What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Gigi Hadid ရဲ့ အမိုက်စား ဖက်ရှင်စတိုင်လ်များ

Gigi Hadid ရဲ့ အမိုက်စား ဖက်ရှင်စတိုင်လ်များ google

ဒီနေ့မှာတော့ ဖက်ရှင်နဲ့ပတ်သက်ပြီး ပျိုမေတွေကြား ရေပန်းစားသူ တစ်ယောက်ဖြစ်တဲ့ Gigi Hadid ရဲ့ ဖက်ရှင်အကြောင်းလေးကို မျှဝေ

ပေးချင်ပါတယ်။ နိုင်ငံတကာ ဖက်ရှင်ဝက်ဆိုက်တွေမှာ Gigi Hadid အကြောင်း အမြဲလိုလို ရေးသားဖော်ပြကြတာ ဘာ့ကြောင့်များလဲ။ ဖက်ရှင်ချစ်သူတွေအနေနဲ့ရော ဘာလို့များ Gigi Hadid ဖက်ရှင်ဆို အမြဲတစိုက်မတ်မတ် စောင့်ကြည့်နေကြရတာလဲ။

gigi7

ဒီအတွက် အဖြေကို လိုရင်းတိုရှင်းပေးရရင်တော့ သူမရဲ့ ဖက်ရှင်အတွဲအစပ်တွေက အားထုတ်ကြိုးပမ်း ၀တ်ဆင်ထားရပုံမပေါက်ပဲ အထာကျနေလို့ပါ။

gigi8

Related Article: သာမန်လူတွေနဲ့ မတူတဲ့ မော်ဒယ် ၃ ဦး ရဲ့ ဖက်ရှင်

သူမရဲ့ ထသွားထလာဖက်ရှင်တွေကို ကြည့်လိုက်ရင် ဒီအတိုင်းတွေ့တဲ့အကျီကောက်ဆွဲပြီး ၀တ်လာတဲ့ပုံဆိုပေမယ့် ဖက်ရှင်တိုင်းဟာ အမြဲမိုက်နေတတ်ပါတယ်။

gigi9

ဒါဟာ သူမရဲ့ဘယ်သူနဲ့မှ မတူတဲ့ ဖက်ရှင်အမြင်အသိတွေကြောင့်ပေါ့။

gigi10

ဒီတော့ ကိုယ်တွေလည်း ဖက်ရှင်အတွက် inspiration ယူတဲ့အခါ သူမဘာတွေ ၀တ်သလဲဆိုတာမျိုးတော့ သိထားသင့်ပါတယ်။

gigi11

သူ့ပုံစံအတိုင်း လိုက်မ၀တ်ရင်တောင် ကိုယ့်ဖက်ရှင်အတွက် အိုင်ဒီယာရလည်း နည်းသလားနော်။

gigi12

Gigi Hadid ဘာတွေအများဆုံး ၀တ်ဆင်တတ်သလဲ ကြည့်လိုက်တော့ Flashy Leggings တွေ၊ ခါးအတိုအပြတ် Crop Top လေးတွေ၊ ဂျင်းအကျီ၊ ဂျင်းဘောင်းဘီအတို၊ အရှည် sneaker အဖြူတွေ၊ မျက်မှန်ဆို Mirrored မျက်မှန်တွေ၊ graphic tee လေးတွေနဲ့ Open-Toed Sandals တွေ အမြဲလိုလို ၀တ်တတ်တာ တွေ့ရပါလိမ့်မယ်။

gigig2

သူမရဲ့ ထူးခြားချက်ကတော့ ဘယ်သူမှ မထင်ထားတဲ့ အပေါ်အောက် တွဲစပ်မှုကို ပြုလုပ်တတ်သလို sneaker ဖိနပ်တွေ စီးရတာကိုလည်း တော်တော်သဘောကျပုံပါ။

ggi5

တစ်ခါတစ်လေ ပွဲတက်ဖက်ရှင်မှာတောင် sneaker ဖိနပ်အဖြူတွေကို သိပ်စီးတတ်သူတစ်ယောက်ပါ။

gigi3

သူမရဲ့ အမိုက်စား ဖက်ရှင်စတိုင်လ်တွေကို ကြည့်ကြည့်ရအောင်။

gigi6

ကဲ Gigi Hadid ရဲ့ ဖက်ရှင်စတိုင်လ်တွေကြည့်ပြီး ဖက်ရှင်ချစ်သူပျိုမေတွေလည်း ဖက်ရှင်နဲ့ပတ်သက်ပြီး inspiration လေးတစ်ခုခုရဖို့ မျှော်လင့်ပါတယ်နော်။

Read 1546 times
Rate this item
(0 votes)
Tagged under