What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ရပ်ဝန်းရဲ့ သံတမန်ဖြစ်လာတဲ့ David Beckham

David Beckham ဆိုဟာ ဘောလုံးလောကမှာသာမက ဖက်ရှင်လောကမှာပါ လူတွေအားလုံးကိုဖမ်းစားနိုင်ခဲ့ပြီး အိမ်ထောင်ရေး စီးပွားရေးမှာပါပြောစရာမရှိအောင်

ဘက်စုံတော်ခဲ့သူတစ်ယောက်အဖြစ် နေရာယူခဲ့တာအားလုံးလည်းသိပြီးသားဖြစ်မှာပါ။ နိုင်ငံကျော် ဘောလုံးအားကစားသမားတစ်ယောက်၊ Kent & Curwen Clothing Brand တည်ထောင်သူတစ်ယောက်လည်းဖြစ်တဲ့ David Beckham ဟာ British Fashion Council(BFC) ရဲ့ Ambassadorial President ဖြစ်လာခဲ့ပါပြီ။

 B

Ambassadorial President အဖြစ်နဲ့ British Fashion ကို ကိုယ်စားပြုရပ်တည်နေမယ့်အပြင် United State နှင့် Asia နှစ်နိုင်ငံကြား ရင်းနှီးမှုတွေကို တည်ဆောက်ဖို့အတွက်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားဦးမယ်လို့သိရှိရပါတယ်။ ဒါတင်မကသေးပဲ BFC နဲ့ပတ်သက်တဲ့ Scholarship ကိစ္စတွေနဲ့ အနုပညာသင်ကြားမှုများစတဲ့ ပညာရေးဆိုင်ရာကဏ္ဍတွေကိုပါ ထောက်ပံ့ပေးသွားဦးမယ်လို့လည်း ဆိုပါတယ်။

 

အခုလို သတ်မှတ်ခြင်းခံခဲ့ရတဲ့အပေါ် Beckham က”အခုလိုမျိုး တာဝန်ကြီးတဲ့ နေရာ၊ ဘွဲ့ထူး ဂုဏ်ထူးကို ပေးအပ်ခြင်းခံရတာဟာ ကျွန်တော့်အတွက် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ယူမှုကြီးတစ်ခုဖြစ်လို့နေပါတယ်။ British Style ၊ Fashion တွေနဲ့ လက်မှုအတတ်ပညာတွေဟာ ကျွန်တော့်အတွက် တန်ဖိုးအထားရဆုံးနဲ့ အရှုးသွပ်ဆုံးအရာဖြစ်ခဲ့ပါတယ်။ အခုအပ်နှင်းခံရတဲ့ရာထူးဟာ ကျွန်တော် ရူးသွပ်ရတဲ့အရာတွေကို အရင်ကထက်ပိုပြီး ထဲထဲဝင်ဝင်လေ့လာခွင့်တွေ၊ ထိတွေ့ခွင့်တွေရရှိမှာဖြစ်တဲ့အတွက် ကျွန်တော် အရမ်းကို ဝမ်းသာမိပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ဂုဏ်ယူဝမ်းမြောက်စွာပြောခဲ့တာဖြစ်ပါတယ်။“ကျွန်တော့်အနေနဲ့ British Fashion Council နဲ့ အတူတူ လက်တွဲပြီး UK မှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ တကယ့်ကိုအရည်အချင်းရှိပြီး Fashion Inspiration တွေနဲ့ပြည့်နှက်နေတဲ့လူငယ်တွေနဲ့ အခြား နစ်မြုပ်နေတဲ့ Fashion Style တွေကို ဖော်ထုတ်ခွင့်ရတော့မှာဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်အနေနဲ့ ဒီ Fashion Industry ပိုမိုကျယ်ပြန့်ပြီး ထွန်းကားစေဖို့အတွက်အနာဂတ်ခေါင်းဆောင်တွေနဲ့ အတူပူးပေါင်းပြီး အစီအစဉ်တွေအများကြီးကိုလက်တွဲပြီးလုပ်ဆောင်ချင်ပါသေးတယ်” လို့ပြောခဲ့တာပါ။

 

Beckham ကို BFC ရဲ့ Ambassadorial President အဖြစ်ရွေးချယ်ဖို့ BFC အဖွဲ့ဝင်အားလုံးကဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်မတိုင်ခင် တစ်ပတ်အလိုမှာ Stephanie Phair ခေါ် Farfetch Chief Strategy Officer ဟာ အဲဒီရာထူးမှာ သုံးနှစ်တိုင်တိုင်တာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ ယာယီဆုံးဖြတ်ချက်ချခဲ့တယ်လို့လည်း သိရှိခဲ့ရပါတယ်။

 

Source: Akhayar

Read 874 times
Rate this item
(2 votes)