What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်ထူကိုယ်ထ ဘီလျံနာ Kylie Jenner

Forbes က “America’s Women Billionaires” ခေါင်းစဉ်တပ်ပြီး မဂ္ဂဇင်း ထုတ်တာမှာ ဖက်ရှင်စူပါမော်ဒယ် Kylie Jenner ကို မျက်နှာဖုံးရှင်အဖြစ် အသုံးပြုထားတယ်။

Jenner ဟာ အမေရိကန် ပြည်ထောင်စုမှာ နံပါတ် ၂၇ အချမ်းသာဆုံး အမျိုးသမီးလို့ အစီရင်ခံထားပါတယ်။

Forbes ရဲ့ တွက်ချက်မှုတွေအရ Jenner ဟာ သူ့မိသားစုမှာ အခြားသူတွေထက် အများကြီး ပိုချမ်းသာတယ်။ ကိုယ်ထူကိုယ်ထ အားထုတ်မှုဖြင့် ဘီလျံနာတစ်ဦး အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

Kylie Jenner ဟာ ဘီလျံနာလို့ စာရင်းသွင်းတာဟာ အငြင်းပွားစရာ ဖြစ်နေတဲ့အပြင် ကိုယ်ထူကိုယ်ထ ဘီလျံနာ ဖြစ်လာတယ်ဆိုတာကတော့ အငြင်းပွားစရာ ဖြစ်နေလို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်မှုတွေ ရှိစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ မိဘတွေက မီလျံနာ စဲလီတွေ ဖြစ်နေကြလို့ ဖြစ်ပါတယ်။

kylie jenner

Forbes က သြဂုတ်လ ၂၀၁၈ ခုနှစ်အတွက် “America’s Women Billionaires” ကို Kylie Jenner ရဲ့ ပုံ မျက်နှာဖုံးမှာ ဖော်ပြပြီး ထုတ်ဝေခဲ့တာမှာ Jenner ရဲ့ အသားတင်တန်ဖိုးက အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၉၀၀ တန်တယ်လို့ ဆိုပါတယ်။ တစ်ဘီလျံဟာ သန်း တစ်ထောင်ကို ဆိုလိုတာ ဖြစ်တာမို့ Kylie Jenner ဟာ ဘီလျံနားနီးပါး ချမ်းသာသူသာ ဖြစ်ရမယ်လို့ ထောက်ပြကြပါတယ်။

အဲဒီ သန်း ၉၀၀ ဆိုတာကို Jenner က ၃နှစ်အတွင်း ရရှိခဲ့တာ ဖြစ်ပြီး အသက် ၂၀ မှာ အခုလို သူဌေးမတစ်ဦး အဖြစ်သို့ ရောက်လာခဲ့တယ်။ ဖေ့စ်ဘုတ် ထူထောင်သူနဲ့ စီအီးအိုဖြစ်သူ Mark Zuckerberg ဟာ အသက် ၂၃ နှစ်မှာ ဘီလျံနာ ဖြစ်ခဲ့တာဆိုတော့ Jenner က Zuckerberg ထက် အသက်ပိုငယ်ရွယ်စဉ်မှာ ဘီလျံနာ အဖြစ် ရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒီတော့ အသက်အငယ်ဆုံး ကိုယ်ထူကိုယ်ထ ဘီလျံနာအဖြစ် ရောက်သူဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

Jenner ရဲ့ ဘ၀ဇာတ်ကြောင်းဟာ ဆင်းရဲတဲ့သူအဖြစ်မှ သူဌေးအဖြစ် ရောက်ရှိခဲ့တဲ့ ဇာတ်လမ်းမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ချမ်းသာပါတယ်ဆိုတဲ့ မိဘတွေ၊ မွေးချင်းတွေထက် Jenner က ပိုချမ်းသာသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးချင်းဖြစ်သူ Kim Kardashian West ထက် အပုံကြီး ပိုချမ်းသာပါတယ်။ Kim Kardashian West ရဲ့ အသားတင်ကြွယ်ဝမှုက အမေရိကန်သန်း ၃၅၀ ဖြစ်ပြီး Kylie Jenner က အမေရိကန်ဒေါ်လာ သန်း ၉၀၀ ချမ်းသာပါတယ်။

350 900

အသက် ၂၀ အရွယ်မှာ ယခုလို ချမ်းသာသွားတာဟာ Kylie Cosmetics အလှကုန် အရမ်း အောင်မြင်သွားလို့ ဖြစ်ပါတယ်။ Kylie Cosmetics ကုမ္ပဏီရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိမယ်လို့ Forbes က တွက်ချက်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ရောင်းအား အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ Jenner က ကုမ္ပဏီရဲ့ မျက်နှာ အလှပြသူ ဖြစ်တဲ့အပြင် တစ်ဦးတည်းသောပိုင်ရှင်လည်း ဖြစ်ပါတယ်။

 

kelly jenner
Forbes က ကိုယ်ထူကိုယ်ထလို့ သုံးနှုန်းရတာက အမွေရပြီး ချမ်းသာလာတဲ့သူ မဟုတ်ဘူးလို့ ဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ မိသားစုပိုင် လုပ်ငန်းကို ဦးစီးလုပ်ကိုင်သူ ဖြစ်လာလို့ ချမ်းသာတဲ့သူ ဖြစ်လာတာမျိုးလည်း မဟုတ်ပါဘူး။
ဥပမာအားဖြင့် Alice Walton ဟာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး တစ်ဦး ဖြစ်နေပေမဲ့ သူက Walmart လုပ်ငန်းကြီးကို အမွေဆက်ခံပြီး ချမ်းသာသူ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ ကိုယ်ထူကိုယ်ထ ဘီလျံနာ မဟုတ်ပါဘူး။

Read 954 times
Rate this item
(1 Vote)