What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Plus-size ဖက်ရှင်စတား Katie Monster

ပကာသန အပေါ်ယံလျှပ်ထားတဲ့ ဖက်ရှင်အ၀တ်အစားတွေမှာ ကိုယ်ခန္ဓာက အချိုးမပြေရင် ပြောတော့သာ လွယ်တယ်။ ၀တ်ဖို့ကျ ခက်နေတတ်တယ်လို့ ဖက်ရှင်ဝတ်စားဆင်ယင်မှု ဆရာမ Katie Monster က ဆိုထားတယ်။


သူ့အမည်ရင်းက Katie Ruensumran ဖြစ်ပေမဲ့ သူ့ကို မွန်စတာ (မဘုတ်ဆုံ)လို့ သိကြတယ်။ အဲဒီနာမည်ကို သူကိုယ်တိုင်ကလည်း လက်ခံတယ်။ မဘုတ်ဆုံလို့ ပြောချင်တဲ့ မွန်စတာ Monster မှာလည်း အလှတရားတွေ ရှိနေတယ်။
“ကျမတို့က ဆိုရှယ်မီဒီယာနဲ့အတူ လောကထဲမှာ နေထိုင်ကြရတယ်။ လူတွေက သူတို့ရဲ့ အကောင်းဆုံးအခြမ်းတွေကိုပဲ ဆိုရှယ်မီဒီယာမှာ တင်ကြတယ်။ တခြားသူတွေကကြည့်ရင် သူတို့ ကိုယ်ခန္ဓာက ကြည့်ပျော် ရှုပျော် ဖြစ်နေတယ်။ အပြစ်အနာအဆာတွေ ကင်းစင်နေတာ တကယ်မှ မဟုတ်တာ။ ကျမတို့ရဲ့ ကိုယ်ခန္ဓာတွေက အပြစ်အနာအဆာ မကင်းကြဘူး။ စင်းလုံးချော မဖြစ်ကြဘူး။ ကျမဆိုရင်လည်း စင်းလုံးချော မဟုတ်ပါဘူး။ စင်းလုံးချောလည်း မဖြစ်ချင်ပါဘူး။ ဖြစ်ချင်လို့လည်း မရပါဘူး”
လို့ Katie Monster က ဆိုတယ်။
သူက ဘန်ကောက်မှာ ကြီးပြင်းခဲ့ပြီး အခု လန်ဒန်မှာ အခြေစိုက်ပြီး ဖက်ရှင်စတိုင်လ် ရေးသားသူ ဖြစ်ပါတယ်။ plus-size လို့ အပြောခံရသူတွေနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။

02 katie monster

သူက ငယ်ငယ်ကတည်းက ဖက်ရှင်အ၀တ်အစားတွေ ၀တ်လို့ မရတဲ့သူ ဖြစ်ခဲ့တယ်။
“ကျမက ပိန်ပိန်ပါးပါး မဟုတ်ခဲ့ဘူး။ လှလည်း မလှဘူး။ အခုလည်း အဲဒီအတိုင်းပဲ။ ဒါပေမဲ့ ကျမ စိတ်ချမ်းသာတယ်။ ကျမ အခုလို ဖြစ်နေတာအတွက် ကျမ စိတ်မညစ်ပါဘူး”

သူက ဖက်ရှင်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ဖူးပေမဲ့ လမ်းကြောင်း ပြောင်းသွားခဲ့တယ်။ အခု အတိုင်ပင်ခံ အကြံပေး အဖြစ် လုပ်ကိုင်နေတယ်။ ထိုင်းနိုင်ငံမှ brand တချို့ကို အကြံပေး လုပ်ကိုင်လျက် ရှိပါတယ်။

style 1


“ငယ်ငယ်တုန်းက ဖက်ရှင် မဂ္ဂဇင်းတွေ ကျမ အမြဲ ဖတ်တယ်။ The Face, i-D, British Vogue စတဲ့ ဖက်ရှင်မဂ္ဂဇင်းတွေထဲမှာ ပါတဲ့ ပုံတွေကို တစ်မျက်နှာချင်း လိုက်ကြည့်တယ်။ တစ်ခါတလေ မဂ္ဂဇင်းကြော်ငြာမှာ ဆွတ်ပေးလိုက်တဲ့ ရေမွှေးရနံ့တွေ ရတယ်။ အဲဒီအဖြစ်တွေကို ကျမ ကောင်းကောင်း မှတ်မိတယ်။ ကလေးမ တစ်ယောက်အဖို့ ဖက်ရှင်နဲ့ အနီးစပ်ဆုံး လုပ်လို့ရတာဆိုလို့ အဲဒါပဲ ရှိတယ်”

အမျိုးသမီး အ၀တ်အစားတွေ ဒီဇိုင်းထုတ် ချုပ်လုပ်တတ်ဖို့အတွက် ကမ္ဘာ့ဖက်ရှင် သင်တန်းကျောင်းတွေမှာ နံပါတ်(၁) အဆင့်အတန်းမှာ ရှိနေတဲ့ Central Saint Martins မှာ ပညာဆည်းပူးဖူးတယ်။ နောက်တော့ တီရှပ်တွေ ထုတ်လုပ်ပြီး ရောင်းချဖို့ ကြိုးစားခဲ့တယ်။
“အ၀တ်ဆိုင်တန်းမှာ ကျမ တီရှပ်တွေ ရောင်းဖို့ လုပ်ခဲ့တယ်။ အဲဒီမှာ ကျမ သိသွားတယ်။ ကျမ သွားချင်တဲ့ ဦးတည်ချက် ဒီဇိုင်းဘက်ကို မဟုတ်ဘူး။ ဒီတော့ ဖက်ရှင်နဲ့ စတိုင်လ်အကြောင်း ရေးသားသူတစ်ဦး အဖြစ်ကို ခံယူလိုက်တယ်”

ဒါပေမဲ့ သင်တန်းတက်ထားလို့ ကိုယ်ဝတ်ဖို့ အ၀တ်အစားတွေကို ဒီဇိုင်းထုတ်တာ ချုပ်လုပ်တာ သူ တတ်ကျွမ်းတယ်။

style 3


“ကျမ ဘယ်တုန်းကမှ ပိန်ပိန်ပါးပါး မဖြစ်ခဲ့ဘူး။ ၀၀ကစ်ကစ် မိန်းကလေးပဲ ဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေက ကုန်တိုက်ကိုသွားပြီး အသင့်ချုပ်ပြီးသား အ၀တ်အစားတွေ ၀ယ်ကြတယ်။ ထိုင်းမှာ မိန်းကလေးတွေက ညက်ကြတယ်။ ပိန်ပိန်သွယ်သွယ်တွေ များတယ်။ ဒီတော့ ၀၀ကစ်ကစ် မိန်းကလေးဖြစ်တဲ့ ကျမအတွက် တော်တဲ့ အ၀တ်အစား မရှိဘူး။ ဒီတော့ လမ်းဘေး အ၀တ်ဆိုင်တန်းတွေမှာ ခပ်ပွပွ ချုပ်ထားတဲ့ အ၀တ်အစားစတိုင်လ်မျိုးကို ၀ယ်တယ်။ အိမ်မှာ ပြန်ပြင်ချုပ်တယ်”

အခုအခါမှာ Katie Monster က ထိုင်းနိုင်ငံရဲ့ brand တွေ ဖြစ်တဲ့ Landmee’ နဲ့ Dry Clean Only တို့ရဲ့ ဒီဇိုင်နာတွေနဲ့အတူ လုပ်ကိုင်နေတယ်။ နေထိုင်ရာ လန်ဒန်မြို့ကနေ အလုပ်ရှိရာ ဘန်ကောက်မြို့ကို တစ်လ နှစ်ကြိမ် မှန်မှန်လာတယ်။ ဒီဇိုင်းပိုင်းအပြင် ဈေးကွက်တင်တဲ့အပိုင်း၊ နိုင်ငံတကာဈေးကွက် ထိုးဖောက်မှုအပိုင်းတွေကို အတူလုပ်ကိုင်တယ်။ လန်ဒန်နဲ့ ပါရီမှာ ကျင်းပတဲ့ ဖက်ရှင်ပွဲတွေကို သွားကြည့်တယ်။
ထိုင်းနိုင်ငံအတွက် ထုတ်တဲ့ ဖက်ရှင်မဂ္ဂဇင်း Elle Thailand မှာ စာရေးတယ်။

pa tak

သူ့ရဲ့ ဖခင် Pa Tuek ကလည်း Instagram သုံးစွဲသူဖြစ်ပြီး post တွေ တင်တယ်။
“သူက စတိုင်ကျကျ ၀တ်ဆင်တာကို ကြိုက်တယ်။ ကျမ ငယ်စဉ်တုန်းက သူက ကျမကို အမြဲပြောတယ်။ အပြင်ထွက်ရင် အမြဲတမ်း လူလေးစားအောင် ၀တ်ရမယ်။ လူတွေက စကားမပြောရသေးခင်မှာ ဘယ်လို ၀တ်စားထားသလဲဆိုတာအရ အရင် ဆုံးဖြတ်တယ်တဲ့”

sytyle 2

ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံကနေ သူ့ရဲ့ အနုသုခုမဒဿန ပေါက်ဖွားလာတယ်။ သူက ခပ်မာမာပဲ။ “ကျမ ၀တ်လိုက်ရင် အဆင်ပြေပြီး သက်သောင့်သက်သာ ရှိတာကို ၀တ်တယ်။ ကျမ ကြိုက်တာကို ၀တ်တယ်။ ကျမက မြင်တဲ့အတိုင်း ပိန်ပိန်ပါးပါး မဟုတ်ဘူး။ ဒီတော့ ကြိုက်တယ် ၀တ်လို့တော်တယ်ဆိုရင် ၀တ်တယ်။ ယောက်ျားဝတ် မိန်းမ၀တ် ဆိုတာ ကျမမှာ မရှိဘူး။ အရွယ်အစား အတော်အထိ ဖြစ်ရမယ် ဆိုတာလည်း ကျမမှာ မရှိဘူး။ ကျမ ကြိုက်တာ ၀တ်လို့ တော်တာကို ဖက်ရှင်ကျကျ ဖြစ်အောင် ၀တ်တယ်”

 

style 12

Read 835 times
Rate this item
(1 Vote)