်ပြီးတော့လည်း စတိုင်ထုတ်နိုင်ပါတယ်။ အထဲက slip dress အနက်ကို အပေါ်က လက်ပြတ် jean jacket နဲ့ တွဲထပ်ဝတ်တာမျိုးပေါ့။
-ဒူးအတိလောက်ရှိတဲ့ dress အကားလေးတွေကတော့ ထသွားထလာကောက်စွပ်ဖို့အတွက် မရှိမဖြစ်ပါပဲနော်။
20664884 1365270253593044 1726919427110127089 n20770471 1365270216926381 2584747469296117836 n
-Shirt Dress ပွပွလေးတွေကလည်း ခေတ်မီအထာကျတာပါပဲ။ တစ်ခုသတိထားရမှာက Shirt Dress ဝတ်မယ်ဆို အရင်ကထက် ပိုကြီးပြပွတာကို ရွေးရမှာပါ။ ကြယ်သီးတပ်လိုက်တဲ့အခါ ဗိုက်ကျပ်နေမှာ စိုးလို့ပါ။ ပွတာရွေးထားမိလို့ ကလေးမွေးပြီး ပြန်ဝတ်ချင်ရင် ခါးမှာ ခါးပတ်ကောက်ပတ်လိုက်ရုံပါပဲနော်။
-DIY အဝတ်အစားတွေ အိမ်မှာ ထွင်ကြည့်ပါ။ အကျီနှစ်ထည်ကို ဘယ်လိုစပ်ပြီး ချုပ်လို့ရတယ် ဆိုတာမျိုးတွေ ပြပေးထားပါတယ်။ ပုံကြည့်တာနဲ့ သိနိုင်ပါတယ်။
20729529 1365271106926292 1140568813240798746 n20768103 1365271223592947 6052263481414807178 n20664865 1365271233592946 7227750898186858629 n
- ဆွယ်တာသား/ဆွဲသား အကျပ်လေးတွေကတော့ ချစ်တို့ကိုယ်ဝန်နဲ့ ဘယ်လောက်လှကြောင်းကို သက်သေပြနိုင်မယ့် အသားတွေပေါ့။ သူတို့ကတော့ ခန္ဓာကိုယ်နဲ့ အကပ်လေးပဲမို့ ရိုးရိုးလေးနဲ့ လှပါတယ်။
- Dress တွေထဲမှာ ဗိုက်စည်းထားတဲ့ ဒီဇိုင်းမဟုတ်ပဲ ရင်သားနေရာက အရှုံ့ပါတာမျိုး စည်းတာမျိုးလောက်ဆို ဝတ်လို့လှပါတယ်။ စည်းတဲ့နေရာလည်း ပြီးရော ဗိုက်ကလေးက အောက်မှာလုံးထွက်နေတာမျိုးပေါ့။ တစ်ချို့ ခါးစည်း dress အရှည်ဆိုလည်း ခါးနေရာကို ရင်သားအောက် တွန်းပို့ဝတ်နိုင်တယ်နော်။
- Maxi Dress လေးတွေ ရှာဝတ်ပါ။ ခုဆို Maxi Dressရှည် အောက်နားကြယ်သီးတပ် ဒီဇိုင်းမျိုးစုံ ထွက်လာပြီနော်။
20840673 1365271270259609 394783896605124041 n20769941 1365271330259603 6752913714547088853 n
- wrap လုပ်ထားပြီး ဆွဲသားပါတဲ့ အပွင့်အထပ် ဒီဇိုင်းလေးတွေ ခုအများကြီးထွက်နေပါပြီ။ မေသော်ပြောနေကျ ruffle အတွန့်အဖတ် ဒီဇိုင်း dress တွေလည်း BFF brand နဲ့ထွက်နေပြီဆိုတော့ အဲ့အထဲက အဆင်ပြေမယ့် dress မျိုးရှာပါ။
- Overall jean တွေဝတ်မယ်ဆို ကိုယ်ဝန် လေးလလောက်ကတည်းက Overall jean အရှည်က တော်တော်လေးပွမှကို ဝတ်လို့ရပါလိမ့်မယ်။ Jean အတို ဒါမှမဟုတ် စကတ်ကတော့ ပိုအဆင်ပြေပါတယ်။ jumpsuitလည်း ဒီအတိုင်းပါပဲ။ အရှည်တွေက ကိုယ်တိုင်ဝတ်ကြည့်ဝယ်တာ ပိုကောင်းပါတယ်။ online shop ကဆို ကိုယ့်ဘော်ဒီနဲ့အဆင်မပြေတာတွေ ဖြစ်တတ်တာမို့ပါ။
-သိပ်ကျပ်တဲ့ dress ဘောင်းဘီရှည် အဝတ်အစားမျိုးတွေကိုတော့ တတ်နိုင်သလောက် ဘယ်လောက်လှလှရှောင်ပါ။ ကိုယ်နဲ့ ease ဖြစ်တဲ့ dress ဆိုရပါတယ်။ အသားကဆွဲသားပါရင် ကိစ္စမရှိပါဘူး။
- အပေါ်ထပ်ဝတ်မယ့် jacket/bomber jacket/hoodie စတာတွေကိုတော့ ကိုယ်မဆင်ပြေမယ်ထင်သလို တွဲစပ်ဝတ်နိုင်ပါတယ်နော်။
ကဲချစ်တို့ရေ ဒီလောက်ဆို ကိုယ်ဝန်ဆောင်ဖက်ရှင်က အဆင်ပြေသလောက်ကို ရှိပါပြီ။ ဖက်ရှင်ချစ်သူတွေအတွက် ၇လ ၈လလည်း အကျီတစ်ထည်တည်း ထပ်တလဲလဲ အဆင်မပြေနိုင်တာမို့ ကိုယ်ဝန်ဆောင်ချိန် အထာကျနေအောင် ရေးသားပေးလိုက်ရပါတယ်ရှင့်။
source: i am fashion
Read 1229 times
Rate this item
(0 votes)