What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နဲ့ ပတ်သက်တာတွေကို တအားစိတ်ဝင်စားလို့ ဖကရှင်ဆိုင်ဖွင့်ဖြစ်တဲ့ ၀မ်း

ဖက်ရှင်နဲ့ ပတ်သက်တာတွေကို တအားစိတ်ဝင်စားလို့ ဖကရှင်ဆိုင်ဖွင့်ဖြစ်တဲ့ ၀မ်း myat thin zar kyaw onee facebook

တချိန်က အနုပညာလဲ လုပ်တဲ့ ၀မ်းဟာ စီးပွါးရေး လုပ်ငန်းအဖြစ် The Lace ဇာဆိုင်ကို လဲဖွင့်လှစ်ထားပါတယ်။ ဆိုင်နဲ့ ပတ်သတ်ပြီး မေးမြန်းထားတာတွေကတော့ ……

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း
The Lace ဇာဆိုင်ကို အမှတ် - (၈၃)A ၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ် တွင်ဖွင့်လှစ် ထားပါတယ်။

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံ။
စီးပွားရေးလုပ်ငန်းကြီး လုပ်လိုက်မဟဲ့ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်တိုင်က ဘာလုပ်လုပ် ကိုယ်ဝါသနာပါတာကိုပဲ လုပ်ချင်တဲ့စိတ်ရှိတယ်။ ဖက်ရှင်နဲ့ ပတ်သက်တာတွေကို တအားစိတ်ဝင်စားတယ်။ ဖက်ရှင်ကျကျလေး ဝတ်စားရတာကိုလည်း ကြိုက်တယ်။ ဖက်ရှင်ဒီဇိုင်နာကျောင်းတွေသွားတက်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ကလေးတစ်ဖက်နဲ့ အိမ်ထောင့် တာဝန်တွေနဲ့ဆိုတော့ စိတ်သာရှိပြီး လက်လျှော့ထားရတယ်။ စိတ်ကတော့ မလျှော့သေးဘူး။ ဖက်ရှင်ဒီဇိုင်းကိုသင်ချင်သေးတယ်။ အဲဒီလို ဝါသနာကြီးတဲ့အတွက်လည်း ကိုယ့်စိတ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဒီလုပ်ငန်းကို လုပ်ဖြစ်ခဲ့တယ်။ နောက်တစ်ခုက ဝမ်းတို့ စဖွင့်တဲ့အချိန်မှာ ဒီမှာ ဇာချည်းပဲ သီးသန့်ဆိုင်က နည်းတယ်။ ပိုးနဲ့ ဘာနဲ့ တွဲရောင်းကြတာရှိတယ်။ ဒါပေမဲ့ ရွေးချယ်စရာက နည်းတယ်။ အဲဒီတော့ နိုင်ငံခြားခရီးထွက်ဖြစ်ရင် ကိုယ့်အကြိုက်ဇာတွေတွေ့ရင် သယ်ရရော။ အဲဒီ တော့ စိတ်ထဲမှာ ငါတို့ဆီမှာလည်း ဒီလို ဇာတွေချည်းပဲ ဒီဇိုင်းအမျိုးမျိုးနဲ့ ရွေးစရာများများရှိတဲ့ ဆိုင်ရှိရင် သိပ်ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ အဲလိုစဉ်းစားမိနေချိန်မှာ ကိုဇာနည်သီချင်းဆိုဖို့ သြစတြေးလျကိုသွားတော့ ဝမ်းလည်း လိုက်သွားတယ်။ အဲဒီ့မှာ ညီမအငယ်ကလည်း ကျောင်းတက်နေတော့ ငါ့ကို နင်တို့ဆီက ဇာဆိုင်တွေ လိုက်ပြပေးပါ ဆိုပြီး ညီမကို လိုက်ပို့ခိုင်းပြီး သူတို့ဆီက ဇာဆိုင်တွေကိုလိုက်လေ့လာတယ်။ နောက် ညီမလေးလည်း ဒီကိုပြန်ရောက်လာတော့ ငါတို့ ဇာဆိုင်ဖွင့်ရအောင်ဆိုပြီး ဖွင့်ဖြစ်ခဲ့တယ်။ အဲဒီလိုနဲ့ Diva ဆိုတဲ့ နာမည်နဲ့ ဆရာစံလမ်းမှာ စဖွင့်ခဲ့တယ်။ အဲဒီတုန်းကတော့ ကိုယ့် ညီအစ်မတွေအပြင် နောက်ထပ် ရှယ်ယာတစ်ယောက်လည်းပါတယ်။ နောက်ပိုင်းကျတော့ သိပ်အဆင်မပြေတာနဲ့ ၂ဝ၁၄ လောက်ကစပြီး The Lace နာမည်နဲ့ ကိုယ်ပိုင်ဖွင့်ဖြစ်ခဲ့တယ်။ 

12369194 794678757344491 3653879449155523307 n

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ။
အစပိုင်းတုန်းကတော့ ဒီလိုပဲ ဇာတွေချည်း ရောင်းမယ်ပေါ့။ ဒါပေမဲ့ ဖွင့်နေရင်းကနေ လာဝယ်တဲ့သူတွေက ချုပ်တာပါလုပ်ပေးရင် ကောင်းမယ်ဆိုတာနဲ့ ကိုယ်ကလည်း သိပ်မလုပ်ချင်ရှာတော့ တစ်ခါတည်း Designer service ပါ ထည့်ပေးဖြစ်တော့တာ။ အဲဒီကစပြီး The Lace မှာ ပိတ်စတွေတင်မကဘူး Designer လည်း ကိုယ်ပိုင်ရှိတယ်။ ချုပ်တဲ့ အဖွဲ့လည်းရှိတယ်။ ဆရာစံလမ်းကဆိုင်က နည်းနည်းကျဉ်းတယ်။ အဲဒီတော့ Designer နဲ့ ချုပ်တဲ့အဖွဲ့ကို တခြားနေရာမှာ ထားရတယ်။ အဲဒီတော့ပိတ်စတွေက သပ်သပ်၊ ချုပ်တာက သပ်သပ်ဖြစ်နေတယ်။ အဲဒါကြောင့် အခု ဒီဆိုင်အသစ်မှာတော့ အကုန်လုံး နေရာချလို့ရအောင် စီစဉ်လိုက်ပြီး ဆိုင်နေရာပါပြောင်းလိုက်တယ်။ 

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်။
အခက်အခဲကတော့ ရှိတယ်။ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က လုပ်ချင်တာ၊ ဖွင့်ချင်တာပဲသိတယ်။ ဘာမှလည်း သိပ်စဉ်းစားမနေဘဲလုပ်လိုက်တယ်။ ညီမလေးရဲ့ သူငယ်ချင်းတစ်ယောက်က ရှယ်ယာပါတယ်။ အဆင်မပြေဘူး။ အဲဒီတော့ အဲ့ဆိုင်ကို ပိတ်လိုက်။ နောက်တစ်ဆိုင် ကိုယ့်နာမည်နဲ့ တစ်ခါထပ်ဖွင့်။ အဲဒီတော့ ကုန်ကျစရိတ်တွေက တက်ကုန်တယ်။ ဆုံးရှုံးမှုတွေလည်းများတယ်။ အဲဒီ့အချိန်မှာ သံဝေဂလည်းရတယ်။ လူတွေအကြောင်းလည်း ပိုသိသွား 
တယ်။ လူတွေက တစ်မျိုးပဲ။ အခက်အခဲဖြစ်တယ်ဆို ကူညီမယ့်သူက အရမ်းရှားသွားတယ်။ ဝိုင်းကြည့်ပြီးတော့ အပြစ်ပြောဖို့ပဲ လွယ်ကြတယ်။ အမှန်တော့ ဘယ်သူက ခက်ခဲချင်မလဲ။ ဘယ်သူကရော ကိုယ့်လုပ်ငန်းကို ဆုံးရှုံးချင်မလဲ။ မကောင်းတာ ဘယ်သူမှမဖြစ်ချင်ဘူး။ မဖြစ်ချင်ပေမဲ့လည်း ဖြစ်ရမယ့်အချိန်မှာဖြစ်သွားခဲ့တယ်။ ဒါပေမဲ့လည်း အကောင်းဆုံး ပြန်ရပ်တည်နိုင်အောင် ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားရတယ်။ လောကမှာ ကောင်းတာလည်းကြုံရမယ်၊ ဆိုးတာလည်းကြုံရမယ်။ ကိုယ်အကောင်းဆုံး လုပ်နေရက်နဲ့ မကောင်းတာဖြစ်ရတယ်ဆိုရင် သြော်..ဒါကတော့ ငါ့အတိတ်ကံပဲလို့ပဲ ဖြေလိုက်တယ်။ နောက်ပြီး ငါအကောင်းဆုံးလုပ်နေတဲ့အတွက် ကောင်းတာဖြစ်လာမယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ အားပေးလိုက်တယ်။ ညီအစ်မ သုံးယောက် ထပ်ကြိုးစားတယ်။အားသာချက်ကတော့ ကိုယ့်လုပ်ငန်းကို လူသိတာ မြန်တယ်။ အားနည်းချက်ကတော့ အမှားတော့မလုပ်လိုက်နဲ့။ အဲဒါလည်း လူသိတာ မြန်လိမ့်မယ်။ သူများထက်ပိုပြီး ကိုယ်က ဂရုစိုက်ပြီး အကြည့်ခံရတဲ့ လူတွေဖြစ်တဲ့အတွက် နည်းနည်းလေးဖြစ်တာနဲ့ များများပြောခံရဖို့ သေချာတယ်။ အနေအထိုင်အရမ်းဆင်ခြင်ရတယ်။

11113037 1102583746425776 3016976402803057948 o11157489 1102583686425782 9200207447479864544 o

ရှေ့ဆက်မည့် အစီအစဉ်များ။
ဆိုင်ခွဲလေးတွေ ထပ်ဖွင့်ဖို့တော့ စဉ်းစားသေးတယ်။ ဒါပေမဲ့ ကိုယ်တိုင်သေချာမဦးစီးနိုင်ရင် အလေ့အလွင့်တွေနဲ့ ဆုံးရှုံးမှုတွေ ရှိလာနိုင်တဲ့အတွက် အခုလောလောဆယ်ကတော့ ဒီဆိုင်အသစ်မှာပဲ ပိတ်စတွေရော၊ Designer Service ရော သေသေချာချာလုပ်သွားဖို့ပဲရှိပါတယ်။ 

18839416 1872181982799278 8754718349998732340 o

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်။

အဓိကကတော့ ဘယ်အလုပ်ကိုလုပ်လုပ် ကိုယ်ဝါသနာပါတဲ့အလုပ်ဖြစ်ဖို့ အရေးကြီးတယ်။ ဒါမှသာ စိတ်ဝင်စားမှုရှိမယ်။ လုပ်ငန်းကိုစပြီးရင်လည်း စိတ်ဝင်တစားနဲ့ ဆုံးခန်းတိုင်အောင်လုပ်ဖို့လိုတယ်။ နောက်ပြီး စေတနာထားရမယ်။ အလုပ် ကို စေတနာထားပြီးလုပ်မယ်ဆို မအောင်မြင်နိုင်စရာမရှိဘူးလို့ ဝမ်းတော့ ယုံကြည်ပါတယ်။

source: myanmar people magazine 

Read 1153 times
Rate this item
(0 votes)