What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ဝန်ဆောင် Gigi Hadid ရဲ့ ဖက်ရှင်စတိုင်လ်

ကိုယ်ဝန်ဆောင် Gigi Hadid က သူမ ဇူလိုင်လတုန်းက ရိုက်ထားသည့် မိခင်လောင်းလျာ ဓာတ်ပုံများကို ဆိုရှယ်မီဒီယာမှာ တင်ပြခဲ့ပါတယ်။

 

ဓာတ်ပုံအသစ် ၂ ခုတွင် ကိုယ်ခန္ဓာအပေါ်ပိုင်းတွင် အတိုဖြတ်ထားသော အဝတ်အစားကို ဝတ်ဆင်ထားတယ်။ အောက်ပိုင်းမှာတော့ ခါးအမြင့် ဂျင်းဘောင်းဘီကို ကြယ်သီးဖြုတ်ပြီး ဝတ်ထားတယ်။ နောက်တစ်ပုံမှာတော့ အစိမ်းရောင် ဇာသား Brandon Maxwell ဖက်ရှင်ကို ဆင်မြန်းထားတယ်။

 

Hadid က အဲဒီဓာတ်ပုံတွေကို ကိုယ်ဝန် ၃၃ ပတ် အရမှာ ရိုက်ခဲ့တာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

 

 

ရက်အတိအကျ ဆိုရင် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်မှာ ရိုက်ခဲ့တာလို့ ဆိုပါတယ်။ အခု စက်တင်ဘာလ ပထမပတ်ကုန်ဆိုးခဲ့ပြီဆိုတော့ လွန်ခဲ့တဲ့ ၆ပတ်လောက်တုန်းက ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ကိုယ်ဝန်က ၃၉ ပတ် ရပြီ ဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်တွေအတွင်းမှာ သားဖွားတော့မှာ ဖြစ်ပါတယ်။

 

"ကျမက အခုလို ကိုယ်ဝန်ပုံတွေ ရှယ်လိုက်တဲ့အတွက် နားမလည်နိုင်သူတွေ ရှိလိမ့်မယ်။ ကျမက ကပ်ရောဂါကာလအတွင်း ကိုယ်ဝန်ဆောင်ထားတာ ဖြစ်နေတော့ ကျမ ကိုယ်ဝန်ဆောင်တာ ကမ္ဘာပေါ်မှာ အရေးအပါဆုံး မဟုတ်တာ သေချာပါတယ်။ အရေးလုပ်ပြီး ရှယ်ရတာက ကျမရဲ့ မိသားစုအပြင် ကျမရဲ့ ပရိသတ်ကိုပါ ဝေမျှပေးချင်လို့ ဖြစ်ပါတယ်"
လို့ Gigi Hadid က ရှင်းပြပါတယ်။

"ပူထွက်နေတဲ့ ပုံတွေ ရိုက်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေဆီကို ကျမ ပို့ခဲ့တာ ပုံတွေ အများကြီးပဲ။ အခုလို ကိုယ်ဝန်ဆောင် အတွေ့အကြုံကို လက်မလွတ်စေနဲ့လို့ ကျမကို ပြောကြတယ်။ မှတ်တမ်းမှတ်ရာအဖြစ်လည်း ကျမ ဓာတ်ပုံတွေ ရိုက်ထားဖြစ်တယ်" လို့ Gigi Hadid က ရှင်းပြပါတယ်။

Read 1000 times
Rate this item
(0 votes)