What's new
×
Warning
JUser: :_load: Unable to load user with ID: 845
Crash Of Landing On You ဇာတ်ကားထဲက နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဗိုလ်ကြီးရဲ့ ဈေးအကြီးဆုံးဖက်ရှင်များ
Crash Of Landing On You ဇာတ်ကားထဲက နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဗိုလ်ကြီးရဲ့ ဈေးအကြီးဆုံးဖက်ရှင်များ Google
ကိုရီးယား ရုပ်သံဇာတ်လမ်းတွေဟာ အာရှတစ်ခွင်ကိုသာမက တစ်ကမ္ဘာလုံးကိုပါ လွှမ်းမိုးလာတာကိုတွေ့ရပါတယ်။
၂၀၂၀ အတွင်းမှာဆိုရင် အရမ်းကို နာမည်ကြီးပြီး တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေကို ဖမ်းစားသွားနိုင်တဲ့ K-Drama ဇာတ်ကားကတော့
Crash Of Landing On You ဇာတ်ကားပဲဖြစ်ပါတယ်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေးကိုဦးစားပေးရိုက်ကူးထားတဲ့အပြင် ကြည်နူးစရာကောင်းတဲ့
ဇာတ်ကွက်လေးတွေကြောင့် တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
ဒါ့ပြင်တစ်ကမ္ဘာလုံးက အမျိုးသမီးပရိတ်သတ်တွေကို ဖမ်းစားသွားတဲ့ ဇာတ်ဆောင်တစ်ဦးရှိပါသေးတယ်။
သူကတော့ အဓိကဇာတ်ကောင် ဗိုလ်ကြီးရီဂျောင်ဟွတ် အဖြစ်သရုပ်ဆောင်ထားတဲ့ Hyun Binပဲဖြစ်ပါတယ်။
အခုဆိုရင် Crash Of Landing On You ဇာတ်ကားလေးက ဇာတ်သိမ်းသွားပြီဆိုပေမယ့် ဗိုလ်ကြီးရဲ့ နွေးထွေးတဲ့ အမူအရာတွေနဲ့
အပြုံးလေးတွေက အမျိုးသမီးပရိတ်သတ်တိုင်းရဲ့ရင်ထဲမှာ စွဲ ထင်ကျန်ရစ်ဆဲပါ။
ဗိုလ်ကြီး ပရိသတ်ကြီးအတွက် အလွမ်းပြေအနေနဲ့ Crash Landing On You ထဲမှာ ဗိုလ်ကြီးရီဂျောင်ဟွတ်ဝတ်ဆင်ခဲ့တဲ့
အဝတ်အစားတွေရဲ့ အံ့သြလောက်စရာ ဈေးနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Dunhill Coat
hok3
ဇာတ်ကားထဲမှာဆိုရင် ဗိုလ်ကြီး ဟာ ဒီ Coat လေးကို အဝတ်များတာ သတိထားမိကြမယ်ထင်ပါတယ်။
ဒီ Coat အင်္ကျီလေးရဲ့ တန်ဖိုးဟာဆိုရင် မထင်မှတ်လွန်းလောက်အောင် ဈေးကြီးလွန်းပါတယ်။
Coat အင်္ကျီလေးရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ $3400 ရှိပြီး မြန်မာငွေ သိန်း ၅၀ ဝန်းကျင် ရှိပါတယ်။
Paddet Coat
hok2
ဒီအင်္ကျီလေးကတော့ တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်နဲ့တူအောင် ပုံစံပြောင်းဖို့သွားတဲ့ဇာတ်ဝင်ခန်းမှာ ဗိုလ်ကြီး ဝတ်ဆင်ခဲ့တာကို
သတိထားမိမယ်ထင်ပါတယ်။ အဲဒီ Paddet Coat လေးကတော့ ဒေါ်လာ $1200ကျော်ပြီး မြန်မာငွေ ၁၇ သိန်းကျော်ရှိပါတယ်။
Omega Watch
hok
ဇာတ်ကားတစ်ကားလုံးနီးပါးမှာ ဗိုလ်ကြီး နဲ့ အတူရှိနေတာကတော့ လက်မှာ ပတ်ထားတဲ့ Omega Watch လေးပဲဖြစ်ပါတယ်။
အဲ့ဒီနာရီလေးကတော့ Omega ရဲ့ Latest edition တစ်ခုဖြစ်တဲ့ Seamaster နာရီဖြစ်ပါတယ်။
နာရီရဲ့တန်ဖိုးကတော့ဒေါ်လာ $4000 ခန့်ရှိပြီး မြန်မာငွေ သိန်းခြောက်ဆယ်နီးပါး ရှိပါတယ်။
Common projects ဖိနပ်
hok4
မင်းသမီး မွေးနေ့ပွဲကို surprise လုပ်ပေးတဲ့ အခန်းလေးကိုတော့ အားလုံးမှတ်မိကြမယ်ထင်ပါတယ်။
အဲ့ဒီ ဇာတ်ဝင်ခန်းလေးမှာ ဗိုလ်ကြီးဝတ်ဆင်ထားတဲ့ ဖိနပ်အဖြူလေးကတော့ Common projects ဖိနပ် လေးပဲဖြစ်ပါတယ်။
အဲ့ဒီဖိနပ်လေးရဲ့ဈေးနှုန်းကတော့ ဒေါ်လာ $4000 ကျော်ပြီး မြန်မာငွေနဲ့ ဆို သိန်း ၆၀ ကျော် တန်ဖိုးရှိပါတယ်။
Reference : Yangon news
အမျိုးသားဝတ်အထည်ဆိုင် ၇၃၁ ဆိုင်ကိုရှာရန် နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ဒ့ါပြင်တစ်ကမ္ဘာလုံးက အမျိုးသမီးပရိတ်သတ်တွေကို ဖမ်းစားသွားတဲ့ ဇာတ်ဆောင်တစ်ဦးရှိပါသေးတယ်။
Dunhill Coat
Paddet Coat
Omega Watch
Common projects ဖိနပ်
အာ့ဒီဖိနပ်လေးရဲ့ဈေးနှုန်းကတော့ ဒေါ်လာ $4000 ကျော်ပြီး မြန်မာငွေနဲ့ ဆို သိန်း ၆၀ ကျော် တန်ဖိုးရှိပါတယ်။
Reference : Yangon news
Myanmar Textile and Garment Directory 
Read 1385 times
Rate this item
(1 Vote)
Tagged under