What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Ivanka Trump ရဲ့အမိုက်စား ပွဲတက်ဝတ်စုံ ဖက်ရှင်

Ivanka Trump ဟာ သူမရဲ့ဖခင်ဖြစ်သူ Donal Trump သမ္မတအသစ်ဖြစ်လာပြီးတဲ့နောက်မှာတော့ အိမ်ဖြူတော်မှာ ရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်လာပါတယ်။

အရင်တုန်းကတော့ အိမ်ခြံမြေလုပ်ငန်းရဲ့ ဆက်ခံသူလုပ်ငန်းရှင်တစ်ယောက်အနေနဲ့သိကြတာပါ။သူမဟာလှပတဲ့ ရုပ်ရည် မြင့်မားတဲ့အရပ်ကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါ။
ရှေ့နေတစ်ယောက်လည်းဖြစ်ပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကို ဦးစီးနေနိုင်တာကြောင့်အဆင်းရောအချင်းပါပြည့်စုံသူပါ။နှစ်စဉ်ကျင်းပလျက်ရှိတဲ့ Met Gala ပွဲကိုတော့သူမကတက်ရောက်နေကျပါ။စတိုင်ကျကျဝတ်တတ်တဲ့သူမရဲ့ ဝတ်စုံတွေထဲက အမိုက်ဆုံးအလန်းဆုံးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

green dress min

ပထမဆုံးတော့ punk rock အငွေ့အသက်တွေပါဝင်နေတဲ့ ၂၀၁၃ခုနှစ်ကဝတ်စုံပါ။ဂါဝန်အရှည်ဘေးခွဲလေးဖြစ်တာကြောင့် သူမှရဲ့လှပတဲ့ခြေတံတွေကို မြင်နိုင်ပါတယ်။အစိမ်းဖျော့ရောင်ဂါဝန်ကို အပြာရင့်နဲ့ တွဲချုပ်ထားပြီး ပိုမိုက်သွားအောင် ခါးပတ်အနက်လေးပတ်ထားပါသေးတယ်။ဆံပင်ကတော့ သူမရဲ့ ပင်ကိုယ်အရောင်ကိုမှအနက်ရောင်လေးတွေ ဟိုက်လိုက်ဖောက်ထားသေးတာပါ။သူမှရဲ့ accessoryတွေကိုပါ ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ လုံးဝအမိုက်စားဆိုတာအသေအချာပါပဲ။

 

green dress1 min

နောက်တစ်နှစ်မှာတော့ ပေါ့ပေါ့ပါးပါးဖက်ဖူးစိမ်းရောင်ဂါဝန်ရှည်ပါပဲ။နွေဦးပေါက်သတိရသွားစေနိုင်တဲ့ဒီ ဝတ်စုံလေးကရိုးရှင်းပေမဲ့လည်းIvanka နဲ့တော့ စတိုင်ကျနေတာ ဟောလိဝုဒ်မင်းသမီးနဲ့တောင်မှားသွားနိုင်ပါတယ်။အဲ့ဒီနှစ်မှာတော့ သူမကနောက်ထက် themeတစ်မျိုးကို ပြောင်းလဲဝတ်ဆင်ခဲ့တာပါ။

 

blue dress min

ရိုရိုးရှင်းရှင်းနဲ့ စတိုင်ကျတဲ့နောက်ထပ်ဝတ်စုံတစ်ခုပါ။ဆံပင်ကိုခပ်ရှင်းရှင်းလေး ပြင်ဆင်ထားပြီး နားကပ်လေးသာပါတဲ့ ရိုးရှင်းတဲ့ပြင်ဆင်မှုပါပဲ။ဒီအပြာရောင်ဝတ်စုံကတော့ Prabal Gurung ရဲ့လက်ရာဖြစ်ပါတယ်။

နိုင်ငံအသီးသီးမှ တော်ဝင်မျိုးနွယ် အမျိုးသမီးတွေရဲ့ ဖက်ရှင်များ

 

red dress min

သူမရဲ့ဖခင်ရွေးကောက်ပွဲမှာဝင်ပြိုင်နေစဉ်လုပ်နေစဉ်ကာလတုန်းက ဖြစ်ပါတယ်။လည်ပင်းကို သိုင်းထားတဲ့ အနီရောင် jumpsuitကိုဝတ်လာတာပါ။ဒီဝတ်စုံကလည်း သူမကိုစွဲဆောင်မှုအပြည့်ရှိပြီးတောက်ပနေစေတာပါဘဲ။

 

1 min

ဒီကတ္တီပါ ဝတ်စုံရဲ့ အသက်ကတော့ ရှုပ်ယှက်နေအောင်အကွက်တွေနဲ့ပုံဖော်ထားတဲ့ လည်ပင်းပုံစံလေးဖြစ်ပါတယ်။ အဲ့ဒီ ဒီဇိုင်းကြောင့်ဘဲပိုမိုက်သွားတယ်ဆိုရင်မမှားပါဘူး။ဒီဝတ်စုံကတော့Peter Pilotto တံဆိပ်ဖြစ်ပါတယ်။

 

Source:we media

Read 1029 times
Rate this item
(2 votes)