Victoria’s Secret Fashion Show ကို နိုဝင်ဘာ ၈ရက်နေ့က နယူးယောက်မြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် Show ကိုတော့ ဒီဇင်ဘာ ၂ရက်နေ့မှ ရုပ်သံတွေမှာ တရားဝင် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
Show ပုံရိပ်တွေကို အဲဒီနေ့အထိ မစောင့်ဆိုင်းနိုင်တဲ့ ဖက်ရှင်ချစ်သူတွေ၊ Victoria’s Secret ရဲ့ ပရိသတ်တွေအတွက် ဒီနှစ် VS Show ရဲ့ ရသမျှပုံရိပ်လေးတွေကို MODA Editor တွေက မျှဝေပေးလိုက်ပါတယ်။ Mary Katrantzou ရဲ့ kaleidoscopic lingerie collaboration မှစလို့ Elsa Hosk ရဲ့ Fantasy Bra အဆုံး ပွဲမစမီ Stage နောက်က မော်ဒယ်တွေရဲ့ အမိုက်စား ပုံရိပ်တွေကို ဖော်ပြပေးထားပါတယ်။
Source:moda