What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပွဲလယ်တင့်တဲ့ ဒိုင်ယာနာ့တူမ ကစ်တီ စပင်စာ

Kitty Spencer ဟာ ကွယ်လွန်သူ မင်းသမီး ဒိုင်ယာနာရဲ့ တူမဖြစ်ပြီး လက်ထပ်မင်္ဂလာပွဲကျင်းပတဲ့ ၀င်ဆာရဲတိုက်ကို စနေ့နေ့ မွန်းလွဲပိုင်းမှာ ရောက်ရှိလာတယ်။ သူ့ကို တွေ့ကြသူတိုင်း အံ့သြမင်သက်မိကြတယ်။
သူဘယ်သူမှန်း မသိကြသူတွေက သူ ဘယ်သူလဲ စပ်စုမိကြရတဲ့အထိပဲ။

 

kitty spencer 134kitty spencer3

Dolce & Gabbana ရဲ့ ပန်းပွင့်တွေ ဒီဇိုင်းခင်းကျင်းပေးထာတဲ့ စိမ်းမြမြအသွေး အစိမ်းရောင် ၀တ်စုံကို ခေါင်းမှာ Philip Treacy ရဲ့ ဦးဆောင်းနဲ့ တွဲထားတယ်။ ၀တ်စုံနဲ့ ဦးဆောင်း တို့က အရောင်တူ အသွေးတူ။

တကယ်ကို ထင်းထင်းပေါ်နေစေတဲ့ မြစိမ်းရောင် ၀တ်စုံနဲ့မို့ မြင်သူတိုင်း ကစ်တီ စပင်စာကို သတိပြုမိကြတယ်။ ဓာတ်ဖမ်းပြီး တွစ်တာမှာ တွိကြသူတွေလည်း များတယ်။ သူ့အ၀တ်အစားက နေ့စဉ် အလုပ်တက်ဆင်း ၀တ်ဆင်တဲ့စတိုင်လ်မျိုးဖြစ်နေတာကိုက မင်္ဂလာပွဲတက် ၀တ်စုံတွေကြားမှာ တစ်မျိုး ဆန်းနေတယ်။

ဒိုင်ယာနာ ယာဉ်တိုက်မှုဖြင့် ကွယ်လွန်ချိန်မှာ အသက် ၆ နှစ်သာ ရှိသေးပြီး ယခုအခါမှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ စပင်စာက အခုလို လူရှေ့သူရှေ့ လျှောက်လှမ်းဖို့ သွေးမကြောင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ သက်မွေးအလုပ်ကိုက အဲဒီလို ပွဲထွက်ရတဲ့ မော်ဒယ်တစ်ဦး ဖြစ်နေလို့ပါ။ သူရဲ့ မိခင်ဖြစ်သူ Catherine Victoria Aitken ကလည်း ထင်ရှားတဲ့ ဗြိတိသျှ မော်ဒယ်တစ်ဦး ဖြစ်လို့ မိခင်ခြေရာကို နင်းနိုင်တဲ့သူ ဖြစ်ပါတယ်။

kitty spencer

kitty spencer43kitty spencer 1

kitty spencer 12kitty spencer 134

 

Read 1121 times
Rate this item
(0 votes)