What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မီးပူတိုက်ခြင်း (ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း)

မီးပူတိုက်တဲ့ကဏ္ဍမှာ သုံးစွဲတဲ့ ကိရိယာတွေ ပရိဘောဂတွေကို Pressing equipment လို့ ခေါ်ဝေါ်ကြတယ်။

Pressing ဖိပေးတယ်လို့ ဆိုထားပေမဲ့ ဖိရုံနဲ့ မပြီးလောက်ဘူး။ အပူပေးပြီး ပြန့်သွားအောင် လုပ်တဲ့အခါ ဖိပေးရတာလည်း ရှိတယ်။ လေပူနဲ့ ရေနွေးငွေ့ သုံးပြီး လုပ်ကိုင်ရတာမျိုးလည်း ရှိတယ်။ လေဟာနယ် ဖြစ်အောင် ဖန်တီးပြီး လုပ်ပေးရတာမျိုးလည်း ရှိတယ်။ ဖက်ရှင်ထည်တွေ ဆန်းပြားလာတာနဲ့အမျှ မီးပူတိုက်တဲ့ကဏ္ဍဟာလည်း ရှုပ်ထွေးနက်နဲလာတယ်။ အဝတ်အထည်တစ်ခု အပြီးသတ်ချိန်မှာ ထိထိရောက်ရောက် လုပ်ကိုင်ပေးဖို့အတွက် ဆီလျော်တဲ့ ကိရိယာကို သုံးကြတယ်။ မီးပူရဲ့ အပူချိန်ကလည်း ဆီလျော်သင့်မြတ်တဲ့ အပူချိန်မှာ ဖြစ်နေရမယ်။ ဘယ်အချိန်မှာ ဘယ်လို ဖိပေးရမလဲဆိုတာကိုလည်း သိထားကြရတယ်။ အင်္ကျီလက်ရှည်ရဲ့ လက်တွေကို ပုံသွင်းတဲ့အခါ ဘယ်လို မီးပူတိုက်ပေးမလဲ။ ကောက်ကွေးဖောင်းကြွနေတဲ့ နေရာတွေကို ဘယ်လို ပုံဖော်ပေးမလဲ။ ဒေါက်ထည့်ထားတဲ့ နေရာတစ်ဝိုက်ကို ဘယ်လိုတိုက်ပေးလိုက်ရမလဲစတာတွေကို အတွေ့အကြုံတွေနဲ့တကွ သင်ယူထားကြရတယ်။

ခေါက်ရိုးကျိုးနေတဲ့ နေရာမျိုးကို ဖြေဖျောက်ဖို့အတွက် ပူဒီနာ ပင်စိမ်းရွက် စိမ်ထားတဲ့ ရေကို သုံးကြတယ်။ ဘောင်းဘီရှည်မှာ ခေါက်ရိုးအရာ ထင်းနေပြီး ဖျောက်ရခက်နေရင် ပူဒီနာ ပင်စိမ်းရွက် စိမ်ထားတဲ့ရေကို စုတ်တံ ဘရပ်ရှ်နဲ့ ခေါက်ရိုးရာတစ်လျှောက် စိုတယ်ဆိုရုံလေး အရင်စွတ်ပေးတယ်။ ပြီးမှ ရေနွေးငွေ့ မှုတ်ထုတ်ပေးတဲ့ မီးပူနဲ့ တိုက်ပေးလိုက်တယ်။ တချို့ကတော့ မီးပူထဲ ရေချည်းသက်သက်ကို မထည့်ဘဲ ပူဒီနာ ပင်စိမ်းရွက် စိမ်ထားတဲ့ ရေကို တန်းထည့်ပြီး အဲဒီရေကို ရေနွေးငွေ့အဖြစ် မှုတ်ထုတ်ပြီး မီးပူတိုက်တယ်။
ရေရှိတဲ့ ရေသန့်ဘူးထဲ ပူဒီနာ ပင်စိမ်းရွက် ထည့်၊ အဖုံးပိတ်၊ ဘူးကို နာနာလှုပ်၊ သုံးလေးမိနစ်လောက်လှုပ်၊ ပြီးရင် ရေခဲသေတ္တာ အောက်ခန်းထဲမှာ ရေမှာ အအေးဓာတ် ရောက်တဲ့အထိ ထားပေးပြီးရင် စသုံးလို့ ရပါပြီ။
မီးပူထဲ ရေအစား ပူဒီနာရေကို ထည့်သုံးပြီး တိုက်ရင် ထွက်လာတဲ့ ရေနွေးငွေ့မှာ ပါလာတဲ့ ဓာတ်တွေက အဝတ်ရဲ့ အသားထဲကို ရောက်သွားတယ်။ ခေါက်ရိုးကျိုးပြီး အရာထင်နေတာကို ဖြေဖျောက်ပေးတယ်။

ရေနွေးငွေ့ မှုတ်တဲ့ မီးပူ steam iron ကို သုံးတဲ့အခါ လုံလောက်တဲ့ အပူချိန် ရောက်တဲ့အထိ စောင့်ဖို့ လိုမယ်။ သိပ်မပူသေးခင် သုံးရင် ရေစက်တွေ ထွက်ကျလာတာမျိုး ဖြစ်တတ်တယ်။
အရင်တုန်းက တစ်ခါမှ မတိုက်ဖူးသေးတဲ့ အထည်သားမျိုးကို စတိုက်တော့မယ်ဆိုရင် အထည်သားရဲ့ အစွန်နားကို အစမ်းတိုက်ကြည့်ပြီး ရေနွေးငွေ့ သုံးဖို့ လိုမလို သိနိုင်မယ်။ ဘယ်လိုနည်းနဲ့ တိုက်ရင် အဆင်ပြေမလဲ သိနိုင်မယ်။
အထည်စတစ်ခုကို ဖြတ်တောက်မယ်ဆိုရင်လည်း မီးပူတစ်ကြော အရင်တိုက်သင့်တယ်။
မီးပူတိုက်တဲ့အခါ အတွင်းဘက်မှာ ထားရမယ့်ဘက်ကို တိုက်ရမယ်။ အဲလိုတိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတော့မှ အချောဘက်မှာ တိုက်ရမယ်။ အဲဒီအခါ ကြားမှာ အဝတ်စ တစ်လွှာဖြန့်ခင်း ကြားခံအဖြစ် ထားပြီး တိုက်သင့်တယ်။ အဲဒီလို ကြားခံအဝတ်စကို ဒီဇိုင်နာရဲ့ စတူဒီယိုမှာ ဆောင်ထားသင့်တယ်။

မီးပူရဲ့ ဦးချွန်က ချည်ပြေးထားတဲ့လိုင်းအတိုင်း ရွေ့ရင်း ဖိတိုက်သွားရမယ်။
အထည်သားရဲ့ အစွန်ကို လက်နဲ့ ကိုင်ပြီး ဆွဲဆန့်ပေးထားတာ မလုပ်သင့်ဘူး။ ဆန့်ထွက်နေတဲ့ အနေအထားအတိုင်း ဆက်လက်တည်တံ့နေပြီး အဝတ်အစား ပုံပျက်အောင် ပုံသွင်းပေးနေသလို ဖြစ်နေတတ်တယ်။ ပင်အပ်နဲ့ ယာယီတွဲထားတုန်းမှာ မီးပူတိုက်ရင် ပင်အပ် ရှိတဲ့နေရာအပေါ် မီးပူ မရောက်စေနဲ့။ အထည်သားမှာ အရာထင်ကျန်ရစ်တတ်တယ်။
ထပ်တွန့်တွေ၊ ခေါက်တွန့်တွေ ပါရင် နောက်ဆုံးဘိတ် သေချာပြီ ဆိုတော့မှ မီးပူဖိပေးပြီး ခေါက်ရိုးရာ ပေးတာကို လုပ်ပါ။ တစ်ကြိမ်တစ်ခါ အရာပေးပြီးရင် မှားနေလို့ ပြန်ပြင်ချင်တယ်ဆိုရင် ပြန်ဖယ်ရှားဖို့ ခက်လိမ့်မယ်။
ဖက်ရှင်ဒီဇိုင်းတစ်ထည်ကို ချုပ်လုပ်တဲ့အခါ လိုအပ်တိုင်း မီးပူတိုက်ဖို့ လုံ့လစိုက်ပါ။ အထူးသဖြင့် ကိုယ်တိုင်းနဲ့ အတိအကျ ဒီဇိုင်းထုတ် ချုပ်လုပ်ပေးရတဲ့အခါမျိုးမှာ မီးပူတိုက်တာကို လိုအပ်တိုင်း လုပ်ကိုင်ပေးပါလို့ တိုက်တွန်းပါရစေ။

zaegyi

မီးပူတုိက္တဲ့က႑မွာ သုံးစြဲတဲ့ ကိရိယာေတြ ပရိေဘာဂေတြကုိ Pressing equipment လုိ႔ ေခၚေ၀ၚၾကတယ္။

Pressing ဖိေပးတယ္လုိ႔ ဆုိထားေပမဲ့ ဖိရုံနဲ႔ မၿပီးေလာက္ဘူး။ အပူေပးၿပီး ျပန္႔သြားေအာင္ လုပ္တဲ့အခါ ဖိေပးရတာလည္း ရွိတယ္။ ေလပူနဲ႔ ေရေႏြးေငြ႕ သုံးၿပီး လုပ္ကုိင္ရတာမ်ဳိးလည္း ရွိတယ္။ ေလဟာနယ္ ျဖစ္ေအာင္ ဖန္တီးၿပီး လုပ္ေပးရတာမ်ဳိးလည္း ရွိတယ္။ ဖက္ရွင္ထည္ေတြ ဆန္းျပားလာတာနဲ႔အမွ် မီးပူတုိက္တဲ့က႑ဟာလည္း ရႈပ္ေထြးနက္နဲလာတယ္။ အ၀တ္အထည္တစ္ခု အၿပီးသတ္ခ်ိန္မွာ ထိထိေရာက္ေရာက္ လုပ္ကုိင္ေပးဖုိ႔အတြက္ ဆီေလ်ာ္တဲ့ ကိရိယာကုိ သုံးၾကတယ္။ မီးပူရဲ႕ အပူခ်ိန္ကလည္း ဆီေလ်ာ္သင့္ျမတ္တဲ့ အပူခ်ိန္မွာ ျဖစ္ေနရမယ္။ ဘယ္အခ်ိန္မွာ ဘယ္လုိ ဖိေပးရမလဲဆုိတာကုိလည္း သိထားၾကရတယ္။ အက်ႌလက္ရွည္ရဲ႕ လက္ေတြကုိ ပုံသြင္းတဲ့အခါ ဘယ္လုိ မီးပူတုိက္ေပးမလဲ။ ေကာက္ေကြးေဖာင္းၾကြေနတဲ့ ေနရာေတြကုိ ဘယ္လုိ ပုံေဖာ္ေပးမလဲ။ ေဒါက္ထည့္ထားတဲ့ ေနရာတစ္၀ုိက္ကုိ ဘယ္လုိတုိက္ေပးလုိက္ရမလဲစတာေတြကုိ အေတြ႕အႀကံဳေတြနဲ႔တကြ သင္ယူထားၾကရတယ္။

ေခါက္႐ုိးက်ဳိးေနတဲ့ ေနရာမ်ဳိးကုိ ေျဖေဖ်ာက္ဖုိ႔အတြက္ ပူဒီနာ ပင္စိမ္းရြက္ စိမ္ထားတဲ့ ေရကုိ သုံးၾကတယ္။ ေဘာင္းဘီရွည္မွာ ေခါက္ရုိးအရာ ထင္းေနၿပီး ေဖ်ာက္ရခက္ေနရင္ ပူဒီနာ ပင္စိမ္းရြက္ စိမ္ထားတဲ့ေရကုိ စုတ္တံ ဘရပ္ရွ္နဲ႔ ေခါက္ရုိးရာတစ္ေလွ်ာက္ စုိတယ္ဆုိရုံေလး အရင္စြတ္ေပးတယ္။ ၿပီးမွ ေရေႏြးေငြ႕ မႈတ္ထုတ္ေပးတဲ့ မီးပူနဲ႔ တုိက္ေပးလုိက္တယ္။ တခ်ဳိ႕ကေတာ့ မီးပူထဲ ေရခ်ည္းသက္သက္ကုိ မထည့္ဘဲ ပူဒီနာ ပင္စိမ္းရြက္ စိမ္ထားတဲ့ ေရကုိ တန္းထည့္ၿပီး အဲဒီေရကုိ ေရေႏြးေငြ႕အျဖစ္ မႈတ္ထုတ္ၿပီး မီးပူတုိက္တယ္။
ေရရွိတဲ့ ေရသန္႔ဘူးထဲ ပူဒီနာ ပင္စိမ္းရြက္ ထည့္၊ အဖုံးပိတ္၊ ဘူးကုိ နာနာလႈပ္၊ သုံးေလးမိနစ္ေလာက္လႈပ္၊ ၿပီးရင္ ေရခဲေသတၱာ ေအာက္ခန္းထဲမွာ ေရမွာ အေအးဓာတ္ ေရာက္တဲ့အထိ ထားေပးၿပီးရင္ စသုံးလုိ႔ ရပါၿပီ။
မီးပူထဲ ေရအစား ပူဒီနာေရကုိ ထည့္သုံးၿပီး တုိက္ရင္ ထြက္လာတဲ့ ေရေႏြးေငြ႕မွာ ပါလာတဲ့ ဓာတ္ေတြက အ၀တ္ရဲ႕ အသားထဲကုိ ေရာက္သြားတယ္။ ေခါက္ရုိးက်ဳိးၿပီး အရာထင္ေနတာကုိ ေျဖေဖ်ာက္ေပးတယ္။

ေရေႏြးေငြ႕ မႈတ္တဲ့ မီးပူ steam iron ကုိ သုံးတဲ့အခါ လုံေလာက္တဲ့ အပူခ်ိန္ ေရာက္တဲ့အထိ ေစာင့္ဖုိ႔ လုိမယ္။ သိပ္မပူေသးခင္ သုံးရင္ ေရစက္ေတြ ထြက္က်လာတာမ်ဳိး ျဖစ္တတ္တယ္။
အရင္တုန္းက တစ္ခါမွ မတုိက္ဖူးေသးတဲ့ အထည္သားမ်ဳိးကုိ စတုိက္ေတာ့မယ္ဆုိရင္ အထည္သားရဲ႕ အစြန္နားကုိ အစမ္းတုိက္ၾကည့္ၿပီး ေရေႏြးေငြ႕ သုံးဖုိ႔ လုိမလုိ သိႏုိင္မယ္။ ဘယ္လုိနည္းနဲ႔ တုိက္ရင္ အဆင္ေျပမလဲ သိႏုိင္မယ္။
အထည္စတစ္ခုကုိ ျဖတ္ေတာက္မယ္ဆုိရင္လည္း မီးပူတစ္ေၾကာ အရင္တုိက္သင့္တယ္။
မီးပူတုိက္တဲ့အခါ အတြင္းဘက္မွာ ထားရမယ့္ဘက္ကုိ တုိက္ရမယ္။ အဲလုိတုိက္ဖုိ႔ မျဖစ္ႏုိင္ဘူးဆုိေတာ့မွ အေခ်ာဘက္မွာ တုိက္ရမယ္။ အဲဒီအခါ ၾကားမွာ အ၀တ္စ တစ္လႊာျဖန္႔ခင္း ၾကားခံအျဖစ္ ထားၿပီး တုိက္သင့္တယ္။ အဲဒီလုိ ၾကားခံအ၀တ္စကုိ ဒီဇုိင္နာရဲ႕ စတူဒီယုိမွာ ေဆာင္ထားသင့္တယ္။

မီးပူရဲ႕ ဦးခၽြန္က ခ်ည္ေျပးထားတဲ့လုိင္းအတုိင္း ေရြ႕ရင္း ဖိတုိက္သြားရမယ္။
အထည္သားရဲ႕ အစြန္ကုိ လက္နဲ႔ ကိုင္ၿပီး ဆြဲဆန္႔ေပးထားတာ မလုပ္သင့္ဘူး။ ဆန္႔ထြက္ေနတဲ့ အေနအထားအတုိင္း ဆက္လက္တည္တံ့ေနၿပီး အ၀တ္အစား ပုံပ်က္ေအာင္ ပုံသြင္းေပးေနသလုိ ျဖစ္ေနတတ္တယ္။ ပင္အပ္နဲ႔ ယာယီတြဲထားတုန္းမွာ မီးပူတုိက္ရင္ ပင္အပ္ ရွိတဲ့ေနရာအေပၚ မီးပူ မေရာက္ေစနဲ႔။ အထည္သားမွာ အရာထင္က်န္ရစ္တတ္တယ္။
ထပ္တြန္႔ေတြ၊ ေခါက္တြန္႔ေတြ ပါရင္ ေနာက္ဆုံးဘိတ္ ေသခ်ာၿပီ ဆုိေတာ့မွ မီးပူဖိေပးၿပီး ေခါက္ရုိးရာ ေပးတာကုိ လုပ္ပါ။ တစ္ႀကိမ္တစ္ခါ အရာေပးၿပီးရင္ မွားေနလုိ႔ ျပန္ျပင္ခ်င္တယ္ဆုိရင္ ျပန္ဖယ္ရွားဖုိ႔ ခက္လိမ့္မယ္။
ဖက္ရွင္ဒီဇုိင္းတစ္ထည္ကုိ ခ်ဳပ္လုပ္တဲ့အခါ လုိအပ္တုိင္း မီးပူတုိက္ဖုိ႔ လုံ႔လစုိက္ပါ။ အထူးသျဖင့္ ကုိယ္တုိင္းနဲ႔ အတိအက် ဒီဇုိင္းထုတ္ ခ်ဳပ္လုပ္ေပးရတဲ့အခါမ်ဳိးမွာ မီးပူတုိက္တာကုိ လုိအပ္တုိင္း လုပ္ကုိင္ေပးပါလုိ႔ တုိက္တြန္းပါရေစ။

Read 3314 times
Rate this item
(1 Vote)