What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင်မွေးဖွားခဲ့တဲ့နှစ်က ဘယ်ဖက်ရှင်တွေ ဖြစ်မလဲ??

လူတော်တော်များများအနေနဲ့ သူတို့ရဲ့တစ်သက်တာမှာ စတိုင်နှင့် ဖက်ရှင်တွေဟာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုမှာ ပါဝင်လျက်ရှိပါတယ်။ ဖက်ရှင်ဟာ လူတွေရဲ့ဘဝအကြောင်းအရာများကို အများကြီးပြောပြနိုင်တယ်။ ဘာကြောင့်လဲဆိုရင် အတိတ်ကာလက ဖက်ရှင်တွေကို ကြည့်ရင် အမြဲစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အတိတ်ရဲ့နှစ်ပေါင်းတစ်ရာလောက်က ဝတ်ဆင်ခဲ့ကြတဲ့ ဖက်ရှင်တွေကို ကြည့်လိုက်ရအောင်..

1916 — 1926

1916 1926 min

ဒီကာလအတွင်းမှာ ရေမွှေးကို တီထွင်ခဲ့ပြီး အနက်ရောင် dress တွေ စကပ်တိုတွေ ပေါ်လာပြီး ခါးပတ် အစား underwear တွေ စတင်ပေါ်ထွက်လာခဲ့ပါတယ်။

1926 — 1936

1926 1936 min

1926 ကနေ 1936 အတွင်းမှာတော့ စကပ်တွေ အနည်းငယ်တိုလာကြတယ်။ အမျိုးသမီးတွေကိုလည်း ဘောင်းဘီ ဝတ်ဆင်ရန် ခွင့်ပြုခဲ့ကြပါတယ်။

1936 — 1946

1936 1946 min

ပြင်းထန်တဲ့ စစ်ပွဲတွေနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တာကြောင့် အဲ့ဒီအချိန်မှာ ဖက်ရှင်နဲ့ပတ်သက်တဲ့ အရာတွေကို မေ့လျော့နေကြပြီး စတိုင်သစ်ဖြစ်လာတဲ့ စစ်တပ် ယူနီဖောင်းတွေကို ဝတ်ဆင်လာကြတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေဟာ သက်တောင့်သက်သာရှိပြီး ရိုးရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်လာကြတာကို တွေ့မြင်ရမှာပါ။

1946 — 1956

1946 1956 min

50ရာစုနှစ်အတွင်းမှာတော့ ဖိနပ်အမျိုးအစားသစ်တွေ ပေါ်လာပြီး ဘဲလေးအကတွေ ၊ မိတ်ကပ်ခြယ်သမှုတွေ နှင့် မိန်းမဆန်ပြီး ကျော့ရှင်းလှပတဲ့ အဝတ်အစားပုံစံတွေ ဖြစ်လာခဲ့ပါတယ်။

1956 — 1966

1956 1966 min

ဒီ60ရာစုနှစ်ရောက်တော့ နူးညံ့သိမ့်မွေ့တဲ့ မိန်းကလေးပုံစံကို ရည်ရွယ်ပြီးတော့ ကမ္ဘာတစ်လွှားမှာ ဦးထုပ်တွေ ဆံပင်စတိုင်တွေ တ်ေစားလာကြတယ်။ ပြီးတော့ စကပ်တွေလဲ နည်းနည်းပိုတိုလာတယ်။

သက်လတ်ပိုင်း အမျိုးသမီးများအတွက် ဖက်ရှင်နှင့်ပတ်သက်ပြီး သိထားသင့်တဲ့ နည်းလမ်းများ

1966 — 1976

1966 1976 min

ဒီအချိန်မှာ ပိုပြီးအတွေးအခေါ်သစ်တွေ ပေါ်ပေါက်လာတယ်။ ဂျင်းဖက်ရှင်က ထိပ်ဆုံးမှာ နေရာယူထားပြီး အမျိုးသမီးတွေဟာ ရှပ်တွေကို စတင်ပြီး ဝတ်ဆင်လာကြတယ်။

1976 — 1986

1976 1986 min

80ရာစုနှစ်တွေမှာ ကြိုးသိုင်းဖိနပ် နှင့် ဆွယ်တာအင်္ကျီတွေ စပြီး trend ဖြစ်လာတယ်။

1986 — 1996

1986 1996 min

ပန့်ခ်စတိုင်ဖက်ရှင်တွေ ပိုပြီး သြဇာလွှမ်းမိုးမှုများ ရှိခဲ့တယ်။ အသားကပ်ဘောင်းဘီ ၊ နီညိုရောင်ဆံပင် နှင့် ကုတ်အင်္ကျီကြီးကြီးတွေ ခေတ်စားလာပါတယ်။

1996 — 2006

1996 2006 min

ဒီခေတ်မှာတော့ ဖက်ရှင်ဟာ ကမ္ဘာကြီးကို အုပ်စိုးလာပါပြီ။ အဝတ်အစား ဆင်ယင်ပုံတွေကလည်း လွတ်လွတ်လပ်လပ်နဲ့ ပေါ်လွင်လာအောင် ဝတ်စားလာကြတယ်။

2006 — 2016

2006 2016 min

လူအနည်းငယ်ဟာ ဖက်ရှင်နောက်ကို လိုက်ဖို့ ကြိုးစားလာကြတယ်။ သူတို့ဟာ အမြဲတမ်းလိုလို အသစ်အသစ်သော trend တွေကို ဝတ်ဆင်ဖို့ ပြုလုပ်လာကြတယ်။

 

Author:TDA

Read 8329 times
Rate this item
(1 Vote)