လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်က မော်ဒယ်တွေအားလုံးဟာ အလှအပစံနူန်းတွေဖြစ်တဲ့ အရပ်ရှည်ရမည်၊ ရုပ်ချောရမည်၊ ဘာဘီအရုပ်တွေလို ကိုယ်ခန္ဓာအချိုးအစား တူညီနေရမည်ဆိုတဲ့စံနူန်းတွေကြားမှာ ရင်ဘောင်တန်းကြပါတယ်။ ဒါပေမယ့် ယခုခေတ်မှာတော့ အရာရာဟာ ပြောင်းလဲစပြုနေပါပြီ။ ယနေ့ခေတ်မော်ဒယ်တွေဟာ ထက်မြက်ရမည်၊ မှတ်ဥာဏ်ကောင်းရမည် ဆိုတာနဲ့ သူတစ်ပါးကို ဆွဲဆောင်နိုင်ရမည်ဆိုတဲ့အခြေခံအချက်လက်တွေ ရှိလာခဲ့ပါပြီ။ ယခုဖော်ပြပေးမှာကတော့ ထူးခြားတဲ့အသွေးအမွေးတို့ကိုပိုင်ဆိုင်တဲ့ မော်ဒယ်တွေနဲ့ သူတို့ရဲ့အပြင်အဆင်တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။
Luke Smith

Luke Smith ကတော့ လန်ဒန်မော်ဒယ် နဲ့ stylist ဖြစ်သူပါ။ သူ့ရဲ့ထူးခြားတဲ့အသွင်အပြင်ကြောင့်ပဲ ကိုယ်ပိုင်ဟန်နဲ့ရပ်တည်နိုင်သူဖြစ်ပါတယ်။
Duan Mei Yue

Duan Mei Yue ဟာ အသက် ၁၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့စင်ကာပူက မော်ဒယ် တစ်ဦးဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ New York Fashion Week မှာနာမည်ကြီးခဲ့ပြီး Dior ရိုးတွေမှာ အပေါ်လွင်ဆုံးမော်ဒယ်တစ်ဦးဖြစ်ပါတယ်။
Coral Kwayie

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Coral ဟာ မျက်နှာပေါ်က ထူးခြားချက်တွေကို ကွယ်ဝှက်မထားဘဲ သဘာဝအလှအတိုင်း နာမည်ကြီးသူဖြစ်ပါတယ်။
ဖက်ရှင်လောကမှာ မတူညီတဲ့အလှတရားတွေနဲ့ အောင်မြင်စွာ ရပ်တည်နေကြတဲ့ မော်ဒယ်တွေ
Uli

Uli ကတော့ ၉ နှစ်ပဲရှိပါသေးတယ်။ ဒါပေမယ့် ဖက်ရှင်ဘရမ်း တွေကတော့ သူမရဲ့ထူးခြားတဲ့ရုပ်ရည်လေးကို သတိထားမိနေကြပါပြီ။
Tin Gao

Tin ကို Anti-Angency ကရှာတွေ့ခဲ့ပါတယ်။ ဒီမိန်းကလေးနဲ့ပတ်သက်ပြီး တိကျတဲ့ဘာကိုယ်ရေးအချက်လက်ကိုမှ ဖော်ပြမထားပေမယ့် မကြာခင် တစ်ကမ္ဘာလုံးက သူမအကြောင်းကို ပြောဖို့ဖြစ်လာတော့မှာဖြစ်ပါတယ်။
Stephanie Reichler

မျက်ခုံးမွှေးထူထူနဲ့ဒီမိန်းကလေးကိုတော့ ONE magazine၊ Notion နဲ့ Dreamingless ဓာတ်ပုံရိုက်ကူးမှုတွေမှာသတိထားမိခဲ့ပါတယ်။
Andrea Thomas

Andrea က ထူးခြားတဲ့အသားရေပြဿနာ နဲ့အောင်မြင်တဲ့ plus-size မော်ဒယ်ဖြစ်ပါတယ်။
Winnie Harlow

Winnie ဆိုသူကလဲ အသားရေပြဿနာအချို့ရှိနေတဲ့မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ America’s Next Top Model ရိုးတည်းက ဒိုင်လူကြီးတွေရဲ့ သတိထားခံရသူပါ။ ယနေ့မှာတော့ Desigual, Diesel, i-D နဲ့ Dazed လို့မဂ္ဂဇင်းတွေနဲ့ဖက်ရှင်ဘရမ်းများစွာနဲ့အလုပ်လုပ်နေသူဖြစ်ပါတယ်။
Source:mingalarbar





