What's new

×

Warning

JUser: :_load: Unable to load user with ID: 846


ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်H & M လုပ်ငန်းစုသူဌေးကြီး

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်H & M လုပ်ငန်းစုသူဌေးကြီး Google

ယနေ့မှာတော့ ကမ္ဘာ့ဒုတိယအကြီးဆုံး H & M အ၀တ်အထည်လုပ်ငန်းကြီးရဲ့ CEO ဖြစ်တဲ့ Stefan Person အကြောင်း တင်ဆက်ပေးချင်ပါတယ်။

H & M လုပ်ငန်းစုကြီးကို ၁၉၄၇ ခုနှစ် Vasteras Sweden မြို့မှာ Erling Perrson က စတင်တည်ထောင်ခဲ့ပါ တယ်။

၁၉၄၇ နှစ်အစပိုင်းမှာတော့ H & M ဟာ အမျိုးသမီးဝတ်အကျတွေသာ ထုတ်လုပ်ခဲ့ပြီး ကုမဏီတည်ထောင်ပြီး နှစ်အနည်းငယ်ကြာမှ အမျိုးသမီး၊ အမျိုးသား၊ ဆယ်ကျော်သက်နှင့် ကလေးငယ်များအတွက်ပါ ဖက်ရှင် ဒီဇီုင်း အမျိုးမျိုးကို ထုတ်လုပ်ခဲ့ပါတယ်။

H & M ကို စတင်တည်ထောင်သူ Erling Persson ဟာ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သေဆုံးခဲ့ပြီး သားဖြစ်သူ Stefan Persson က H & M လုပ်ငန်းစု၏ CEO အဖြစ် ၁၉၈၂ ခုနှစ်တွင် ဆက်ခံခဲ့ပါတယ်။

Stefan Persson ဟာ ၁၉၈၂ မှ ၁၉၉၈ အထိ ၁၆ နှစ်ကြာ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်မှာတော့ ကုမဏီ၏ ၃၃% ကို ပိုင်ဆိုင်ထားပြီး ကျန် ၆၇% ကိုတော့ မဲပေးစနစ်ဖြင့် ရွေးချယ်စေပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာတော့ Bloomberg Billionaires Index Report အရ Stefan Person ဟာ US$ 31.9 billion အထိ ပိုင်ဆိုင်မှုရှိခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ၁၂ ယောက်စာရင်းထဲပါဝင်ခဲ့ပါတယ်။

ယနေ့အချိန်မှာ H & M လုပ်ငန်းစုကြီးဟာ ကမ္ဘာ့နိုင်ငံပေါင်း ၆၂ နိုင်ငံမှာ ဆိုင်ပေါင်း ၄၀၀၀ ကျော်နှင့် ရပ်တည်နေပါတယ်။

၂၀၁၅ ခုနှစ်မှာ ၀န်ထမ်း၊ ၁၃၂၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး အ၀တ်အထည်လုပ်ငန်းစုကြီးအဖြစ် ရပ်တည်နေပါတယ်။

Stefan Person ဟာလည်း H & M လုပ်ငန်း အပြင် Swedish Technology Company, Hexagon, AB မှာလည်း Share အများအပြားပိုင်ဆိုင်ထားပါတယ်။

ထို့အပြင် Ramsbury အမည်ဖြင့် အိမ်ခြံမြေလုပ်ငန်းများကိုလည်း London, Paris နှင့် Stockhlom မြို့ကြီးများတွင် ဆောင်ရွက်လျှက်ရှိပါတယ်။

Read 2954 times
Rate this item
(2 votes)