What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Rapper မမ Cardi B ရဲ အမိုက်စားဖက်ရှင် အလန်းတွေ

Rapper မမ Cardi B ကိုတော့ မြန်မာပရိတ်သတ်တွေ အထူးနှစ်သက်တဲ့အဆိုတော် စာရင်းထဲထည့်သွင်းနိုင်ပါတယ်။ ပြီးခဲ့တဲ့ New York Fashion Week အတွင်းမှာတော့ သူမဟာ ဒီဇိုင်နာတွေရဲ့ဖန်တီးမှုနဲ့ သူမရဲ့ ရဲတင်ပြီးဆွဲဆောင်မှုရှိတဲ့အသွင်ကို ပိုမိုဖော်ကျူးနိုင်ခဲ့ပါတယ်။

Stylist တစ်ဦးဖြစ်တဲ့ Kollin Carter ဟာ လာဗင်ဒါပန်းအရောင်အဆင်းရှိတဲ့ ဂါဝန်ကို သိပ်မိုက်တဲ့စိတ်ကူးတွေနဲ့ Cardi B ကိုယ်ပေါ်ကပ်လိုက်တဲ့အခါ ဖက်ရှင်ဘုရင်မတစ်ယောက်ကို လူမှားသွားအောင် ကြိုးစားပြနိုင်ခဲ့ပါတယ်။ Cardi B ကိုယ်တိုင် ယခုနောက်ပိုင်းမှာဖက်ရှင်ရဲ့ပြရုဒ်တစ်ခုဖြစ်လာအောင် ဂရုတစိုက် ဝတ်ဆင်လာတာတွေ့ရပြီး ပဲရစ်မြို့ကတော့ သူမရဲ့ဖက်ရှင်တွေကိုပွဲထုတ်လို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။

 lavender dress min

 

Cardi B ရဲ့ဖက်ရှင်ကျမှုကို ပရိတ်သတ်တွေနှစ်ခြိုက်သဘောကျလာတာဟာ ဒီလာဗင်ဒါပန်းအရောင်ဝတ်စုံတစ်ခုတည်းနဲ့တင်တော့မဟုတ်ပါဘူး။ Tom Ford show မှာတုန်းက သူမဝတ်ဆင်ခဲ့တဲ့ ခပ်ကျပ်ကျပ် အနက်ရောင် ဝတ်စုံလေးကိုလဲ သေသပ်ကျနပြီးလိုက်ဖက်အောင်ဝတ်ဆင်နိုင်လို့ ပရိတ်သတ်တွေသဘောကျနေခဲ့တာပါ။

black dress min

 

နောက်ထပ်ဝတ်စုံတွေကတော့ Jeremy Scott fashion show အတွက် Cardi ဝတ်ဆင်ခဲ့တဲ့ ကျားသစ်မလေးတစ်ကောင်လို ရဲရင့်ဆွဲဆောင်မှုရှိနေတဲ့ ဖက်ရှင်…

animal print dress min

 

Etam Lingirie show မှာဝတ်ဆင်ခဲ့တဲ့ ငှက်အမွေးအတောင်တွေနဲ့ဖန်တီးထားတဲ့ဖက်ရှင်…

pink dress min

Paris Fashion Week မှာတွေ့ရတဲ့ Kaia Gerber ရဲ့ဖက်ရှင်ပုံရိပ်များ

 

Louboutin stilettos ဖိနပ်တစ်စုံနဲ့တွဲဖက်ဝတ်ဆင်ခဲ့တဲ့ အနက်ရောင်ဖက်ရှင်နဲ့…

black dress min

 

ခြေဖျားကခေါင်းအဆုံး ကျားသစ်အကွက်ပုံစံ ပြင်ဆင်ထားတဲ့ ဝတ်စုံနဲ့ Dolce & Gabbana မျက်မှန်တို့ဟာ သိပ်လိုက်ဖက်တဲ့ ဖက်ရှင်တွဲဖက်ဝတ်ဆင်မှုတွေဖြစ်လို့ပရိတ်သတ်အားလုံးက သဘောကျနှစ်ခြိုက်နေကြတာဖြစ်ပါတယ်။

Dolce Gabbana with animal print dress min

 

Source:mingalarbar

Read 1186 times
Rate this item
(1 Vote)