What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိတ်ကပ် မပါဘဲVogue မဂ္ဂဇင်းကာဗာကို ရိုက်ကူးပေးခဲ့သူ Beyonce

နာမည်ကျော် Vogue မဂ္ဂဇင်း အတွက် ကာဗာ ဓာတ်ပုံ တွေကို မိတ်ကပ်ပြင်ဆင်ထားမူမပါဘဲ ရိုက်ကူးခဲ့ပြီး ပန်းပွင့်တွေ နဲ့အလှဆင်ထားတဲ့ headpiece ကြောင့် ပရိတ်သတ်တွေက Beyonce အလှကို ချီးမွန်းမဆုံးဖြစ်နေကြပါတယ်။

ဒါ့အပြင် Beyonce ရဲ့ ကာဗာအပြင်ဆင်တွေကို မဂ္ဂဇင်းရဲ့ နာမည်အကျော်ကြားဆုံး အယ်ဒီတာချုပ် Anna Wintour က သေချာပြင်ဆင်ပေးထားတာလို့လဲသိရပါတယ်။ အလယ်မှာပါဝင်တဲ့ပုံတွေကတော့ အပြင်မှာရိုက်ကူးထားတာဖြစ်ပြီး သိပ်လှပြီး အရောင်စုံတဲ့ဂါဝန်တွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ကလေး သုံးယောက်ရဲ့မိခင်ဖြစ်သူ စူပါစတား Beyonce ဟာ မိတ်ကပ်ပြင်ဆင်မူ အနည်းဆုံးဖြစ်အောင် ကြိုးစားထားပြီး သဘာဝဆံပင်ပုံစံ နဲ့ဆွဲဆောင်မူရှိအောင် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

5 min

“ကျွန်မကတော့ လူတွေရဲ့ပင်ကိုသဘာဝအလှတရား ကိုယ်ခန္ဓာ တွေ ကိုချီးကျူးလက်ခံဖို့ အမျိုးသားအမျိုးသမီးတိုင်း အတွက်အရေးကြီး တယ်လို့ထင်ပါတယ်။ ဒါကြောင့် ဆံပင်တုတွေ၊ မိတ်ကပ်အပြင်းစား တွေနဲ့ရိုက်ကူးဖို့ရှောင်ခဲ့တာပါ” လို့ မဂ္ဂဇင်းအင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

4 min

ဒါ့အပြင် “ကျွန်မ အမွာကလေးတွေမွေးပြီးတဲ့နောက် ပေါင်ချိန် ၂၁၈ ဖြစ်လာတယ်။ သွေးထဲအဆိပ်ဖြစ်လို့ လအတန်ကြာလှဲနေလိုက်ရသေးတယ်။ ကျွန်မကျန်းမာရေးနဲ့ ကလေးတွေကျန်းမာရေးက တော့ အန္တရာယ်ပဲ။ ဒါကြောင့် အရေးပေါ် ဆက်ရှင် စီ အခန်းကိုပြောင်းလိုက်ရတယ်။ အဲ့ဒီမှာပဲ ရက်သတ္တပတ်တော်တော်နေလိုက်ရတာ။ အဲ့ဒီနောက် major surgery လုပ်ခဲ့ရပါတယ်။ ခွဲစိတ်မူ လုပ်ပြီဆိုမှတော့ ကိုယ်ခန္ဓာအစိတ်ပိုင်းတွေကိုဖြစ်လို့ ပြန်ကောင်းဖို့ အချိန် ယူရတယ်။

2 min

 အဲ့ဒီအတောတွင်း ကိုယ့်ကိုကိုယ်ချစ်တယ်၊ ဂရုစိုက်တယ် ကိုယ့်ကိုယ်ခန္ဓာ ဖြစ်ချင်တာကိုလက်ခံတယ်။ ခြောက်လ ကြာပြီးတဲ့နောက် ဖျော်ဖြေပွဲအတွက် ပြင်ဆင်တယ်၊ ကော်ဖီတွေ၊အရက်တွေ နဲ့အသီး ဖျော်ရည်တွေ စွန့်လွတ်လိုက်တယ်။ ဒါပေမယ့် ကျွန်မ ပိုပြည့်ဝလာတဲ့ကောက်ကြောင်းတွေကို ချစ်တတ်ဖို့ စိတ်ရှည်ခဲ့ရတယ်။ ကျွန်မကလေးတွေနဲ့ အမျိုးသားလဲ တကယ်စိတ်ရှည်ခဲ့ကြပါတယ်။

3 min

British Vogue စက်တင်ဘာ မျက်နှာဖုံးရှင် ပထမဆုံး လူမည်း အမျိုးသမီး Rihanna

ဒီနေ့ထိ ကျွန်မလက်တွေ၊ ပုံခုံးတွေ၊ရင်သားတွေ ပြည့်လာတယ်။ နည်းနည်းမိခင် ဆန်လာတယ်။ ဒါတွေစွန့်လွတ်ဖို့ကျွန်မသိပ်လောမနေဘူး။ ဒါက စစ်မှန်ခြင်းလို့ ကျွန်မထင်တယ်လေ” လို့ သူမရဲ့ ပြည့်ဖြိုးလာတဲ့ကိုယ်ခန္ဓာအပေါ်မှာစိတ်ဓာတ်မကျဘဲ ပိုနှစ်သက်တတ်ဖို့ နဲ့ ပိုပျော်ရွင် ဂုဏ်ယူနေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

1 min

 

Source:mingalarbar

Read 1084 times
Rate this item
(1 Vote)