What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Vogue Hong Kong မဂ္ဂဇင်းမှာ ပါဝင်ပေးခဲ့တဲ့ မင်းသမီးချောလေး ဆောင်းဟေကို

တောင်ကိုရီးယားရဲ့ နာမည်ကြီး ထိပ်တန်း မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဆောင်းဟေကိုကတော့ အာရှရဲ့ နတ်မိမယ်လို့ တစ်ချိန်က တင်စားခံခဲ့ရသူပါ။ သူမကတော့ ဒီနေ့ အထိလည်း နုပျို လှပနေတုန်းပါပဲနော်...။

 

ယခုဆို သူမအနေနဲ့ ဒီဇင်ဘာလထုတ် Vogue Hong Kong မဂ္ဂဇင်းမှာ ကာဗာ မော်ဒယ်အဖြစ်နဲ့ ပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။ ပုံတွေကိုတော့ Vogue Hong Kong နဲ့ သူမရဲ့ Instagram တို့မှာ ဝေမျှပေးခဲ့တာ ဖြစ်တယ်။ ဒီအကြောင်းကိုတော့ Vogue Hong Kong မှာ ဖော်ပြထားတာပါ။

 

မဂ္ဂဇင်း ဓါတ်ပုံ ရိုက်ကူးရေးမှာတော့ လက်ဝတ်ရတနာ အဆင်တန်ဆာ တွေ အတွက် Chaumet က ပံ့ပိုးပေးထားပါတယ်။ သူမက တော့ Chaumet အတွက် ကြော်ငြာ မော်ဒယ် လုပ်ပေးလာတာ ကြာပါပြီ။ Chaumet က နေ ပစ္စည်းသစ် ထွက်တိုင်း သူမနဲ့ပဲ ကြော်ငြာတာ များပါတယ်။ အဝတ်အစားအတွက်ကတော့ ပြင်သစ် luxury brand တစ်ခု ဖြစ်တဲ့ Celine ရဲ့ resort ’21 collection ကို ဝတ်ဆင်ထားတာပါ။

 

အင်တာဗျူးအစီအစဉ်လည်း ပါဝင်ခဲ့ပြီး အဲ့ဒီအင်တာဗျူးမှာတော့ သူမ လေးစား အားကျရတဲ့ အကြောင်းတွေ၊ အလုပ်တွေ များတဲ့ ကြားက သူမရဲ့ အချိန်ကို ဘယ်လို စီမံလဲဆိုတာ၊ ဟောင်ကောင် ဒါရိုက်တာ Wong Kar-Wai နဲ့ အလုပ်တွဲလုပ်တဲ့ အကြောင်း၊ ကိုရီးယား ဒရမ်မာကားတွေ အကြောင်း တို့ကို ပြန်ဖြေပေးထားပါတယ်နော်...။

???? & ???????? (@YeppeudaSHK) | Twitter

 

Song Hye Kyo (Vogue Hong Kong)

 

 

 

Myanmar Textile & Garment Guide

Ref: voguehk.com

Read 971 times
Rate this item
(0 votes)