What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်လောကမှာ မတူညီတဲ့အလှတရားတွေနဲ့ အောင်မြင်စွာ ရပ်တည်နေကြတဲ့ မော်ဒယ်တွေ

လူတိုင်းမှာ သူ့အလှတရားနဲ့သူရှိပါတယ်။ သာမန်လူတွေနဲ့မတူတာနဲ့ဘဲ အဲဒီလူတစ်ယောက်ရဲ့ အလှတရားကို တန်ဖိုးဖြတ်လို့မရပါဘူး။

မတူညီတဲ့ ရုပ်ရည်သွင်ပြင်ကြောင့်ပဲ အားသာချက်တစ်ခုအနေနဲ့ အသုံးချပြီး ဖက်ရှင်လောကမှာ ရပ်တည်နေကြတဲ့ မော်ဒယ် ၃ဦးအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ Winnie Harlow

2
၁၉၉၄ ခုနှစ်မှာမွေးဖွားခဲ့ပြီး အရပ်အမြင့် ၅ပေ၉ ရှိတဲ့ Winnie Harlow ကိုတော့ အားလုံးနီးပါး သိကြမယ်လို့ထင်ပါတယ်။ ကနေဒါနိုင်ငံသား ဖက်ရှင်မော်ဒယ်တစ်ခုဖြစ်ပြီး America's Next Top Cycle 21 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူလေးဖြစ်ပါတယ်။

1
ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပေမယ့်လည်း အခုတော့ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်နေပါပြီ။ သူမရဲ့ သမင်ဖြူလိုလို အသားအရေကြောင့်ပဲ ပိုပြီးလှပဆွဲဆောင်မှုရှိနေတာပါ။ London Fashion Week တို့လို ရှိုးပွဲကြီးတွေမှာလည်း Cat Walk လျှောက်ခဲ့သလို ဖက်ရှင်မဂ္ဂဇင်းတွေမှာလည်း Cover Model အဖြစ် ဖော်ပြခြင်းခံရသူလေးဖြစ်ပါတယ်။

ဖက်ရှင်တိုင်းကို ရေပန်းစားသွားအောင် လုပ်နိုင်သူ ကိုရီးယားအနုပညာရှင် အမျိုးသမီးများ

၂။ Sabina Karlsson

3
သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပိုပြီးနာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူမကိုတော့ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဆွစ်ဒင်နိုင်ငံသူဖြစ်ပါတယ်။ ခန္ဓာကိုယ်အချိုးအစား ၃၆၊ ၃၂၊ ၄၃ရှိပြီး အရပ်အမြင့်က ၅ပေ၉ ရှိသူဖြစ်ပါတယ်။ အသက်၎နှစ်အရွယ်ကတည်းက မော်ဒယ်စပြီးလုပ်ကိုင်လာခဲ့တာဖြစ်ပြီး မော်ဒယ်အလုပ်ကိုပဲ ရွေးချယ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်နာ Jean Paul Gaultier နဲ့ ဖက်ရှင်ကုမ္ပဏီ Armani အတွက် အလုပ်လုပ်ပေးရင်း ပိုပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။

4
ဖက်ရှင်ရှိုးတော်တော်များများမှာလည်း ပါဝင်နေသူဖြစ်ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာတော့ Plus Size Model အဖြစ်ပြောင်းလဲရပ်တည်ခဲ့ပြီး Plus Size Model ရဲ့ Icon တစ်ဦးလည်းဖြစ်ပါတယ်။

၃။ Slick Woods

5
၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့ပြီး အရပ်အမြင့် ၅ပေ ၁ဝလက်မရှိသူလေးဖြစ်ပါတယ်။ သူမကိုတော့ ကတုံးဆံပင်ကေ၊ သွားကျဲကျဲနဲ့ တက်တူးတွေကြောင့် ပိုပြီးသိများပါတယ်။ သူမဟာ Social Media Modeling ဖြစ်ပြီး Follower အများဆုံး နံပါတ် ၆ ချိတ်ပါတယ်။

6
သူမကိုတော့ ဒီဇိုင်နာ Marc Jacobs အတွက် မော်ဒယ်လုပ်ပေးရင်း ပိုလူသိများခဲ့တာပါ။ ဖက်ရှင်ရှိုးပွဲတော်တော်များများမှာလည်း ပါဝင်နေသူဖြစ်ပါတယ်။ Vogue မဂ္ဂဇင်းတို့လို နာမည်ကျော် မဂ္ဂဇင်းတွေမှာလည်း ဖော်ပြခံရသူလေးဖြစ်ပြီး Calvin Klein အတွက် Campaign တွေမှာလည်း ပါဝင်နေရသူလေးဖြစ်ပါတယ်။
အဆိုတော် Rihanna ရဲ့မိတ်ကပ် brand တစ်ခုဖြစ်တဲ့ Fenty Beauty မှာလည်း Woods ရဲ့မျက်နှာကို ဖော်ပြထားပါတယ်။ သူမဟာ ၂ဝ၁၇ ခုနှစ် ဇူလိုင်လက models.com ရဲ့ Hot List စာရင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

 

Source:my style

Read 1139 times
Rate this item
(2 votes)