What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂန္မုိယြန္း စြန္းေဟဂ်ဳိ စကပ္အေၾကာင္း

ZAWGYI+UNICODE
Descendants of the Sun မွာ အြန္ေစာ ဘယ္လုိ အ၀တ္အစားေတြ ေရြးခ်ယ္ဆင္ျမန္းခဲ့သလဲ။

Descendants of the Sun ဟာ KBS 2TV ႐ုပ္သံလိႈင္းမွ ထုတ္လႊင့္ခဲ့ၿပီး
လက္ရွိအခ်ိန္မွာ ေအာင္ျမင္မႈ အႀကီးမားဆံုးရ႐ွိထားတဲ့ Korea serie တစ္ခုပါ။
ၿငိမ္းခ်မ္းေသာ ခ်စ္ျခင္းတရား အမည္ျဖင့္ တီဗီမွာ ျပသခဲ့ပါတယ္။ ဇာတ္လမ္းက အီရတ္ႏုိင္ငံ အူရက္ၿမိဳ႕မွာ ခင္းက်င္းထားတာကုိ ႐ုိက္ကူးၾကတဲ့အခါ ဂရိႏိုင္ငံမွာ ႐ုိက္ကူးခဲ့ၾကပါတယ္။

 

DESEDENT SUN 01

ယခုအခါ အသက္ ၃၅ ႏွစ္ ရွိၿပီျဖစ္တဲ့ စြန္းေဟဂ်ဳိ Song Hye Kyo ကို ျမန္မာပရိသတ္က အြန္ေစာလုိ႔ သိၾကတယ္။ စြန္းေဟဂ်ဳိက ေစတနာ့၀န္ထမ္း ဆရာ၀န္မေလး ဂန္မုိယြန္းအျဖစ္ Descendants of the Sun မွာ ပါ၀င္သ႐ုပ္ေဆာင္ခဲ့တယ္။ ဇာတ္၀င္ခန္းေတြမွာ ၀တ္ဆင္ခဲ့တဲ့ ဖက္ရွင္အမ်ဳိးမ်ဳိးကုိ သုံးသပ္တင္ျပလုိပါတယ္။ ဖက္ရွင္ဆုိတာ ႐ုပ္ရွင္ထဲမွ အျပင္သုိ႔ စီးထြက္ၿပီး အမ်ားသူငါတုိ႔ရဲ႕ ေန႔စဥ္၀တ္စားဆင္ယင္မႈထဲကုိ ေရာက္သြားေလ့ရွိပါတယ္။ မင္းသားမင္းသမီးေတြရဲ႕ ၀တ္စားဆင္ယင္ပုံေတြကုိ နမူနာယူၿပီး ၀တ္ဆင္ၾကေလ့ရွိပါတယ္။ ယခု စြန္းေဟဂ်ဳိရဲ႕ ဆရာ၀န္မေလး ဂန္မုိယြန္းအျဖစ္ Descendants of the Sun မွာ ၀တ္စားဆင္ယင္ပုံေတြထဲမွ ဣေႁႏၵရတဲ့ စကပ္အခ်ဳိ႕ကုိ ေကာက္ႏုတ္တင္ျပလုိပါတယ္။ ၾကည့္ေသာသူ ျမင္၏ ဆုိတဲ့အတုိင္း စံနမူနာ ယူထုိက္တာေလးေတြကုိ ေကာက္ႏုတ္တင္ျပလိုက္တာလည္း ျဖစ္ပါတယ္။

sun 2

ဂန္မုိယြန္း မၾကာခဏ ၀တ္ေလ့ရွိတာ ဘေလာက္စ္နဲ႔ ခဲတံစကပ္ (pencil skirt) ျဖစ္ၿပီး လူငယ္ပညာရွင္(ဆရာ၀န္)တစ္ဦးရဲ႕ အမ်ဳိးသမီးဟန္ပန္ကုိ ရယူထားတယ္။ ကုိယ္ခႏၶာ သြယ္လ်တာမွာ ေျခတံရွည္ရွည္ေတြ ျမင္သာေနတာက အလွကုိ ပင့္တင္ေပးထားတဲ့အျပင္ ခါးမတုပ္တာကုိလည္း ပုံေပၚေအာင္ ေဖာ္ေပးထားတယ္။ episode 2 မွာ Victoria Beckham ရဲ႕ အျပာအလွျခယ္ ပုိးသားဘေလာက္စ္ကုိ ဆင္ျမန္းခဲ့တာ ေတြ႕ရတယ္။ အခ်ဳိ႕ဇာတ္၀င္ခန္းေတြမွာေတာ့ A-line skirt ကုိ ဆင္ျမန္းၿပီး သြယ္လ်တဲ့ ကုိယ္ခႏၶာကုိ အလွတင့္တယ္ေအာင္ လုပ္ေပးထာတးယ္။


ဒီေနရာမွာ pencil skirt နဲ႔ A-line skirt ဆုိတဲ့ ေခၚေ၀ၚ သုံးႏႈန္းပုံေတြကုိ ေျပာျပလုိပါတယ္။

pencil skirt ဆုိ ေခၚၾကတဲ့ စကပ္က သြယ္လ်တဲ့ ကုိယ္ခႏၶာနဲ႔ အကုိက္ အတိအက် ခ်ုဳပ္ထားတယ္။ ေဘးကုိ မကားဘူး။ အေျဖာင့္ျဖစ္ၿပီး က်ဥ္းတယ္။ ေဘာင္းဘီရွည္ရဲ႕ အေပၚပုိင္းလုိ ျဖစ္ေနတယ္။ ဒူးေခါင္း ထိလုနီးပါးအထိေတာ့ အနည္းဆုံးအားျဖင့္ ရွည္တယ္။ ဒူးဖုံးတဲ့အထိ ရွည္တာမ်ဳိးလည္း ရွိတယ္။ ေသးသြယ္ၿပီး ရွည္တဲ့စကပ္ပုံျဖစ္လုိ႔ ခဲတံနဲ႔ တင္စားၿပီး pencil skirt လုိ႔ အမည္တြင္တာ ျဖစ္ပါတယ္။

A-line skirt ဆုိတာက တင္ပါးေတြမွာ အက်ပ္ျဖစ္ၿပီး ေအာက္ဘက္ကုိ ျဖည္းျဖည္းခ်င္း ကားသြားတာ အနားသတ္တဲ့အထိပဲ။ ၀တ္ဆင္ထားတဲ့အခါ ေျခေထာက္ႏွစ္ေခ်ာင္းနဲ႔ စကပ္တုိ႔က အဂၤလိပ္အကၡရာ စာလုံးႀကီး A နဲ႔ တူေနလုိ႔ A-line skirt လုိ႔ အမည္တြင္တာ ျဖစ္ပါတယ္။

sun 3

UNICODE

ဂန်မိုယွန်း စွန်းဟေဂျို အွန်စော
=================
Descendants of the Sun မှာ အွန်စော ဘယ်လို အဝတ်အစားတွေ ရွေးချယ်ဆင်မြန်းခဲ့သလဲ။

Descendants of the Sun ဟာ KBS 2TV ရုပ်သံလှိုင်းမှ ထုတ်လွှင့်ခဲ့ပြီး
လက်ရှိအချိန်မှာ အောင်မြင်မှု အကြီးမားဆုံးရရှိထားတဲ့ Korea serie တစ်ခုပါ။
ငြိမ်းချမ်းသော ချစ်ခြင်းတရား အမည်ဖြင့် တီဗီမှာ ပြသခဲ့ပါတယ်။ ဇာတ်လမ်းက အီရတ်နိုင်ငံ အူရက်မြို့မှာ ခင်းကျင်းထားတာကို ရိုက်ကူးကြတဲ့အခါ ဂရိနိုင်ငံမှာ ရိုက်ကူးခဲ့ကြပါတယ်။

ယခုအခါ အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ စွန်းဟေဂျို Song Hye Kyo ကို မြန်မာပရိသတ်က အွန်စောလို့ သိကြတယ်။ စွန်းဟေဂျိုက စေတနာ့ဝန်ထမ်း ဆရာဝန်မလေး ဂန်မိုယွန်းအဖြစ် Descendants of the Sun မှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်။ ဇာတ်ဝင်ခန်းတွေမှာ ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်အမျိုးမျိုးကို သုံးသပ်တင်ပြလိုပါတယ်။ ဖက်ရှင်ဆိုတာ ရုပ်ရှင်ထဲမှ အပြင်သို့ စီးထွက်ပြီး အများသူငါတို့ရဲ့ နေ့စဉ်ဝတ်စားဆင်ယင်မှုထဲကို ရောက်သွားလေ့ရှိပါတယ်။ မင်းသားမင်းသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကို နမူနာယူပြီး ဝတ်ဆင်ကြလေ့ရှိပါတယ်။ ယခု စွန်းဟေဂျိုရဲ့ ဆရာဝန်မလေး ဂန်မိုယွန်းအဖြစ် Descendants of the Sun မှာ ဝတ်စားဆင်ယင်ပုံတွေထဲမှ ဣန္ဒရြေတဲ့ စကပ်အချို့ကို ကောက်နုတ်တင်ပြလိုပါတယ်။ ကြည့်သောသူ မြင်၏ ဆိုတဲ့အတိုင်း စံနမူနာ ယူထိုက်တာလေးတွေကို ကောက်နုတ်တင်ပြလိုက်တာလည်း ဖြစ်ပါတယ်။

ဂန်မိုယွန်း မကြာခဏ ဝတ်လေ့ရှိတာ ဘလောက်စ်နဲ့ ခဲတံစကပ် (pencil skirt) ဖြစ်ပြီး လူငယ်ပညာရှင်(ဆရာဝန်)တစ်ဦးရဲ့ အမျိုးသမီးဟန်ပန်ကို ရယူထားတယ်။ ကိုယ်ခန္ဓာ သွယ်လျတာမှာ ခြေတံရှည်ရှည်တွေ မြင်သာနေတာက အလှကို ပင့်တင်ပေးထားတဲ့အပြင် ခါးမတုပ်တာကိုလည်း ပုံပေါ်အောင် ဖော်ပေးထားတယ်။ episode 2 မှာ Victoria Beckham ရဲ့ အပြာအလှခြယ် ပိုးသားဘလောက်စ်ကို ဆင်မြန်းခဲ့တာ တွေ့ရတယ်။ အချို့ဇာတ်ဝင်ခန်းတွေမှာတော့ A-line skirt ကို ဆင်မြန်းပြီး သွယ်လျတဲ့ ကိုယ်ခန္ဓာကို အလှတင့်တယ်အောင် လုပ်ပေးထာတးယ်။
ဒီနေရာမှာ pencil skirt နဲ့ A-line skirt ဆိုတဲ့ ခေါ်ဝါ် သုံးနှုန်းပုံတွေကို ပြောပြလိုပါတယ်။

pencil skirt ဆို ခေါ်ကြတဲ့ စကပ်က သွယ်လျတဲ့ ကိုယ်ခန္ဓာနဲ့ အကိုက် အတိအကျ ချုပ်ထားတယ်။ ဘေးကို မကားဘူး။ အဖြောင့်ဖြစ်ပြီး ကျဉ်းတယ်။ ဘောင်းဘီရှည်ရဲ့ အပေါ်ပိုင်းလို ဖြစ်နေတယ်။ ဒူးခေါင်း ထိလုနီးပါးအထိတော့ အနည်းဆုံးအားဖြင့် ရှည်တယ်။ ဒူးဖုံးတဲ့အထိ ရှည်တာမျိုးလည်း ရှိတယ်။ သေးသွယ်ပြီး ရှည်တဲ့စကပ်ပုံဖြစ်လို့ ခဲတံနဲ့ တင်စားပြီး pencil skirt လို့ အမည်တွင်တာ ဖြစ်ပါတယ်။

A-line skirt ဆိုတာက တင်ပါးတွေမှာ အကျပ်ဖြစ်ပြီး အောက်ဘက်ကို ဖြည်းဖြည်းချင်း ကားသွားတာ အနားသတ်တဲ့အထိပဲ။ ဝတ်ဆင်ထားတဲ့အခါ ခြေထောက်နှစ်ချောင်းနဲ့ စကပ်တို့က အင်္ဂလိပ်အက္ခရာ စာလုံးကြီး A နဲ့ တူနေလို့ A-line skirt လို့ အမည်တွင်တာ ဖြစ်ပါတယ်။

Read 1384 times
Rate this item
(0 votes)