Giambattista Valli ဆိုတာကတော့ နာမည်ကြီး အီတလီဖက်ရှင်ဒီဇိုင်နာပါ။သူကတော့ အီတလီ ရောမက ပါ။ (၁၉၆၆) မှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် အသက်ကတော့ (၅၅)နှစ်ပါ။သူ့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေက ကမ္ဘာကျော်ပြီး တကယ့် နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေတောင် နှစ်ခြိုက်စွာ ၀တ်ဆင်ခဲ့ဖူးပါတယ်။သူဖန်တီးတဲ့ ၀တ်စုံ collections တွေကိုတော့ Paris Fashion Week မှာ နှစ်စဉ်နှစ်တိုင်း ပုံမှန်ထုတ်ပြလေ့ရှိပါတယ်။
Giambattista ဟာ သူ့ရဲ့ ကိုယ်ပိုင် collection နဲ့ ပဲရစ်မှာ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် Show ကိုတော့ (၂၀၀၅) မတ်လ ကျင်းပပြု လုပ်ခဲ့ပါတယ်။Giambattista ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို နှစ်ခြိုက်စွာ ၀တ်ဆင်ခဲ့ကြတဲ့ ဆယ်လီတွေ ရှိပါတယ်။သူတို့ တွေ ကတော့…..
Rihanna

Valerian and the City of a Thousand Planets အထူးပွဲမှာ ပုရိသတွေကို ရင်ဖိုအောင်လုပ်နိုင်ခဲ့တဲ့ ရီဟားနား ၀တ်ဆင်ခဲ့တဲ့ အနီရောင်ဝတ်စုံဒီဇိုင်းဟာ Giambattista ရဲ့ လက်ရာပါ။

(၂၀၁၅)ဂရမ်မီဆုပေးပွဲတုန်းကလည်း Giambattista ရဲ့ လက်ရာဒီဇိုင်းနဲ့ ပွဲတက်ခဲ့ဖူးပါတယ်။ရီဟားနား ၀တ်ဆင်ခဲ့တဲ့ Giambattista ရဲ့ တခြားဒီဇိုင်းတွေလည်း အများကြီးရှိပါတယ်။

BET Award ပွဲမှာတုန်းကလည်း ၀တ်ခဲ့ဖူးပါတယ်။
Zendaya

Zendaya တစ်ယောက် အော်စကာဆုပေးပွဲမှာ ၀တ်ဆင်ခဲ့ပါတယ်။
Dua Lipa

အဆိုတော်မလေး Dua Lipa ကတော့ BBC Radio 1 Teen Awards 2017 ဆုပေးပွဲတုန်းက အ၀ါရောင်၊BRIT Awards 2018 တုန်းက ပန်းရောင် လေး ၀တ်ဆင်ခဲ့ဖူးပါတယ်။

Victoria Secret စူပါမော်ဒယ်များရဲ့ ထသွားထလာဖက်ရှင်တွေ
Lucy Liu

Lucy Liu ကလည်း Giambattista Valli ရဲ့ဖက်ရှင်ဒီဇိုင်းတွေနဲ့ လန်းခဲ့ဖူးပါတယ်။
Rebecca Lim

စင်ကာပူမင်းသမီး Rebecca Lim လည်း ၀တ်ဆင်ခဲ့ဖူးပါတယ်။
Diane Kruger

Kendall Jenner

အမေရိကန် စူပါမော်ဒယ် Kendall Jenner ကလည်း ကြိုက်နှစ်သက်စွာဝတ်ဆင်ခဲ့ဖူးပါတယ်။2018 Golden Globe Awards ပွဲမှာ သူမ၀တ်ခဲ့တဲ့ အနက်ရောင်ဝတ်စုံက လည်း Giambattista ရဲ့ လက်ရာပါ။

Source:aunty may





