Virgil Abloh တစ်ယောက် " ပြည်သူတို့ရဲ့ မင်းသမီး" ဆိုပြီး သူ့ရဲ့ Spring 2018 runway ပေါ်ကို အံ့မခန်းမှုတွေ ဖြန့်ခင်းလိုက်တာပါ။
ပြည်သူတွေ သိပ်ချစ်ရတဲ့ Princess Diana ရဲ့ ကွယ်လွန်မှု 20th anniversary ပြည့်အပြီး 4 ပတ်မြောက်နေ့မှာပဲ ဒီ Collection တွေကို မိတ်ဆက်လိုက်တာက သိပ်ကို အချိန်ကိုက်လွန်းတယ်လို့ ဆိုရမလိုပါပဲ။
Princess Diana ရဲ့ ဘယ်တော့မှ သေဆုံးမသွားတဲ့ ဂုဏ်သတင်းကို အောက်မေ့တဲ့ အနေနဲ့ သူမရဲ့ အထင်ကရ ၀တ်စုံ ပုံစံတွေကို ယနေ့ခေတ် ရသတွေ၊ အမှတ်တံဆိပ်ရဲ့ ဟန်ပန်၊ ဒီဇိုင်နာရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပြန်လည် ဖန်တီးလိုက်တာပါ။
မင်းသမီးရဲ့ ဂန္တ၀င်ဆန်တဲ့ ၀တ်စုံတွေက Off-White ရဲ့ ဂေါ်လှတဲ့ ဟန်ပန်တွေနဲ့ တွေ့ဆုံကြတဲ့ အခါမှာတော့ 2018 နွေဦးရာသီစာ Collection တစ်ခုလုံးက အသက်ရှူမှားလောက်အောင် မိုက်သွားတာပါပဲ။
source: posh magazine