What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Rihanna ရဲ့ ရင်ခုန်စရာ ငှက်ပျောမှည့်ဖက်ရှင်

(Zawgyi+Unicode)







810

 


ရွှေဖိနပ်ရဲ့ သဲကြိုးအဖြစ်မှ ပေါင်ကိုရောက်တဲ့ အထိ ရှည်လျားတဲ့ စိန်စီရွှေကြိုးပါပြီး နွယ်ပင်သဖွယ် ခြေထောက်ကို ရစ်ပတ်နေတာ ဖိနပ်မှ ပေါင်အထိ ရောက်ပါတယ်။

အဲဒီလို စိန်စီရွှေကြိုး ခြေမှာ နွယ်ထားတာ မြင်သာစေဖို့ စကပ်မှာ အလွန်ရိုးတိုးရွတဖြစ်စရာ ကောင်းအောင် ပေါင်ရင်းအထိ ခွဲပေးထားပါတယ်။

 

rehana feet touch

 

 



4406339500000578 4864022 image m 42 1504855462976

Rihanna ရဲ့ Fenty Beauty line မိတ်ဆက်ပွဲ
=======================

Fenty Beauty အမည်ဖြင့် အလှကုန်တွေ ထုတ်လုပ်ဖို့ Rihanna လုပ်ကိုင်ခဲ့တာမှာ နှစ်နှစ်ကြာပြီးချိန်မှာ ဈေးကွက်ထဲ စတင်ဖြန့်ချိနိုင်ခဲ့ပါပြီ။ ဒိုမေနီကန် ဒီဇိုင်းဆရာ Oscar de la Renta ရဲ့ သတို့သမီးဝတ်စုံကို ဆင်မြန်းပြီး Rihanna တက်ရောက်ခဲ့ပါတယ်။ ငှက်ပျောမှည့် အဝါရောင် တစ်မျိုးတည်းသာ ပါဝင်တဲ့ ဝတ်စုံဖြစ်ပြီး လူအများရဲ့ အာရုံကို ဖမ်းစားခဲ့ပါတယ်။
နှစ်နှစ်တိုင်တိုင် ဆန္ဒပြင်းပြနေခဲ့ရပြီး ယခုအခါ အလှကုန်တွေ စတင်ခဲ့နိုင်တာအတွက် သူ့မွေးနေ့ထက် ပိုပျော်တယ်။ သီချင်းအယ်လ်ဘမ်အသစ်တစ်ခု စတင်ဖြန့်ချိတာထက်လည်း ပိုပျော်တယ်လို့ အသက် ၂၉ ရှိသူ Rihanna က မိတ်ဆက်ပွဲကို တက်ရောက်လာကြတဲ့ ချစ်ပရိသတ်တွေ၊ မီဒီယာတွေ၊ မိတ်ကပ်နဲ့ အလှကုန် စိတ်အားထက်သန်သူတွေကို ပြောကြားခဲ့ပါတယ်။
ဝါဝါထိန်ထိန် ဝတ်စုံကို အဆန်းအပြားဖြင့် အားဖြည့်ပေးထားတာကတော့ Y/Project ရဲ့ ဒီဇိုင်းဆန်း ဖိနပ် ဖြစ်ပါတယ်။ ရွှေဖိနပ်ရဲ့ သဲကြိုးအဖြစ်မှ ပေါင်ကိုရောက်တဲ့ အထိ ရှည်လျားတဲ့ စိန်စီရွှကြေိုးပါပြီး နွယ်ပင်သဖွယ် ခြေထောက်ကို ရစ်ပတ်နေတာ ဖိနပ်မှ ပေါင်အထိ ရောက်ပါတယ်။ အဲဒီလို စိန်စီရွှကြေိုး ခြေမှာ နွယ်ထားတာ မြင်သာစေဖို့ စကပ်မှာ အလွန်ရိုးတိုးရွတဖြစ်စရာ ကောင်းအောင် ပေါင်ရင်းအထိ ခွဲပေးထားပါတယ်။ အပေါ်ပိုင်းကိုတော့ အတွင်းခံမပါဘဲ ဝတ်လို့ရအောင် စီစဉ်ပေးထားတယ်။ အောက်နားကို အထုံးထုံးထားပြီး ခါးလှပ်ပြထားတဲ့စတိုင်လ်ကို သုံးထားတယ်။

Read 1842 times
Rate this item
(0 votes)