What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နှစ်ပေါင်း ၁၀၀ အထိတိုင်အောင် သစ်လွင်တောက်ပပြီး အသုံးခံမယ့် ဘောင်းဘီ

နှစ်ပေါင်း ၁၀၀ အထိတိုင်အောင် သစ်လွင်တောက်ပပြီး အသုံးခံမယ့် ဘောင်းဘီ Google

        အ၀တ်အထည် ကုမ္ပဏီ Vollebak က နှစ်ပေါင်း ၁၀၀ အထိ သစ်လွင်တောက်ပပြီး အကြမ်းခံ ၊ အသုံးခံမယ့် ဘောင်းဘီကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ တန်ကြေးကတော့ မသေးပါဘူး။ ၆၄၅ ဒေါ်လာပါ။ ဒါပေမယ့် နှစ်ပေါင်း ၁၀၀ ၀တ်ဆင်နိုင်ရင် တစ်နှစ်လျှင် ၆.၄၅ ဒေါ်လာပဲ ကျမှာ ဖြစ်တဲ့ အတွက် တန်တယ်လို့ ဆိုနိုင်ပါတယ်။ သူ့ကို မျိုးဆက် နှစ်ခုလောက်တောင် ၀တ်ဆင်နိုင်ပါတယ်။

        အဲဒီဘောင်းဘီကို အကြမ်းခံအောင် ဖန်တီးထားပေမယ့် ၀တ်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ အစောပိုင်းမှာ စစ်မြေပြင်မှာ စစ်သားများ ပေါ့ပေါ့ပါးပါး ၀တ်ဆင်နိုင်အောင် ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ စတိုင်ကျလှပတဲ့ အတွက် အပြင်သွားရင် ၀တ်ဆင်နိုင်သလို ယိုးဂ လေ့ကျင့်ခြင်း၊ တောင်တက်ခြင်းများလို လှုပ်ရှားမှုများ ပြုလုပ်ရင်လည်း ၀တ်ဆင်နိုင်ပါတယ်။

        ဘောင်းဘီကို အကြမ်းခံအောင် အလွှာသုံးခုနဲ့ ဖန်တီးထားပါတယ်။ ရေစိုခြင်း၊ မီးလောင်ခြင်းများကို ခံနိုင်ရည်ရှိပါတယ်။ Vollebak ရဲ့ ပူးတွဲ တည်ထောင်သူ Steve Tidball က သူ့ရဲ့ ဘောင်းဘီကို အလွန်မာကျောတဲ့ အရာဝတ္ထုများနဲ့ ဖန်တီးထားတဲ့ အတွက် နှစ်ပေါင်း ၁၀၀ အထိ ကောင်းကောင်း ၀တ်နိုင်တယ်လို့ ပြောပါတယ်။ မီးထဲတောင် သူ့ကို ၀တ်သွားနိုင်ပါတယ်လို့ သူက ရဲဝံ့စွာ အာမခံပါတယ်။

        Vollebak ဟာ ယခင်နှစ်ကလည်း နှစ်ပေါင်း ၁၀၀ အထိ ၀တ်ဆင်နိုင်တဲ့ အင်္ကျီကို ကြေညာခဲ့ပါတယ်။ သူဟာလည်း မီးလောင်တာကို အံတု နိုင်ပြီး ဘက်တီးရီးယားနဲ့ အခြား အရာများကို ကာကွယ်ပေးနိုင်ပါတယ်။

Source: Digital Times

Read 1066 times
Rate this item
(0 votes)
Tagged under