What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စာလုံးပေါင်း မှားတဲ့အိတ်

အွန်လိုင်းဖက်ရှင် လက်လီအရောင်း လုပ်ငန်း ASOS က အ၀တ်အစား ထည့်ပြီး ပို့ဖို့ ပလတ်စတစ်အိတ် ၁၇ ၀၀၀ ခုကို ထုတ်လုပ်ခဲ့တာမှာ စာလုံးပေါင်း မှားသွားတယ်။
ဒါပေမဲ့ အဲဒီလို မှားတာကို ASOS ရဲ့ တုံ့ပြန်ပုံအပေါ် လူအများတို့ သဘောကျကြတယ်။
အမှားပြုမိရင် အဲဒီအမှားရဲ့ ပိုင်ရှင်အဖြစ် တာဝန်ယူဖို့ လိုတယ်။ ASOS က စာလုံးပေါင်း မှားနေတဲ့ အိတ်ပုံကို တွစ်တာမှာ တွိလိုက်တယ်။ ပုံစာမှာ အိုကေ ကျွန်တော်တို့ အိတ် ၁၇ ၀၀၀ ခုကို စာလုံးပေါင်းအမှား(typo)တစ်ခုဖြင့် ပုံနှိပ်မိတာ ဖြစ်ကောင်းဖြစ်မယ်။ အဲဒါကို ကျွန်တော်တို့က ကန့်သတ်ထုတ်ဝေခြင်း ( limited edition)တစ်ခုလို့ ခေါ်ပါတယ် လို့ ရေးသားထားတယ်။
ပြောလိုက်တာက ရှင်းရှင်းလေးပါ။ အခုလို စာလုံးပေါင်းအမှားနဲ့ ထပ်ရိုက်ပြီး ထုတ်ဝေတော့မှာ မဟုတ်လို့ အခုလို အမှားပါတဲ့အိတ်က ၁၇ ၀၀၀ ခုသာ ရှိနိုင်မှာ ဖြစ်လို့ ကန့်သတ်ထုတ်ဝေခြင်းလို့ ပြောလိုက်တာ ဖြစ်ပါတယ်။
အဲဒီလို ပညာသားပါပါဖြင့် ပြောဆိုထားတာကို like လုပ်သူ ၂၈ ၀၀၀ ကျော် ရရှိခဲ့တယ်။ ပြန်တွိတာ (retweet) ၄၅၀၀ ကျော် ရှိတယ်။ အဲဒါအပြင် တစ်ယောက်တစ်ပေါက် ၀င်မန့်ကြတာ တစ်ပုံတစ်ပင် ဖြစ်သွားတယ်။ လှောင်ပြောင်သူတွေလည်း အများအပြား ပါဝင်တယ်။
အိတ်တွေက တစ်နည်းတစ်ဖုံဖြင့် တစ်ဖန်ပြန်သုံးလို့ရတဲ့ ပလတ်စတစ်အမျိုးအစားဖြင့် လုပ်ထားတာ ဖြစ်ပေမဲ့ စာလုံးတစ်လုံး မှားနေတာကြောင့် လွှင့်မပစ်ဘဲ ကုန်တဲ့အထိ သုံးစွဲသွားဖို့ ဆုံးဖြတ်ခဲ့တာအတွက် အများစုက သဘောကျကြတယ်။ အလဟဿပြုန်းတီးတာကို ရှောင်လွှဲပြီး လွှင့်မပစ်ဘဲ အခုလို အမှားကို ရယူပြီး ဆက်လက်သုံးစွဲတာအတွက် ASOS ကို ချီးကျူးကြတယ်။
အဲဒီအမှား အိတ်ကို ရယူပြီး သိမ်းထားချင်လို့ ASOS မှာ အ၀တ်အစား မှာယူသူတွေလညှ်းရှိတယ်။ မန့်တဲ့သူ တစ်ယောက်က မှာထားတဲ့ဟာ မနက်ဖြန် လာပို့ရင် အဲဒီအိတ်နဲ့ ဖြစ်ပါစေလို့ ဆုတောင်းတယ်။ တစ်ယောက်ကတော့ မင်းတို့ လုပ်ပုံ သဘောကျလို့ အဲဒီ အိတ်တစ်လုံး လိုချင်မိပြီ လို့ မန့် တယ်။
ရွှတ်နောက်နောက် တစ်ယောက်ကတော့ အခုလို မန့်ထားတာ တွေ့ကြရတယ်။
“I love shopping onilne,"
Read 878 times
Rate this item
(0 votes)