What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒိုင်ယာနာရဲ့ လူသိနည်းတဲ့ ဖက်ရှင်စတိုင်လ် ၁၀ မျိုး

ကွယ်လွန်သူ ဒိုင်ယာနာဟာ style icon ဆိုတာ မငြင်းနိုင်ပါဘူး။ ဒိုင်ယာနာမှာ ပင်ကိုအလှ ရှိတဲ့အပြင် ပင်ကို ၀တ်စားဆင်ယင်ပုံတွေလည်း ရှိနေတယ်။ အဲဒီလို ရှိနေတာမှာ လူသိနည်းတဲ့ ဖက်ရှင်စတိုင်လ်တချို့ကို တင်ပြပေးလိုက်ပါတယ်။

လူအများ ရှေ့မှောက်မှာ ၀တ်စားဆင်ယင်ခဲ့တာ ဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ ဖြစ်ပြီး အလေးမထားမိလို့ လူသိနည်းရတာ ဖြစ်ပါတယ်။

 

01 necklace

၁။ ပထမဆုံး တင်ပြလိုတာက မိမိအမည်ရဲ့ အစအက္ခရာ အတိုကောက်ကို လည်ဆွဲအဖြစ် ဆင်မြန်းထားတာ ဖြစ်ပါတယ်။ အဲဒါ မင်းသားကြီး ချားလ်နဲ့ လက်မထပ်ခင်ကတည်းက ဖြစ်ပါတယ်။ အစအက္ခရာ D ဆိုတဲ့ အက္ခရာကို ကွင်းကလေးဖြင့် လည်ဆွဲမှာ အရှင်ချိတ်ထားတယ်။ ဆွဲကြိုးက ဘယ်လိုပဲလည်လည် D ကတော့ ရှေ့ဘက်မှာ ကျန်နေရစ်အောင် လုပ်ထားတာဟာ လူသိနည်းတဲ့ ထူးခြားချက်တစ်ခုပါပဲ။

 

02 stocking


၂။ အ၀တ်အစားကို အပေါ်အောက်ဆင်တူ ၀တ်ထားတဲ့အခါ ခြေအိတ်ကိုပါ အရောင်တူ ၀တ်တာဟာလည်း သူ့ရဲ့ ပင်ကိုစတိုင်လ်တစ်ခုပါပဲ။ အ၀တ်အစား ခြေအိတ်ရှည် stocking နဲ့ ရှူးဖိနပ်တို့ကို အသွေးအရောင် တူနေအောင် ၀တ်တာမျိုးဖြင့် ဖက်ရှင်စတိုင်လ်ထုတ်ပါတယ်။

 

03 stocking


၃။ နောက်ထပ် ခြေအိတ်စတိုင်လ်တစ်မျိုးကတော့ နောက်ဘက်ခြမ်း အလယ်မှာ လိုင်းအရာတစ်ခု ထင်းနေတဲ့ ခြေအိတ်ကို ၀တ်ဆင်တာဖြစ်ပြီး အမြင်မရိုင်းအောင် ဖဲကြိုးသေးသွယ်သွယ် ထုံးဖွဲ့ပြီး အမြင်လှအောင် လုပ်ထားတာ ဖြစ်ပါတယ်။

 

04 bracelet

၎။ ဒိုင်ယာနာမှာ ချိန်းကြိုးလက်ကောက်တစ်ခု ရှိတယ်။ တစ်ခါတရံမှ ၀တ်ဆင်တယ်။ သားနှစ်ယောက်ဖြစ်တဲ့ Harry နဲ့ William တို့ရဲ့ အမည်အစအက္ခရာ H နဲ့ W တို့ပါတဲ့ လက်ကောက်ဖြစ်ပြီး X ဆိုတဲ့ အက္ခရာလည်း ပါတယ်။ X က ရောမဂဏန်း ၁၀ ကို ဆိုလိုတယ်။ ချားလ်နဲ့ အိမ်ထောင်သက် ၁၀ နှစ်ပြည့် အထိမ်းအမှတ်လို့ သိရပါတယ်။

 

05 ring

၅။ လက်သန်းမှာ လက်စွပ်ကလေးတွေ ရံဖန်ရံခါ ၀တ်ထားတာဟာလည်း သူ့ရဲ့ စတိုင်လ်တစ်မျိုးပါပဲ။ Cartier ရဲ့ သုံးကွင်းစပ် လက်စွပ် trinity ring ဖြစ်ပါတယ်။

 

06 tritinity ring

အဲဒီ ၃ ကွင်း လိမ်ယှက်နေတာဟာ ချစ်ခြင်းမေတ္တာ ၊ ထာဝရ နဲ့ သစ္စာတည်ကြည်ခြင်းတို့ကို ရည်ညွှန်းပါတယ်။

 

07 necklace


၆။ တစ်ခါမှာတော့ ဒိုင်ယာနာက ကျောကွဲအင်္ကျီကို ၀တ်ဆင်လာတာမှာ ဟာလာဟင်းလင်း ပြောင်တလင်း ဖြစ်နေမှာကို ဖြေဖျောက်ဖို့ ပုလဲပုတီးကို နောက်ပြန်ဆွဲထားတာ တွေ့ရတယ်။ အကျအန စတိုင်လ်ကျကျ ဆွဲထားတာမို့ ကျောပြောင်ဖြစ်နေတာ အမြင်မရိုင်းတော့ဘူး။

 

09 glove


၇။ အရောင်မတူတဲ့ လက်အိတ်ရှည်တွေ ၀တ်ဆင်တာဟာလည်း သူ့ရဲ့ ထူးခြားတဲ့ စတိုင်လ်ပါပဲ။ လက်အိတ် နှစ်ဖက် တစ်ဖက်နဲ့တစ်ဖက် အရောင်မတူတာမှာ တကယ်တော့ ၀တ်စားထားတဲ့ အ၀တ်အစားမှာ ပါတဲ့ အရောင် ၂ရောင်ကို သုံးထားတာဖြစ်ပါတယ်။ အရောင်မတူလို့ လွဲနေတယ်ဆိုပေမဲ့ အ၀တ်အစားနဲ့ အရောင်တူနေပြန်တာမို့ မလွဲပါဘူးလို့လဲ ပြောရမှာ ဖြစ်ပါတယ်။

 

10 brooch

၈။ ဒိုင်ယာနာရဲ့ စတိုင်လ်ထုတ်ပုံတွေ ပြောရင် ချန်ထားလို့မရတဲ့ ထူးခြားချက်တစ်ခုက အဲလစ်ဇဘက် ဘုရင်မကြီးက ပေးသနားတော်မူထားတဲ့ ရင်ထိုး ဖြစ်ပါတယ်။ ဘုရင်မကြီး ငယ်စဉ်အရွယ် ညနေခင်း ၀တ်စုံ ဆင်မြန်းထားတဲ့ပုံကို ဆင်စွယ်သားပေါ်မှာ ပုံနှိပ်ဖော်ပြထားတယ်။ အဲဒီလို ဖော်ပြထားတဲ့ ဘဲဥပုံကို စိန်စီပြီး ကွပ်ပေးထားတယ်။ ပြီးတော့မှ ပိုးသားစမှာ ချုပ်တပ်ထားတယ်။ အဲဒီ ရင်ထိုးကို ဘယ်ဘက်ခြမ်းမှာပဲ တပ်ဆင်ရတဲ့ စည်းမျဉ်း ရှိပါတယ်။

 

11 glass


၉။ ဒိုင်ယာနာဟာ မျက်စိမှုန်တဲ့သူ မဟုတ်ပါဘူး။ ဒီတော့ မျက်မှန်တပ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာ ဖက်ရှင်စတိုင်လ်အဖြစ် မျက်မှန်တပ်လေ့ ရှိပါတယ်။

 

12 black sheep

၁၀။ ဒိုင်ယာနာနဲ့ ချားလ်တို့ အိမ်ထောင်ရေး ကတောက်ကဆတွေ ဖြစ်လာချိန်မှာ ဒိုင်ယာနာက သိုးပုံတွေ ပါတဲ့ အ၀တ်အစားကို ၀တ်ဆင်လာတယ်။ ထူးခြားတာက သိုးဖြူပုံတွေကြားထဲ သိုးမည်းတစ်ကောင် ပါနေတာပဲ ဖြစ်ပါတယ်။ သူဟာ တော်ဝင်မိသားစုမှာ သိုးမည်း ဖြစ်နေပြီလို့ ပြောချင်တာလားလို့ တွေးမိစေပါတယ်။


မာမာသင်း

diana cover

Read 19006 times
Rate this item
(2 votes)