What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Celebrity တွေကြား ရေပန်းစားတဲ့ Tooth Jewelry Trend

ဘယ်လောက်ပဲ လှအောင် ၀တ်စားဆင်ယင်ထားပါစေ လှပတဲ့ အပြုံးတစ်ခုမပါရင်တော့ ပြီးပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဆယ်လီတွေဟာ ပုံမှန်လူတွေထက် လူကြားသူကြားထဲမှာ ပေါ်လွင်နေဖို့ အရေးကြီးသလို ပုံမှန်လူတွေထက်လဲ ပိုပြီးပြုံးနေရလေ့ရှိပါတယ်။

အပြုံးတွေကို တတ်နိုင်သလောက် အလှဆင်နိုင်ဖို့လည်း ကြိုးစား ကြပါတယ်။ အခုလည်း (၁၉၉၀)ပြည့်နှစ်တွေလောက် ခေတ်စားခဲ့တဲ့ Trend တစ်ခုဟာ တစ်ကျော့ပြန်ပြီး အနောက်တိုင်း ဆယ်လီတွေကြားမှာ ရေပန်းစားနေပါပြီ။

pink tooth jewelry min
ဒါကတော့ Tooth Jewelry လို့ခေါ်တဲ့ သွားထဲကို ကျောက်(သို့မဟုတ်) ရတနာပစ္စည်း တစ်ခုခုထည့်ပြီး အလှဆင်တဲ့ ဖက်ရှင်ပါ။ သွားထဲ ထည့်တဲ့ ကျောက်(သို့မဟုတ်) ရတနာပစ္စည်းကိုတော့ Tooth Gems လို့ခေါ်ပါတယ်။ သို့ပေမယ့်လည်း တစ်ချို့ကတော့ သွားထဲကို ကျောက်(သို့မဟုတ်) ရတနာပစ္စည်း တစ်ခုခုထည့်တာက ကျန်းမာရေးနဲ့ မကိုက်ညီကြောင်း၊ ရေရှည်မှာ သွားကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ P!nk ၊ Katy Perry နဲ့ စူပါမော်ဒယ်လ် Hailey Baldwin တို့ကို အလှဆင်ပေးခဲ့ပြီး အနောက်တိုင်းဆယ်လီ အတော်များများရဲ့ လက်စွဲတော် သွားဆရာဝန်ဖြစ်တဲ့ Dr. Anjali Rajpal က Tooth Jewelry နဲ့ ပတ်သတ်ပြီး ရှင်းပြသွားခဲ့ပါတယ်။

0306 katy teaser2 1200x630 min
Dr. Rajapal က Tooth Jewelry ကို အစပထမတော့ လူတွေကြောက်ကြကြောင်း၊ ဆယ်လီတွေဟာ သူတို့ရဲ့ သွားတွေ ပုံပျက်သွားမှာကိုလန့်ပြီး မလုပ်ကြပေမယ့် အခုတော့ အရမ်းသဘောကျနေကြကြောင်း ပြောပြခဲ့ပါတယ်။ သူမရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သတ်ပြီးတော့လည်း “သွားဆရာဝန်တစ်ယောက်ဖြစ်ရုံနဲ့ Tooth Jewelry လုပ်ပေးလို့ မရနိုင်ပါဘူး။ အနုပညာအမြင်လည်း ရှိမှရမှာပါ။ ကျွန်မတို့ဟာ လည်ပင်း၊ နှာခေါင်း၊ နားတွေမှာ ရတနာပေါင်းစုံ ဆင်ယင်ခဲ့ပြီးပါပြီ။ သွားတွေဟာ ပုလဲလုံးတွေပါ။ ပုလဲလုံးတွေကို ရတနာကွပ်ပေးရတာလောက် ပိုလှနိုင်တာမရှိပါဘူး” လို့ Dr.Rajapal က ပြောခဲ့ပါတယ်။

1 min

နုပျိုလှပ​နေတဲ့ အသက်​(၄၀)​ကျော်​ စူပါ​မော်​ဒယ်​​တွေရဲ့runwayထက်က ​ပုံရိပ်​​တွေ

2 min

3 min

 

Source:aunty may

Read 1042 times
Rate this item
(1 Vote)