What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရီးယားစတားတို့ရဲ့ ဖက်ရှင်စတိုင်လ်

ဂီတဗီဒီယိုတွေ၊ ဒရမ်မာတွေ၊ တီဗီဇာတ်လမ်းတွဲတွေ၊ မဂ္ဂဇင်းတွေ၊ ၀က်ဘ်စာမျက်နှာတွေပေါ်မှာ ကိုရီးယားရဲ့ အနုပညာကြယ်ပွင့်တွေကို တွေ့နေမြင်နေရတယ်။ သူတို့တတွေမှာ အများစုက brand ambassador တွေ ဖြစ်ကြပါတယ်။

ဒီတော့ သူတို့ ကိုယ်စားပြုတဲ့ brand ရဲ့ အ၀တ်အစားတွေကို ဖက်ရှင်ကျကျ ၀တ်စားကြတာတွေထဲမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

အပေါ်မှ ထပ်ဝတ်တဲ့ ၀တ်စုံ suit တွေဟာ ခေတ်ဆန်ပြီး သေသေသပ်သပ် ချုပ်ထားတယ်။ ကိုယ်လုံးကိုယ်ထည်နဲ့ အံကိုက် ဖြစ်အောင် ချုပ်ထားတယ်။
ဝတ်စားဆင်ယင်ထားတဲ့သူကို အဆင့်အတန်း ရှိတဲ့သူလို့ အသိပေးနေတယ်။

Choi Ji Woo

 

ကြည့်လိုက်ပါဦး။ K-drama ဘုရင်မ Choi Ji Woo က ခရမ်းတစ်ရောင်တည်းကို ခပ်ရဲရဲ ၀တ်ဆင်ထားတယ်။ အလုံးသေးသေး ပုတီးလည်ဆွဲမှာ အရွယ်ကြီးတဲ့ ကျောက်တစ်ပွင့်ကို တန်းလန်းချိတ်ပြီး စတိုင်လ်ထုတ်ထားတယ်။

 

Jung Woo Sung


အမြဲချောတဲ့သူ Jung Woo Sung က အထက်တန်းစား လက်ပတ်နာရီ brand ဖြစ်တဲ့ Longines ရဲ့ Ambassador of Elegance ဖြစ်ပြီး အဲဒီတာဝန်အတွက် ပွဲတက်တဲ့အခါ ဂန္ထ၀င်မြောက်တဲ့ အနက်ရောင် အပေါ်ဝတ်စုံ suit ကို ကျကျနန ဆင်မြန်းတာ တွေ့ရတယ်။ ကျကျနန လို့ ဆိုရတာက သူလက်မှာ ပတ်ထားတဲ့ Longines လက်ပတ်နာရီကို ပေါ်အောင် ၀တ်ပြထားတာ ဖြစ်ပါတယ်။ တမင်ထုတ်ပြထားသလို ဖြစ်မနေအောင် သိမ်သိမ်မွေ့မွေ့ဖြင့် ပြထားတယ်။ ပုလဲပွင့်သေးသေးလေးတွေ ပါတဲ့ လည်စည်းကို သုံးစွဲပြီး ပင့်တင်ပေးထားတယ်။

 

Bobby Ikon

iKON ရဲ့ Bobby က ရက်ပါဆိုတော့ Piaget ပွဲကို တက်တဲ့အခါ သားသားနားနား ၀တ်စားလာပေမဲ့ ရက်ပါစတိုင်လ်ကိုလည်း ပြန်ယူထားတာ တွေ့ရတယ်။ ထက်အောက် ဆင်တူ suit ကို လူကြီးလူကောင်းဆန်ဆန် ၀တ်ထားတာ မှန်ပေမဲ့ အပေါ်ပိုင်းမှာ လည်ဟိုက်စွပ်ကျယ်ကိုပဲ ၀တ်ထားတယ်။ ရွပ္အက်ႌ ၀တ္မထားဘူး။ မတူညီ ကွဲပြားတဲ့ ဆွဲကြိုးနှစ်ကုံးဖြင့် ရက်ပါဟန်ပန်ကို ပြန်ယူထားတယ်။

 

 

sulli1

Sulli က မော်ဒယ်အလုပ်ကို အချိန်တွေ ပေးနေရသူတစ်ဦး ဖြစ်တယ်။ Boucheron Paris ပွဲကို ကတ္တီပါ ၀တ်စုံ ၀တ်ဆင်လာတယ်။ အထက်အောက် ၀မ်းဆက် ၀တ်စုံဖြစ်ပြီး အမြင်တင့်တယ်နေတယ်။ ဒါပေမဲ့ အခုအခါ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်နေတဲ့ အထဲမှာ အတွင်းခံပဲ ၀တ်ပြီး အပေါ်က ကုတ်အင်္ကျီဝတ်ထားတဲ့ စတိုင်လ်ကို ယူထားတယ်။ အဲဒီအတွက် ကုတ်အင်္ကျီကို ကြယ်သီးတစ်လုံးမှ မတပ်ဘဲ ရင်ဖွင့်ထားတယ်။

 

Sulli2

Sulli က ခေတ်ဆန်တာမှာ ဘလေဇာကိုလည်း ၀တ်ဆင်လေ့ရှိတာ တွေ့ကြရတယ်။ ဘလေဇာ ကုတ်အင်္ကျီဟာလည်း ၂၀၁၇ ခုနှစ်မှာ တစ်ကျော့ပြန် ခေတ်စားလာတယ်။ ဘလေဇာ ကုတ်အင်္ကျီတွေစာ အမျိုးသားတွေ ၀တ်ဖို့ ဖြစ်ပေမဲ့ အမျိုးသမီးတွေလည်း ၀တ်ဆင်လာကြတာ တွေ့ရတယ်။ ခပ်ပွပွ ဘလေဇာ မီးခိုးရောင်ကို ဘိုသီဘတ်သီ ၀တ်ထားပြီး အထဲမှာ အောက်ဘက်မှာ ရှည်လျားတဲ့ တီရှပ်အဖြူ ၀တ်ထားတယ်။

 

Sulli3

 

အပေါ်မှ ဘလေဇာနဲ့ တွဲဘက်ဝတ်ရမယ့် ဘောင်းဘီရှည်ကို မ၀တ်တာဟာလည်း ယခုအခါ ခေတ်ထနေတဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုး ဖြစ်ပါတယ်။

 

Krystal Jessica piaget

အဖြူတစ်ရောင်တည်း ၀တ်တာ အမည်းတစ်ရောင်တည်းဝတ်တာဟာလည်း ကိုရီးယားစတားတွေ သုံးလေ့သုံးထရှိတဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုးပါပဲ။ အခုလို ၀တ်ဆင်တဲ့အတွက် အရောင်တွဲစပ်တာ မှားယွင်းစရာ အကြောင်း မရှိတဲ့အပြင် ဂန္ထ၀င်ဆန်တယ်။ ခန့်ထည်သွားစေတယ်။

 

Shin Min Ah XPN1

 

 

အမည်းတစ်ရောင်တည်း ၀တ်ထားတဲ့အခါ တစ်ရောင်တည်း ပြောင်တင်းတင်း ဖြစ်နေတာကို ဖြေလျော့ချပေးဖို့ အညိုရောင် သားရေခါးပတ်ကို ဆင်မြန်းတာ တွေ့ရပါတယ်။ ခါးပတ်အပြားသေးသေးကို သုံးကြပါတယ်။
လည်ပင်းမှာ အရောင်ပါတဲ့ လည်ဆွဲနဲ့ ပြန်ဖြေလျော့ပေးထားတာမျိုးလည်း ရှိပါတယ်။

Son Na Eun XPN

 

ကျန်းမာရွှင်လန်းပါစေ

ZMO

Read 1562 times
Rate this item
(0 votes)