What's new

×

Warning

JUser: :_load: Unable to load user with ID: 845


McQueen ရဲ့ မှတ်တမ်းရုပ်ရှင်

ဖက်ရှင်လောကမှာ ဂျီးနီးယပ်ပ် ဖြစ်ရုံမက လုံးလုံးလျားလျား သစ်ဆန်းတာတွေ ဖန်တီးသူ အဲလက်ဇန်းဒါမက်ကွင်းရဲ့ ဘ၀ဇာတ်ကြောင်း မှတ်တမ်းတင်ရုပ်ရှင်ကို လာမယ့် ဇွန်လဆန်းပိုင်းမှာ ပြသတော့မှာ ဖြစ်ပါတယ်။

မက်ကွင်းရဲ့ ဘ၀ မှန်ကူကွက်တွေကို တင်ဆက်ထားပြီး ဘောင်ကလနားတွေကို သူဘယ်လို ချိုးဖျက်ပစ်ပြီး ဘယ်လိုတွေတောင် သူဖန်တီးတယ်ဆိုတာတွေကို တင်ပြထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာဘ၀၊ အသက်မွေးအလုပ်ဘ၀တွေကို ပြသထားတယ်။ အိမ်တွင်းဖြစ်အဆင့် ရိုက်ကူးထားတာတွေ၊ မြင်ကွင်းနောက်ကွယ် behind-the-scene တွေလည်း ထည့်သွင်းတည်းဖြတ်ထားတယ်။ သူ့မိတ်ဆွေရင်းချာတွေ၊ သူ့မိသားစုတို့ကို အင်တာဗျူးထားတာတွေလည်း ပါတယ်။ ဒီဇိုင်နာရဲ့ စိတ်ကူးတွေထဲ ထဲထဲဝင်ဝင် ၀င်ကြည့်ထားတယ်။ သူ့ရဲ့ မမေ့နိုင်စရာ ဖက်ရှင်ရှိုးတွေ catwalk shows တွေလည်း ပါတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှတော့ ထရေလာ trailer ကို မြည်းဖို့ ဖြန့်ချိထားပါတယ်။
“ဒီကားကို ကြည့်ပြီးတဲ့အခါ အီမိုးရှင်း မဖြစ်ဘဲ ထွက်သွားတယ်ဆိုရင် ကျွန်တော့ အလုပ်ကို ဟန်ကျပန်ကျ မလုပ်ထားတာဖြစ်လိမ့်မယ်” လို့ ဆိုထားပါတယ်။ သူက အခုလို ပြောထားပါတယ်။
“တနင်္ဂနွေ နေ့လည်စာကို စားပြီးလို့ ထထွက်လာတဲ့ ခံစားမှုမျိုးဖြင့် လျှောက်လှမ်းပြီး ထွက်သွားတာကို ကျွန်တော် မရချင်ဘူး။ ကျွန်တော် လိုချင်တာက ခင်ဗျားက တွန်းလှန်ပစ်ပြီး ရင်ဖိုတက်ကြွစေလိုပါတယ်”

အခု ၀က်ဘ်ဆိုက်က ဗီဒီယို တင်လို့ မရတာကြောင့် မက်ကွင်းရဲ့ မမေ့နိုင်စရာ ဖက်ရှင်ပုံတစ်ချို့ကို စုစည်းတင်ပြအပ်ပါတယ်။

 

mc queen 2

mc queen 4

mc queen 5

mc queen 6

mc queen 7

mc queen 8

 

Read 1186 times
Rate this item
(0 votes)