ဒီနေ့မှာ Textileကနေသားရေဘောင်းဘီကြိုးချုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်
ကိုယ်တိုင်း
၁။ ခါး
၂။ တင်ကျ
၃။ တင်
၎။ ပေါင်ရင်း
၅။ ပေါင်
၆။ ဒူးကျ
၇။ ဒူးပတ်လည်
၈။ အရှည်
၉။ ခြေဝ
၁၀။ ရှေ့ဂွ
၁၁။ နောက်ဂွ
၁၂။ ပတ်လည်ဂွ
၁၃။ တွင်းဂွ
၁။လုပ်ဆောင်ချက်
ဘောင်းဘီ အရှည်ကို စဆွဲရမှာ
အောက်နားခေါက်စာ ၁လက်မ ဘေးချုပ်ရိုးက ၁လက်မ
၂။လုပ်ဆောင်ချက် တင်ကျမျဉ်းဆွဲမယ် ဂွစာတိုးမယ် အတွင်းချုပ်ကြောင်း ရှေ့ခြမ်းဆွဲမယ်
၃။လုပ်ဆောင်ချက်(၃)က ပေါင်လယ်မျဉ်းဖြောင့်ဆွဲယူမယ်။
၎။လုပ်ဆောင်ချက်(၄)က ပေါင်လယ်မျဉ်းဖြောင်ကို အလယ်ထားပြီ ခြေဝကို မှတ်ယူပါ။
၅။လုပ်ဆောင်ချက်(၅)က ခြေဝနဲ့တင်မျဉ်းနဲ့ ဆက်ဆွဲယူပါ။
၆။လုပ်ဆောင်ချက်(၆)က ခြေဝနဲ့တင်မျဉ်းနဲ့ ဆက်ဆွဲယူပြီးတော့ ချုပ်စာထပ်တိုင်းရတော့မယ်။
(၇)လုပ်ဆောင်ချက်(၇)က ဗိုက်မျဉ်းရှာရမယ် ရှေ့ဂွက ဗိုက်မျဉ်းကစကွေးတာလေ။ရှေ့ဂွကို ချုပ်စာတိုးရမယ်၊ ဒါဆိုရှေ့ခြမ်းရပြီ။
ရှေ့ခြမ်းရပြီ
ရှေ့ခြမ်းကို အခြေခံပြီး ပေါင်အလိုက်တိုင်းဘေးမျဉ်းကို ဆွဲယူပါ။
ပေါင်အလိုက်မျဉ်း
ရှေ့ခြမ်းထက်စောင်းထွက်လာသလောက် ရှေ့ဂွဖက်ကလဲ အတွင်းဖက်အချိုးတူမှတ်ယူပါ။
နောက်ဂွက ရှေ့ဂွထက်၃.၅လက်မ ပိုကျယ်ရတာကလဲ နောက်တင်ဆိုင်မြင့်တတ်မှုကြောင့်ပဲ။
ခြေဝက ၁လက်မ
နောက်ခြမ်းပြီးပါပြီ
ရှေ့ခြမ်းနောက်ခြမ်း ရပြီ။ အခြေခံသားရေကြိုး ဘောင်းဘီက အချက်အလက်သိပ်မများသေးပါဘူး။ နားလည်လွယ်မှာပါ။တင်နဲ့ချိုးယူတာဆိုတော့ ၁။တင် ၂။အရှည် ၃။ခြေဝ ဒီ၃ချက်ထဲနဲ့တင် ညှပ်ရပါပြီ။
အားလုံးအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင့်။ Textileကနေ စက်ချုပ်နည်းတွေကို အင်္ဂါ၊ကြာသပတေး၊စနေနေ့ မနက်၉နာရီတွေမှာ အသစ်တင်ပေးပါမယ်ရှင့်။
Source: ကြယ်စင်မောင်နှမ
Myanmar Textile and Garment Directory