What's new

×

Warning

JUser: :_load: Unable to load user with ID: 845


My BOO limited Collection by Mi Sandi

My BOO limited Collection by Mi Sandi facebook

My boo အမှတ်တံဆိပ်ကို လုပ်ကိုင်နေတဲ့ မိစန္ဒီကို my boo brand နဲ့ ပတ်သတ်ပီးမေးမြန်းထားပါတယ်။ 

လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း 
My BOO တံဆိပ်နဲ့ လုပ်ကိုင်နေပါတယ်။ 

စိတ်ကူးအစရခဲ့ပုံနှင့် ပြင်ဆင်ခဲ့ရပုံ 
လွန်ခဲ့တဲ့  နှစ်နှစ်လောက်တည်းက လုပ်ချင်နေခဲ့တာ ပထမတုန်းက celebrities product အနေနဲ့မဟုတ်ဘူး စီးပွားရေးတစ်ခုလုပ်ချင်ခဲ့တာ။ ဘာလုပ်မလဲစဉ်းစားတော့ ကိုယ်က clothing ကိုဝါသနာပါတယ်။ ဝက်ကိုလည်းချစ်တယ် ဝက်ရုပ်လေးတွေနဲ့လုပ်တာလည်း မရှိသေးဘူး ဆိုတော့ စိတ်ကူးလေးက အဲကနေရတယ်။ ပြီးတော့ Target က couple wear ထုတ်ချင်တာ couple wear က sweet ဖြစ်တာလေးတွေပဲများတော့ ၀က်ကလေးကမရှိတော့ လုပ်ချင်ခဲ့တာပါ။ အဓိက ကတော့ လူငယ်တွေစိတ်ဝင်စားတာလေးလုပ်ဖို့ စိတ်ကူးခဲ့တာပါ။

လုပ်ငန်းစတင်ခဲ့ပုံနှင့် ကြိုးစားခဲ့ရမှုများ 
၂၀၁၅ လောက်မှာ စလုပ်မယ်ဆိုတော့ GENIUS က ကိုဖြိုးလေးတို့နဲ့ စ စကားပြောတယ်ပေါ့နော်။ သူတို့ကလည်း အင်္ကျီတွေ လုပ်တယ်ဆို တော့ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူချင်ဘူးပေါ့နော် အဲဒါနဲ့ တော်တော်ငယ်တဲ့ လူငယ်တွေကို Target ထားမယ် Cute လည်းဖြစ်ရမယ်ဆိုပြီးတော့ လုပ်ဖြစ်ခဲ့တယ်။ ကြားထဲမှာ Limited Collection အနေနဲ့ ခေါင်းအုံးလေးတွေ ထုတ်လိုက်သးတယ် ခေါင်းအုံးက ကိုယ့်ဖာသာ ရှန်ဟိုင်းကနေ စက်ရုံကို တိုက်ရိုက်မှာတယ် အဲဒါက ကိုယ့်
ဘာသာတစ်ယောက်တည်း လုပ်လိုက်တာ အိမ်ကတောင်မသိဘူး။ ခေါင်းအုံးတွေရောက်လာမှသိတာ ကိုယ့်ဖာသာ အင်တာနက်ကနေ research လုပ်ပြီး စမ်းလုပ်ကြည့်လိုက်တာ။ နောက် ၀က်လေးတွေကို clothing လုပ်မယ်ဆိုတော့ ၀က်ကိုချစ်အောင် ဘယ်လိုလုပ်မလဲဆိုပြီးတော့ စိတ်ကူးတွေ အိုင်ဒီယာတွေနဲ့ စတင်ပြီးတော့ ငွေကြေးရင်နှီးမြှုပ်နှံမှုကအစ ဘယ်လောက်ပဲသုံးမယ် ဒီထက်ပိုရင် မသုံးတော့ဘူးဆိုပြီး limit ထားတယ်။ အခုဆို သမီးရဲ့ My Boo မှာ ထပ်မထည့်တော့ဘူး။ သူ့ဝင်ငွေနဲ့သူ လှည့်ပတ်သုံးဖိုပဲ target ထားထားတယ်။

ကြုံတွေ့ခဲ့ရသောအခက်အခဲများ၊ အားသာချက်နဲ့ အားနည်းချက်
အဓိက အခက်အခဲက ငွေလွှဲတဲ့ဟာ အရမ်းဒုက္ခရောက်တယ် ပထမစစချင်း ခေါင်းအုံးတွေ စလုပ်တော့ ရှန်ဟိုင်းကို ငွေလွှဲတာခက်ခဲခဲ့တာ သူတို့ဆီကို လွှဲရတာ ဘဏ်အကောင့်ကိစ္စတွေ တော်တော်ကိုတိုင်တွေပတ်ခဲ့တာ။ နောက်အပ်
လိုက်တဲ့ ခေါင်းအုံးစက်ရုံကကြီးတော့ သဘောင်္နဲ့ပဲတင်ပေးတော့ သင်္ဘောခတွေ တော်တော်ကျတာ သူတို့ဖက်ကအခွန်ကိုလည်း ထိန်းတော့ ဒီကိုတင်ပို့တာကအစ စရိတ်တွေ အရမ်းမြင့်ကုန်ရော ဒီမှာလည်း သမီးက Export ၊ Import လိုင်စင်တွေလုပ်ရတယ် တော်တော်ကို ခက်ခဲခဲ့တယ်။ ခေါင်းအုံးလုပ်တဲ့အပိုင်းကတော့ တော်တော်လေးကို ကုန်ခဲ့ ခက်ခဲခဲ့တယ် နောက်ပိုင်း clothing လုပ်တော့ Genius နဲ့ တိုင်ပင်လုပ်ခဲ့တော့ သူတို့က အတွေ့အကြုံရှိတဲ့ အောင်မြင်ပြီးသားဆိုတော့ သူတို့အကူအညီနဲ့ တော်တော်လေးကို အဆင်ပြေခဲ့တယ်။ အင်္ကျီအတွက် အသားတွေ ပိတ်စတွေရွေးတာမျိုးတွေ cutting ပိုင်းတွေကိုတော့ သေချာကိုရွေးတယ် ခဏခဏပြန်ပြင်တယ် ၀တ်ကြည့်တယ် cutting ပိုင်းကိုသေချာလုပ်တယ် လက်တွေထောင်နေတာတို့ မိန်းကလေးတီရှပ်လေးတွေဆိုရင် ခါးလေးတွေသိမ်ထားပြီးတော့ ၀တ်ရတာ အဆင်ပြေအောင်လုပ်တယ်။

ကိုယ်တိုင်လုပ်ရတဲ့ အပိုင်းတွေများတော့ လုပ်ရတာပိုကြာသွားတယ်။ ချုပ်တာကျတော့ နိုင်ငံခြားမှာချုပ်တာရော ဒီမှာချုပ်တာရော နှစ်မျိုး လုံးပဲ ဟိုဖက်မှာချုပ်တဲ့ အားနည်းချက်က ပြန်ပြင်ဖို့ခက်ခဲတာ ခေါင်းအုံးလုပ်တုန်းကဆို ဟိုက ပို့လိုက် ဒီက ပြန်ပြင်ဖို့ပို့လိုက် ဟိုက ပြန်ပို့လိုက်နဲ့တင် DHL ဖိုး တော်တော်ကုန်ခဲ့တာ။ နောက်ပိုင်းမှာတော့ ပြည်တွင်းမှာ လုပ်လို့ရသမျှအကုန်လုပ်ဖို့ စဉ်းစားထားတယ် ပစ္စည်းပြတ်သွားလိုကုန်သွားတာကအစ ပြန်မှာရင် ပြန်ကြာဆိုတော့ နောက်ပိုင်းတော့ ကုန်ကြမ်းကို ပြည်ပကမှာပြီး ချုပ်တဲ့အပိုင်း ဒီမှာပဲလုပ်မယ်စိတ်ကူးထားတယ်။ နောက်ဆိုရင် တစ် Batch ပဲထုတ်မယ် ကုန်သွားရင် ထပ်မထုတ်တော့ဘူး Limited edition အနေနဲ့ပဲထုတ်တော့မယ်။

ရှေ့ဆက်မည့် အစီအစဉ်များ
 clothing ပိုင်းလည်း ဆက်ထုတ်မယ်။ နောက်ထပ်အခြား မိစန္ဒီစိတ်ဝင်စားတဲ့ အခြားဟာလေးတွေလည်း ထုတ်ချင်တာတွေရှိသေးတယ်။ မိစန္ဒီရဲ့ product တွေက အသက် ၁၃ နှစ်  ကနေ ၂၆ နှစ်အတွင်းရှိတဲ့ ကလေးတွေကို ရည်ရွယ်တာဆိုတော့ သူတို့ မုန့်ဖိုးလေးတွေနဲ့ ၀ယ်လို့ရနိုင်တဲ့ ပစ္စည်းလေးတွေထုတ်ဖို့ ရည်ရွယ်ထားပါတယ် သော့ချိတ်လိုမျိုးလေးတွေပေါ့။

ကိုယ်ပိုင်စီးပွားရေးစတင်ချင်တဲ့ လူငယ်ပရိသတ်များအတွက် အကြံပြုချက်

လူငယ်တိုင်းကို လုပ်ကြည့်စေချင်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် အသက် ၁၆ နှစ် လောက် ကလေးတွေတောင် Online shopping လုပ်ပြီး ပိုက်ဆံရှာနေကြပြီဆိုတော့ အခုခေတ်လို အွန်လိုင်းကနေ ပိုက်ဆံရှာလို့ လွယ်ကူလာနေပြီဖြစ်တဲ့ အချိန်မှာ လုပ်ကြည့်စေချင်ပါတယ်။ ကိုယ့်အားကိုကိုးပြီးတော့ သူများကိုအားမကိုးပဲ လုပ်ကြည့်စေချင်ပါတယ်။ အတွေ့အကြုံကောင်းရဖို့အတွက် နစ်နာတာမရှိပါဘူးလို့။

15285044 1042059662570389 1804205898820850626 n16999184 10209201850743628 3940245544209182277 n

source : myanmar people magazine 

Read 2661 times
Rate this item
(0 votes)