What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရီးယား အမျိုးသမီးအနုပညာရှင်တို့ရဲ့ စင်မြင့်ထက်က ဖက်ရှင်များ

စင်မြင့်ထက် ကလူပ်ရှားဖျော်ဖြေကြတဲ့ အနုပညာရှင်တွေမှာ များသောအားဖြင့် ဆွဲဆောင်မူအားကောင်းတဲ့ ဖက်ရှင်တွေ ရှိတတ်ကြပါတယ်။ ဒါဟာ သီချင်း၊ ဂီတအနုပညာ နဲ့ဖျော်ဖြေနေသလို ဖက်ရှင်ပိုင်းနဲ့လဲ ပရိတ်သတ်တွေ ရဲ့မျက်လုံး တွေကို ချုပ်ထားတာဖြစ်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ ဖက်ရှင်တွေကတော့ အမျိုးသမီးအနုပညာရှင်တို့ရဲ့ စင်မြင့်ထက် က ဆွဲဆောင်မူအရှိဆုံး ဝတ်စုံလေးတွေဖြစ်ပါတယ်။

၁- Seungyeon (CLC)

Seungyeon CLC fashion min

Seungyeon CLC fashion min

CLC အဖွဲ့ထဲ Seungyeon ရဲ့ ဖက်ရှင်လေးကတော့ တစ်ဖွဲ့လုံးမှာ ထင်းကနဲ ဆွဲဆောင်မူရှိစေခဲ့ပါတယ်။ သူတို့ရဲ့ comeback မှာ သူတို့အဖွဲ့လေးက အရမ်းဆွဲဆောင်မူရှိနေခဲ့တာကြောင့် ပရိတ်သတ်အများရဲ့မှတ်ချက်တွေလဲ ပိုများခဲ့ပါတယ်။

၂- Sana (Twice)

Sana Twice fashion min

Sana Twice fashion min

နှစ်လိုဖွယ်ကောင်းတဲ့စတိုင်လေးအပြင် Twice အဖွဲ့ထဲက Sana ရဲ့ ဝတ်စုံလေးတွေဟာ ပိုဆွဲဆောင်မူရှိနေတတ်ပါတယ်။ စကပ်တိုလေးတွေနဲ့ဆို ပရိတ်သတ်တွေမျက်လုံးက သူမဆီက မခွာနိုင်တော့ပါဘူး။ ကိုရီးယားမှာ ရာသီဥတု အေးပေမယ့် off shoulder လေးတွေနဲ့ အကောင်းဆုံး ဖက်ရှင် ဖြစ်အောင် ဆင်မြန်းနိုင် သူဖြစ်ပါတယ်။

၃- Irene (Red Velvet)

Irene Red Velvet fashion min

SM ရဲ့အလှပဂေးတစ်ယောက် ဖြစ်တဲ့ Irene ကတော့ လုံခြုံတဲ့ ဖက်ရှင် တွေ နဲ့တောင် အရမ်းမိုက်အောင် ပရိတ်သတ်မျက်စိကျအောင် ဝတ်ဆင်နိုင်သူဖြစ်ပါတယ်။

၎- Seulgi (Red Velvet)

Seulgi Red Velvet min

Irene လိုပါပဲ Seulgi ကလဲ ဘောင်ဘီအရှည်လေးတွေနဲ့လိုက်ဖက်သူဖြစ်ပါတယ်။ Red Velvet အဖွဲ့ဟာများသောအားဖြင့် အတိုအပြတ်တွေ ဝတ်ဆင်ရတာ စိတ်မဝင်းစားတတ်ဘဲ လုံခြုံတဲ့အပေါ်အောက်ဝတ်စုံပြည့်တွေကို ဦးစားပေးရွေးချယ်တတ်ကြပါတယ်။

၅- Blackpink

Blackpink fashion min

Rapper မမ Cardi B ရဲ အမိုက်စားဖက်ရှင် အလန်းတွေ

Blackpink fashion min

Blackpink min

YG Ent ရဲ့သမီးပျိုတွေဖြစ်တဲ့ Blackpink အဖွဲ့ဝင်တွေဟာလဲ နုနယ်ပျိုမြစ်မူနဲ့အတူ အရမ်းလန်းတဲ့ ဝတ်စုံလေးတွေ နဲ့ စင်မြင့်ထက်မှာတွေ့မြင်ရလေ့ရှိပါတယ်။

 

Source:mingalarbar

Read 1322 times
Rate this item
(1 Vote)