What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်တိုင်းကို ရေပန်းစားသွားအောင် လုပ်နိုင်သူ ကိုရီးယားအနုပညာရှင် အမျိုးသမီးများ

ပြီးပြည့်စုံမူကို အဓိပ္ပာယ်ဖွင့်ဆို တဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Top visual (ထိပ်တန်းအလှပဂေး) နဲ့ ဖက်ရှင်တစ်ခု ကို လူများကြား ရေပန်းစားအောင်မြင်အောင် ဝတ်ဆင်နိုင်ခြင်းပါပဲ။

အောက်မှာ ဖော်ပြပေးထားတဲ့ အမျိုးသမီးအနုပညာရှင် လေးယောက်တော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းအလှပဂေး စာရင်းဝင်တွေဖြစ်ကြပြီး သူတို့ဝတ်လိုက်တဲ့ ဖက်ရှင်တိုင်း နာမည်ကြီးအောင်လုပ်နိုင်တဲ့ပါဝါရှိသူ အမျိုးသမီးတွေပဲဖြစ်ပါတယ်။

၁ - ဆူဇီ
MissA အဖွဲ့ဝင်ဟောင်း Suzy ဟာ အခုဆိုရင် တောင်ကိုရီးယားရဲ့အအောင်မြင်ဆုံး စူပါစတားထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ရုပ်ရည်ပြေပြစ်ကြော့ရှင်းမူကြောင့်လဲ လူသိများရတာပါ။ ကောင်လေး ပရိတ်သတ်များသာမက မိန်းကလေးပရိတ်သတ်များကပါ အချစ်ပိုရတဲ့ မင်းသမီးတစ်လက်လဲဖြစ်ပါတယ်။ သူမရဲ့ လူပ်ရှားမူတိုင်းကို ပရိတ်သတ်များအထူးစိတ်ဝင်စားကြပြီး မီဒီယာ တို့ရဲ့ အဓိကပြစ်မှတ် တစ်ခုလဲ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ပဲ ဆူဇီက အဝတ်ထည် Brand တို့ရဲ့ ပြရုဒ် တစ်ခုဖြစ်လာခဲ့ခြင်းပါ။

5


တစ်ခါက Gimpo လေဆိပ်မှာ ချစ်စရာဝတ်စုံလေးရယ် ဖုန်းထည်အိတ်လေးရယ်နဲ့ တွေ့လိုက်ရစဉ်က ဖန်တွေနဲ့ အင်တာနက်အသုံးပြုသူတွေဟာ ချက်ချင်းပဲ အဲ့ဒီဖုန်းထည့်အိတ်လေးကို အပြေးဝယ်ကြပြီး တစ်ခါတည်းရောင်းကုန်သွားတယ်လို့သိရပါတယ်။ ဒါ့အပြင် ဒီ brand ရဲ့အကျိုးမြတ် ဒေါ်လာ ၃၄၀ ကနေ ၄.၅ မီလီယံဒေါ်လာ ထိ တိုးမြင့်သွားခဲ့ပါတယ်။

4

နောက်ထပ်အောင်မြင်ခဲ့တဲ့ဒရမ်တစ်ပုဒ်ဖြစ်တဲ့ “While You Were Sleeping” မှာလဲ ပရိတ်သတ်အများပြားရဲ့စိတ်ဝင်စားမူကိုခံခဲ့ရပါတယ်။ အထူးသဖြင့် သူမဝတ်တဲ့ tracksuit, မျက်မှန်၊ ဂျင်းအကျပ် နဲ့ ဆိုဒ်လွန် ရှပ် တွေဟာ အရမ်း ရေပန်းစားခဲ့ပါတယ်။ ဘယ်လောက်တောင် ပရိတ်သတ်တွေကို လွမ်းမိုးမူ ပါဝါအားကောင်းလိုက်လဲ။

2


နောက်ထပ်ခတ်စားတဲ့ ဆူဇီရဲ့ စတိုင်တစ်ခုကတော့ off shoulder top နဲ့ ဂျင်းဘောင်ဘီ တွဲဖက်ဝတ်ဆင်မူပဲဖြစ်ပါတယ်။

1

၂ - Sulli
Sulli ရဲ့ ကိုယ်ပိုင်ဘဝအပေါ်မှာ မုန်းလို့ရရင်ရမယ် သူ့ရဲ့ ရုပ်ရည်ချောမေားမူနဲ့ စတိုင်ကိုတော့ မုန်းလို့ရမှာမဟုတ်ပါဘူး။ သူမကိုတော့ ဖက်ရှင်နဲ့ hairstyle ပြရုဒ်တစ်ခုအဖြစ် လူသိများကြပါတယ်။ သူမရဲ့ ခပ်ပွပွ အကောက် ဆံပင်ပုံစံကို ပရိတ်များသဘောကျပြီး ကမ္ဘာ နဲ့ တစ်ဝှမ်းအောင်မြင်တဲ့ ဆံပင်ပုံစံတစ်ခုလဲဖြစ်ပါတယ်။

10

Dior Fashion show တုန်းကဝတ်ဆင်ခဲ့တဲ့ dress လေးကို အခြားဆယ်လီတွေဖြစ်တဲ့ Zhao Li Ying, Tang Yan, Liu Yifei တို့ကတောင် ဝတ်ဆင်ခဲ့တယ်သိရပါတယ်။

8

အလှကုန်၊ အဝတ်ထည် နဲ့ accessory တွေရဲ့ Brand တွေရဲ့ ပြရုဒ်တစ်ခုအဖြစ် လဲရွေးချယ်ခံထားရသူပါ။ (Etude House, ESTEE LAUDER, Vedi Vero,…)

9

၃ – Na Eun (Apink)

11


အရမ်းလှတဲ့ အဆိုတော်မလေး Na Eun ကတော့ အထင်းကြီးစရာ လှပကျော့ရှင်းတဲ့ ခြေတံ အလှလေးတွေနဲ့ မွေးဖွားလာသူပါ။ ဘာဝတ်ဝတ်လိုက်ဖက် ဆွဲဆောင်မူ ရှိပြီး သူမရဲ့ လှပတဲ့ ခြေတံတွေကြောင့် အင်တာနက်အသုံးပြုသူတွေက “Queen of Leggings” လို့ချစ်စနိုးခေါ်တတ်ကြပါတယ်။

၎ - Krystal (F(x))

14


Krystal ကတော့ သူမရဲ့ဆန်းသစ်တဲ့ဖက်ရှင် အပြင်အဆင်တွေကြောင့် ပရိတ်တွေ အားကျနေရတဲ့အိုင်ဒေါတစ်ယောက်ပါ။ အအောင်မြင်ဆုံးဖက်ရှင်မဂ္ဂဇင်းတွေဖြစ်တဲ့ (Vogue, BAZAAR, Cosmopolitan, Etude House, Keds, Lapalette,…) တို့ရဲ့ ဖက်ရှင်မော်ဒယ်တစ်ယောက်အဖြစ်လဲရွေးချယ်ခံရသူဖြစ်ပါတယ်။

 

Source:mingalarbar

Read 1852 times
Rate this item
(1 Vote)