What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Gigi Hadid ရဲ့ ဖက်ရှင်ဆိုင်ရာ လျှို့ဝှက်ချက်များ

ကမ္ဘာကျော်မော်လ်ဒယ်တွေ အများကြီးရှိတဲ့ အထဲမှာ Gigi Hadid ကိုတော့ မကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ အမြဲတမ်း ဖက်ရှင်ကျလွန်းလို့၊ တက်ကြွဖျတ်လပ်ပြီး ချစ်စရာကောင်းလွန်းလို့ မိန်းကလေးတွေ တော်တော်များများရဲ့ fashion idol ဖြစ်နေပါတယ်။

ဖက်ရှင်ဘုရင်မ Gigi ရဲ့ ဖက်ရှင်နဲ့ ပတ်သက်လို့ လျှို့ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်နော်။

(၁) Metallic အ၀တ်အထည်တွေ ၀တ်ဖို့ ဘယ်တော့မှ မတွန့်ဆုတ်ဘူး

gigi hadid metallic dress min

တစ်ကိုယ်လုံး ပြောင်လက်နေတဲ့ အ၀တ်ဝတ်ဖို့ဆိုတာ တော်ရုံလူ မစဉ်းစားရဲ့တဲ့ကိစ္စပါ။ Gigi ကတော့ ရဲရဲကြီးဝတ်ပြီး ပေါ့ပေါ့ပါးပါး ပုံစံလေးလည်း နေလို့ရတဲ့အကြောင်း ပြသသွားပါတယ်။

(၂) အရိုးရှင်းဆုံးတွေ ၀တ်ဆင်တယ်

gigi hadid simple dress min

စိတ်ရှုပ်ထွေးမှုတွေ ဖြစ်နေတဲ့အချိန်မှာ အရိုးရှင်းဆုံးဖက်ရှင်ကို ၀တ်ဆင်တာက အကောင်းဆုံးပါ။ ဘာမှထူးထူးဆန်းဆန်း မဆင်မြန်းဘဲလည်း လှနိုင်တယ်ဆိုတာ Gigi ကိုကြည့်ရင် သိနိုင်ပါတယ်နော်။

(၃) အစင်းအင်္ကျီနဲ့ ဂျင်းဘောင်းဘီ

gigi hadid stripe top with jean min

သူမရဲ့ဘယ်တော့မှ မရိုးနိုင်တဲ့ ဖက်ရှင်ပါ။ ထသွားထလာ အချိန်မှာပဲဖြစ်ဖြစ် အစင်းအင်္ကျီနဲ့ ဂျင်းဘောင်းဘီကို တော်တော်အ၀တ်များကို သတိထားမိပါတယ်။

Taylor Swift ရဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အယူအဆတွေ

(၄) သက်ဆိုင်မှု မရှိတာတွေကို ၀တ်ဖို့မငြင်းဘူး

gigi hadid fashion min

သူများတွေ အထက်အောက် မလိုက်ဖက်ဘူးလို့ ယူဆထားတဲ့ ဖက်ရှင်တွေကိုလည်း ပေါ့ပေါ့ပါးပါး ၀တ်ဆင်တတ်ပါသေးတယ်။

(၅) ဖိနပ်ကို အလေးထားတယ်

gigi hadid gold boot min

Gigi က shoes lover တစ်ယောက်လို့ ထင်ရလောက်အောင် ဖိနပ်ကို ကောင်းကောင်း ရွေးချယ်နိုင်သူပါ။ leather boots တွေနဲ့ အရမ်းကိုလိုက်တဲ့ မော်ဒယ်မမကို ပြပါလို့ ပြောရင် Gigi ကိုပြရမှာပါပဲ။

(၆) အဖြူ၊အမဲ အတွဲအစပ်

gigi hadid black and white color combine min

တခြားဘာအရောင်အဆင်းမှ မပါဘဲ အဖြူ၊ အမဲ နှစ်ရောင် အတွဲအစပ်နဲ့ ဘယ်လိုလှအောင် ၀တ်လို့ရလဲဆိုတာကို သင်ပေးသွားတာကလည်း သူမပါပဲ။

(၇) ခရီးသွား fashion

gigi hadid travel fashion min

ဘယ်သူမဆို ခရီးသွားမယ်ဆိုရင် သက်တောင့်သက်သာဖြစ်မယ့် အ၀တ်တွေကိုပဲဝတ်ကြမှာပါ။ မီနီစကပ်နဲ့ ဒေါက်ဖိနပ်နဲ့ နာရီပေါင်းများစွာ လေယာဉ်ပေါ်မှာ၊ကားပေါ်မှာထိုင်နေဖို့ဆိုတာ တွေးကြည့်ရုံနဲ့တင်တော်တော်ပင်ပန်းနေပါပြီ။ အဲ့ဒီတော့ Gigi ခရီးသွားတိုင်းဘာဝတ်လဲကြည့်လိုက်ကြရအောင်။ over size coat အင်္ကျီရယ် ၊ ဘောင်းဘီရှည်ရယ်၊ boots တွေရယ်က သူမ ခရီးသွားတိုင်းဝတ်တတ်တဲ့ဖက်ရှင်ဖြစ်ပြီး အရမ်းလည်းမိုက်၊သက်တောင့်သက်သာလည်းရှိနေတာကိုတွေ့ရမှာပါ။

(၈) ခေါင်းအစ ခြေအဆုံး အနက်ရောင်


တစ်ကိုယ်လုံးမှာ တgigi hadid all black fashion minရာင်တည်း ဆင်မြန်းတာကို fashion killer လို့ခေါ်ကြပြီး၊ ဖိနပ်ပဲဖြစ်ဖြစ်၊ အိတ်ပဲဖြစ်ဖြစ် အရောင်ကွဲတာတစ်ခုတော့ ရွေးကြချိန်မှာ သူမကတော့ အထက်အောက်အားလုံးကို အနက်ရောင်ဝတ်ပြီး ဂေါ်ပြနေပါတယ်။ ကိုယ်တွေလည်း Gigi လို တစ်ကိုယ်လုံးအနက်ရောင်နဲ့ ဂေါ်လိုက်ကြရအောင်လား။

 

Source:aunty may

Read 1198 times
Rate this item
(1 Vote)