What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အက်ႌ ကော်လံ ဒီဇိုင်းဆန်း Pattern

အင်္ကျီ ကော်လံ ဒီဇိုင်းဆန်း Pattern google

ဒီနေ့မှာတော့ Textile ပရိသတ် တစ်ယောက် တင်ပေးဖို့ တောင်းဆိုထားတဲ့ အင်္ကျီ ကော်လံ ဒီဇိုင်းဆန်း လေးရဲ့ Pattern ကို မျှဝေပေးမှာ ဖြစ်ပါတယ်။

 (၁) မိမိ အသုံးပြုနေကျ Pattern ကိုပဲ အသုံးပြုပေးပါ။

2

 

(၂) ထို့နောက် ရှေ့/နောက် ပုခုံးကို ပူးထားပြီး လက်ဝတွင် 3 cm ထပ်ထားပေးပါ။

3

 

(၃) 1.2 သည် 3 cm ယူပြီး 3 နဲ့ 4 ကို 0.5 cm (Or) 1 cm ချပေးပြီးပါက နောက်ခြမ်းလည်ပင်း ဝိုက်ပေးပါ။

4

 

(၄) 5 နဲ့ 6 onf 9 cm မှ 12 cm အထိ ယူပြီး 4, 2, 6 သို့ ဝိုက်ပေးပါ။

5

 

(၅) 4 နဲ့ 8 သို့  7 cm မှတ်ပြီး 2 နဲ့ 9 သို့ 7 cm ချပေးပါ။ 9 နဲ့ 10 သည် 4 cm မှ 6 cm အထိ မှတ်ထားပေးပါ။ 9 နဲ့ 12 သည် 6 cm (or) 7 cm ယူပြီး ပုံပါအတိုင်း မှတ်ပေးပါ။

6

 

(၆) 10 မှ 11 သည် 9 cm (Or) 10 ယူပြီးရင် ပုံအတိုင်း ကော်လံပုံ ဆွဲပေးပါ။

7

 

(၇) ထို့နောက် 10, 11, 8, 4, 2 အစဉ်အတိုင်း အပေါ်ပိုင်းကော်လံကို သီးသန့် ကူးထုတ်ပေးပါ။

8

 

(၈) သီးသန့် ရလာသော အပေါ်ပိုင်းကော်လံမှ 4 မှ (က) သို့ 1.5 cm (Or) 2 cm ယူပေးပြီး ပုံအတိုင်း 10 သို့ ဝိုက်ချပေးပါ။

9

 

(၉) ထို့နောက် မူရင်း 10, 2, 4 အရကို တိုင်းပြီး 10 မှ (က) သို့ အရကို တိုင်းကြည့်ပါ။ ညီမျှမှု ရှိပါသလား။ မရှိခဲ့ပါက ပုံပါအတိုင်း မြှားချပေးပါ။

10

 

(၁၀) ထိုနေရာကို ညှပ်ပြီး မူလ 10, 2, 8 အရအတိုင်း ပြန်ရအောင် ဟထားပေးပါ။

11

 

(၁၁) အပေါ်ပိုင်း ကော်လံ ရပါပြီ။

12

 

(၁၂) အောက်ပိုင်း ကော်လံက ကိုယ်ထည်နဲ့ အပြီးတွဲနေပါသဖြင့် 9, 6 မျဉ်းကို ခေါက်ပြီး မျဉ်းအမဲရောင်အတိုင်း ကူထုပ်ပေးပါ။

13

 

(၁၃) ကိုယ်ထည် အောက်ပိုင်း ဒီဇိုင်းသည် ပြထားသော မျဉ်းနီ အမဲရောင်အတိုင်း ကူးယူပေးရန်

14

 

(၁၄) ကူထုပ်ပြထားသောပုံ

15

 

(၁၅) ထပ်ပြီး ပူးကြည့်သောအခါ နောက်ဆုံးပုံလေး ရပါပြီ။

16

အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်ရှင်။ Myanmar Textile and Garment Directory Facebook Page ကနေ စက်ချုပ်နည်းတွေနဲ့ ပတ်သက်တဲ့ Training လေးတွေကို ပုံမှန် ညနေ ၅ နာရီခွဲမှာ ပုံမှန်တင်ပေးသွားပါမယ်နော်။

Related Article: ကော်လာ ညှပ်နည်းအစုံ

Source: ခွန် မြတ် မင်း ခန့်

Read 4846 times
Rate this item
(2 votes)
Tagged under