What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင် စကက်ရှ် Fashion Sketch အကြောင်း

ဖက်ရှင်တစ်ထည်ကို ဖန်တီးတော့ ပုံကြမ်းတွေ၊ ပုံအလှတွေ ဆွဲကြရတယ်။ အခြေခံအားဖြင့် ပုံတွေကို သုံးမျိုးခွဲထားတယ်။

ဖလက်စကက်ရှ် Flat Sketch
ဖက်ရှင် စကက်ရှ် Fashion Sketch
ဖက်ရှင် သရုပ်ဖော်ပုံ Fashion Illustration

ဖလက်စကက်ရှ် Flat Sketch အကြောင်းကို ယခင်က ရေးသားပေးပို့ပြီးပါပြီ။


ရုပ်လုံးကြွအဖြစ် ဖော်ပြခြင်း မဟုတ်ဘဲ ပြားချပ်ချပ် flat ဖြင့် ပုံခြစ်ပြထားတာမို့ flat sketch လို့ အမည်တွင်တယ်လို့ မှတ်သားဖူးပါတယ်။

အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။

Flat Sketch အကြောင်း
http://www.textiledirectory.com.mm/articles/item/957-about-flat-sketch.html

 

ဖက်ရှင် စကက်ရှ် Fashion Sketch ကတော့ ကိုယ်ဖန်တီးထားတဲ့ဖက်ရှင်ကို ရှေ့ဆက်လုပ်ကိုင်ဖို့ သူတစ်ပါးကို ပြသတဲ့အခါ ဆွဲဆောင်မှု အပြည့်ဖြင့် ပုံဆွဲပြထားတာ ဖြစ်ပါတယ်။ ဖက်ရှင်အရုပ်ပုံ fashion sketchနဲ့ ပတ်သက်လို့ ဆိုရိုးစကား ရှိထားတာက
ဒီဇိုင်းထုတ်ထားတဲ့ ဖက်ရှင်တစ်ခုကို ဒေါ်လာတစ်သန်း တန်တဲ့ဟာလို့ မြင်အောင် ရေးဆွဲပြထားတာ ဖြစ်ပါတယ်။ ဒီဟာကို ထုတ်လုပ်ရောင်းချလိုက်ရင် ဒေါ်လာတစ်သန်းဖိုးတော့ ရောင်းရပြီလို့ ထင်မြင်မိအောင် ဆွဲပြမှ ငွေရင်းစိုက်ထုတ် လုပ်ကိုင်မယ့်သူက စိတ်ပါမယ်။

တတိယတစ်ခုဖြစ်တဲ့ ဖက်ရှင် သရုပ်ဖော်ပုံ Fashion Illustration ကတော့ ဖက်ရှင်ဒီဇိုင်နာမှာ တာဝန် မရှိဘူး။ ဖက်ရှင်စကက်ကို ဆွဲပြပြီးရင် တာဝန်ကျေပါပြီ။ စေတနာရှိလို့ ဆွဲတတ်လို့ ဆွဲပေးချင်ရင်တော့ ဆွဲပေးလို့ ရပါတယ်။ ဆွဲပေးရမယ်လို့တော့ တာဝန် မရှိပါဘူး။


ဖက်ရှင်စကက်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဒီဇိုင်းကို အသေးစိတ် ပြောပြဖို့ ဖြစ်ပါတယ်။ ဖက်ရှင်ရဲ့ သုခုမအနုလက်ရာကို ဖော်ကျူးဖို့ မဟုတ်ဘူး။ ဒါပေမဲ့ ကြည့်ပျော်ရှုပျော် ဖြစ်နေအောင် အလန်းစားဆွဲဖို့တော့ လိုမယ်။ လှပနေရမယ်။ အရောင်တွေလည်း ဖြည့်ပေးထားရမယ်။ အရိပ်တွေလည်း ထည့်ဆွဲပေးရတယ်။ ၀တ်ထားတဲ့မော်ဒယ်ကလည်း ချစ်စရာလေး ဖြစ်နေရမယ်။ အကျည်းတန်လို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ အဲဒါတွေတစ်ခုမှ ဖက်ရှင်စကက်ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။
အဲဒီအလန်းစားပုံမှာ အတတ်ပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို ပြောပြပေးထားတယ်။ ဒီဇိုင်းမှာ ထည့်ထားတဲ့ ဒေါက်တွေ၊ အပိုင်းတွေ ထိစပ်တဲ့နေရာတွေ၊ ခွဲထားတဲ့နေရာတွေကို မှန်မှန်ကန်ကန်ဖြင့် ရေးဆွဲပြထားရမယ်။
နောက်တစ်ချက် ထည့်သွင်းဖော်ပြပေးတာက အရောင်ပေါင်းစပ်မှု။

 

sketch example 450x636
ဖက်ရှင်တိုက်တွေက အ၀တ်အစားကို မရောင်းဘူး။ အ၀တ်အစားရဲ့ စတိုင်လ်ကို ရောင်းနေကြတာ ဖြစ်ပါတယ်။ စတို်င်လ်မှာ ပုံဆန်းအရ ရောင်းချတဲ့အခါ အရောင်ကို ရောင်းချတာ ဖြစ်နေတယ်။ ဒီတော့ ဖက်ရှင်ဒီဇိုင်းမှာ အရောင်ဘယ်လို ရှိမလဲ ဖော်ပြပေးထားကြတယ်။ ဒီဇိုင်းတစ်ခုတည်းကိုပဲ အနီရောင်နဲ့ဆို ဘယ်လိုနေမလဲ။ အ၀ါရောင်နဲ့ဆို ဘယ်လိုနေမလဲ စသဖြင့် အရောင်မူကွဲတွေနဲ့ စဉ်းစားပြထားတယ်။
အဲဒါက အဆုံးသတ်နေရာမှာ ၀ယ်ယူသူက ၀ယ်ယူဝတ်ဆင်တာနဲ့ အပြီးသတ်တာမို့ ၀ယ်ယူသူတွေရဲ့ အပြုအမှုတွေအရ ဖက်ရှင်တိုက်တွေက ဒီဇိုင်းတစ်မျိုးထုတ်ပြီးရင် အရောင်မူကွဲတွေနဲ့ ထုတ်လုပ်ဖြန့်ဖြူးတယ်။ ဥပမာ အနီရောင်ဝတ်ရင် ကံကောင်းတယ်လို့ ယုံတဲ့သူက အနီရောင်ကို ဦးစားပေးရွေးမယ်။ အ၀ါရောင်က သူ့အသားအရောင်နဲ့ လိုက်ဖက်တယ်လို့ ယူဆတဲ့သူက အ၀ါရောင်ကို ဦးစားပေး ရွေးချယ်မယ်။ အဲဒီအချက်တွေကို ဖြည့်ဆည်းပေးမှ ရောင်းအားတက်မယ်။ ဒီတော့ အစပိုင်းမှာကတည်းက ဖက်ရှင်ရဲ့ အရောင်ကို ထည့်စဉ်းစားကြည့်ကြတယ်။
နောက်တစ်ချက်က ဖက်ရှင်တစ်ထည် ထုတ်လုပ်ရင် တွဲဖက်ရောင်းချစရာတွေကို ရှိအောင် လုပ်ထားပြီး ရောင်းချကြတယ်။ ဒီတော့ ဘယ်လိုဆံပင်အရောင်မျိုးနဲ့ဆိုရင် ဘယ်လိုနေမလဲ။ ဘယ်လို လက်ပွေ့အိတ်နဲ့ဆိုရင် လိုက်ဖက်မလား စတာတွေ ထည့်စဉ်းစားလေ့ရှိတယ်။ ဒီတော့ ဖက်ရှင်စကက်မှာ ဆံကေသာ၊ တွဲဖက်ပစ္စည်း စတာတွေနဲ့ ဘယ်လို စတိုင်လ်ဖမ်းမလဲဆိုတာ စဉ်းစားကြည့်လို့ရအောင် ဆွဲပြထားလေ့ ရှိပါတယ်။

အချိန်ကို သက်သာအောင် လုပ်ကြရတဲ့အခါ အင်တာနက်တက်ပြီး ကိုယ့်ဖက်ရှင်ဒီဇိုင်း ၀တ်ပေးလိုက်ဖို့ သင့်တော်မယ့် ကောက်ကြောင်း ပုံကြမ်းကို ရယူပြီး ရေးဆွဲကြလေ့ရှိပါတယ်။
ပေးထားတဲ့လင့်မှာ ကြည့်ရှုလေ့လာလို့ ရတဲ့အပြင် ပုံတွေလည်း ဒေါင်းယူလို့ရပါတယ်။

http://www.idrawfashion.com/croquis/all-free-fashion-templates/

 

အခုလို ဖော်ပြလိုက်လို့ ဒီဝက်ဘ်ဆိုက်ပဲ ကောင်းတယ်လို့ မဆိုလိုပါဘူး။ နမူနာအဖြစ် အလွယ်တကူကြည့်ဖို့ ညွှန်းလိုက်တာပါ။

Capture 1

ကိုက်ညီမယ့်ပုံကို
ရွေးချယ် ဒေါင်းယူပြီး
ဖက်ရှင်စကက်အဖြစ်
ရေးဆွဲနိုင်ပါတယ်

 

Figure Template 36

Capture2

fashion illustration ကတော့ အတတ်ပညာပိုင်း အသေးစိတ် ဖော်ပြပေးဖို့ထက် ပျော်စရာကောင်းအောင် ဆွဲပြဖို့ ပိုအရေးပါတယ်။ အခုပြောနေတဲ့ ပုံသုံးမျိုးကို ညီအစ်မတွေလို့ စဉ်းစားကြည့်ရင် fashion illustration က အစ်မ အကြီးဆုံးပါ။ အစ်မကြီး အမိအရာ ဆိုတဲ့အတိုင်း ပွဲထွက်မယ့်ပုံ ဖြစ်ပါတယ်။ ကြော်ငြာပုံတွေအဖြစ် အသုံးတော်ခံမှာ ဖြစ်ပါတယ်။


Author မြဧကရီမွှန်း

Read 2871 times
Rate this item
(0 votes)